၁၁-၁-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Goal

ရီးယဲလ် ။        ။ ရီးယဲလ်အသင်းဟာ ဘရာဇီးကလပ် ဖလာမင်ဂိုအသင်းရဲ့ လူငယ်တိုက်စစ်မှူး ရိန်နီယာ ဂျီးဆပ် ကို ယူရို (၃၅)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း Sky Italia က ဖော်ပြပါတယ်။ အသက် (၁၇)နှစ်အရွယ် တိုက်စစ်မှူးဟာ ဖလာမင်ဂိုအသင်းအတွက် ဒီရာသီမှာ (၆)ဂိုး သွင်းထားနိုင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာ ဆေးစစ်မှု အောင်မြင်သွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

နယူးကာဆယ် ။ ။ နယူးကာဆယ်အသင်းဟာ တိုက်စစ်မှူး ဒွိုက်ဂိုင်းလ် အတွက် ပေါင်သန်း(၂၀)ရဖို့ မျှော်လင့်ထားတယ်လို့ Daily Mail က ဖော်ပြပါတယ်။ အသက် (၂၉)နှစ်အရွယ် တိုက်စစ်မှူးကို ၀က်စ်ဘရွန်းအသင်းက ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပြီး နယူးကာဆယ် က ဂိုင်းလ်အတွက် ဈေးသတ်မှတ်ပေးလိုက်တာပါ။

အဲဗာတန် ။      ။ အဲဗာတန်အသင်းဟာ ဘရာဇီးကလပ် ဂရီမီယိုအသင်းရဲ့ တိုက်စစ်မှူး အဲဗာတန် ဆိုအာရက်စ် ကိုခေါ်ဖို့ ပေါင်(၂၅)သန်းနဲ့ ကမ်းလှမ်းလိုက်ပါတယ်။ ESPN ရဲ့ ဖော်ပြချက်အရ အဲဗာတန်နည်းပြ အန်ဆယ်လော့တီ ဟာ အသက် (၂၃)နှစ်အရွယ် တိုက်စစ်မှူးလေးကို ခေါ်ယူဖို့ ဆန္ဒရှိနေခဲ့ပြီး အသင်းရဲ့ တိုက်စစ်မှာ ဘရာဇီးအသင်းဖော် ရစ်ချာလီဆင် နဲ့ တွဲဖက် ကစားစေဖို့ မျှော်လင့်နေတာပါ။

ဒိုင်အုပ် ။         ။ ၀က်စ်ဟမ်းအသင်း ဗဟိုနောက်ခံလူ ဒိုင်အုပ် ကို ခေါ်ယူဖို့ ကြိုးစားနေမှုမှာ ချယ်လ်ဆီးနဲ့အတူ မန်ယူလည်း အပြိုင်ဖြစ်လာခဲ့ပြီလို့ TheSun က ဖော်ပြပါတယ်။ အသက် (၂၃)နှစ်အရွယ် နောက်ခံလူ ကို ချယ်လ်ဆီးအသင်းက ပေါင်သန်း(၄၀)နဲ့ခေါ်ယူဖို့ ကြိုးစားနေချိန်မှာ မန်ယူအသင်းကလည်း ဆွေးနွေးမှုတွေ စတင်လာတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။

READ
၈-၆-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဗီဒယ် ။ ။ ဘာစီလိုနာအသင်းကနေ ကွင်းလယ်လူ ဗီဒယ် ထွက်ခွာမှုဟာ နည်းပြ ဗယ်လ်ဗာဒီ ထုတ်ပယ်ခံရမှုပေါ်မှာ မူတည်နေတယ်လို့ Marca က ရေးသားပါတယ်။ ရာထူးကနေ ထုတ်ပယ်ခံရဖို့ ရက်ပိုင်းသာ လိုတော့တယ်လို့ သတင်းတွေ ထွက်နေခဲ့တဲ့ ဗယ်လ်ဗာဒီကြောင့် ဘာစီလိုနာ ကစားသမားတွေရဲ့ အခြေအနေတွေလည်း မတည်မငြိမ်ဖြစ်နေကြပြီး ဗယိလ်ဗာဒီသာ ထုတ်ပယ်ခံရရင် အသင်းကနေ ထွက်ခွာမယ့် ကစားသမားတွေထဲမှာ ဗီဒယ်လ်လည်း ပါဝင်နေတယ်လို့ Marca က ဖော်ပြပါတယ်။

ကန်တီ ။         ။ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ကန်တီ ဟာ စိန်ခေါ်မှုအသစ်တွေ ရှာဖွေဖို့အတွက် ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ကစားချင်နေကြောင်း TheSun က ဖော်ပြပါတယ်။ ကွင်းလယ်ခံစစ်ကို အကောင်းဆုံး ကစားနိုင်တဲ့ ကန်တီ အတွက် ရီးယဲလ်က ပေါင်သန်း(၁၀၀)နီးပါး သုံးဖို့ အဆင်သင့်ဖြစ်နေပြီး ဘိုင်ယန်နဲ့ ဂျူဗင်တပ်စ်အသင်းတို့ကလည်း ဒီကစားသမားကို စောင့်ကြည့်နေကြတယ်လို့ TheSun က ဖော်ပြပါတယ်။

READ
၆-၁၁-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source: TheSun , Goal , Marca

SHARE