၁၂-၁-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Goal

ကွန်တီ ။         ။ အင်တာမီလန်အသင်းနည်းပြ ကွန်တီ က မန်ယူအသင်းကနေ အငှားနဲ့ ခေါ်ယူထားခဲ့တိုက်စစ်မှူး ဆန်းချက်ဇ်ကို အသုံးမပြုခြင်းဟာ ကစားသမားရဲ့ ကြံ့ခိုင်မှုကြောင့်သာ ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ အတ္တလန္တာအသင်းနဲ့ ကစားခဲ့တဲ့ မနေ့ညက ပွဲစဉ်မှာ ဆန်းချက်ဇ်အနေနဲ့ အရန်စာရင်းထဲမှာ ပါဝင်ခဲ့ပေမယ့်လည်း ကွန်တီကတော့ ဒီကစားသမားကို လူစားဝင်ကစားစေခဲ့ခြင်းမရှိပါဘူး။ ပွဲအပြီးမှာတော့ ကွန်တီက သူ့အနေနဲ့ ဆန်းချက်ဇ်သာ အသင့်အနေအထားရှိနေမယ်ဆိုရင် ၀င်ရောက်ကစားစေမှာဖြစ်ကြောင်းနဲ့သူဟာ အရူးတစ်ယောက်မဟုတ်ကြောင်း မီဒီယာတွေကိုပြောဆိုသွားခဲ့ပါတယ်။

 

မက်ဗ်ရိုပါနော့စ် ။         ။ ဂျာမနီဒုတိယတန်းကလပ် နုရင်ဘတ်အသင်းဟာ အာဆင်နယ်အသင်းနောက်ခံလူ မက်ဗ်ရိုပါနော့စ် ကို အငှားနဲ့ခေါ်ယူဖို့ ကမ်းလှမ်းထားကြောင်း Bild က ဖော်ပြပါတယ်။ အသက် (၂၂)နှစ်အရွယ် နောက်ခံလူဟာ အာဆင်နယ်အသင်းမှာ ပွဲထွက်ကစားခွင့်ရဖို့ ရုန်းကန်နေရတဲ့အနေအထားဖြစ်တာကြောင့် အသင်းတာဝန်ရှိသူတွေအနေနဲ့ သူ့ကို အငှားချထားဖို့ ဆန္ဒရှိနေကြတယ်လို့ Bild က ရေးသားထားပါတယ်။

ဇာဗီ ။   ။ ဘာစီလိုနာအသင်းကွင်းလယ်ကစားသမားဟောင်း ဇာဗီ ကတော့ အသင်းဆီကို နည်းပြအဖြစ် ပြန်လာဖို့ ဒီနေ့မှာ ဆုံးဖြတ်ချက် ချသွားမှာဖြစ်တယ်လို့ Goal က ဖော်ပြပါတယ်။ ဘာစီလိုနာအသင်းရဲ့ ဂန္ဓ၀င်ကွင်းလယ်ကစားသမားဟောင်းကြီးဟာ လက်ရှိအချိန်မှာ ကာတာကလပ် အယ်လ်ဆတ်အသင်းအတွက် နည်းပြပေးနေတာဖြစ်ပြီး ဘာစီလိုနာအသင်းဆီကို ပြန်လည်ခြေချဖို့ဆုံးဖြတ်ချက်ကို ဒီနေ့မှာ အပြီးသတ် ချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

READ
ချယ်လ်ဆီးနည်းပြဖြစ်ဖို့သေချာသလောက်ရှိနေတဲ့ အီတလီနည်းပြကွန်တီ

ကင်မစ်ခ်ျ ။      ။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ညာနောက်ခံကစားသမား ကင်မစ်ခ်ျ က ဘိုင်ယန်အသင်းဟာ ကစားသမားကောင်းတွေ ခေါ်ယူဖို့ လိုအပ်နေသေးတယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ဘိုင်ယန်အသင်းရဲ့ ကစားသမားတွေဖြစ်ကြတဲ့ ဂနာဘရီ ၊ ဆူလီနဲ့ ကိုမန် တို့ ဒဏ်ရာရစာရင်းထဲကို ရောက်ရှိသွားခဲ့ပြီးတဲ့နောက် ဘိုင်ယန်အသင်းအနေနဲ့ ကစားသမားအင်အား ဖြည့်တင်းဖို့ လိုအပ်နေသေးတယ်လို့ တိုက်တွန်းလိုက်တာပါ။

PSG ။ ။ PSG အသင်းဟာ အင်တာမီလန်ကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ အီကာဒီ ကို အပြီးသတ် ခေါ်ယူနိုင်ဖို့ ကြိုးစားနေတယ်လို့ ပြင်သစ်သတင်းစာတွေက ဖော်ပြနေကြပါတယ်။ အသက် (၂၆)နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီရာသီမှာ PSG အတွက် (၁၁) ပွဲသာ ကစားခဲ့ရပေမယ့် (၉)ဂိုးအထိ သွင်းပေးထားနိုင်ပြီးအထင်ကြီးစရာ ခြေစွမ်းကို ပြသထားနိုင်ခဲ့တာပါ။ PSG အနေနဲ့ အင်တာမီလန်အသင်းဆီကနေ အငှားနဲ့ခေါ်ယူစဉ်က အီကာဒီကို ယူရိုသန်း(၇၀)နဲ့ အပြီးသတ် ခေါ်ယူခွင့်ရှိတယ်ဆိုတဲ့အချက်ကို ထည့်သွင်းချုပ်ဆိုထားခဲ့တာကြောင့်  အီကာဒီအတွက် ယူရိုသန်း(၇၀)ကို အသုံးပြုရဖွယ်ရှိနေပါတယ်။

READ
၆-၂-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Linn

Source: TheSun , Goal , Mirror

SHARE