၁၃-၁-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

တိုဒီဘို ။         ။ ဘာစီလိုနာအသင်းရဲ့ လူငယ်နောက်ခံလူ တိုဒီဘို ဟာ ရှော်လ်ကေးအသင်းဆီ (၆)လ အငှားစာချုပ်နဲ့ ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းဟာ တိုဒီဘို ကို ဒီရာသီကုန်အထိ အငှားချထားလိုက်တာဖြစ်ပြီး စာချုပ်ထဲမှာ ကစားသမားကို ခေါ်ယူခွင့်ရှိတယ်ဆိုတဲ့ အချက်ကို ထည့်သွင်း ချုပ်ဆိုထားခြင်းမရှိခဲ့ပါဘူး။

 

ဂရီယယ်လစ်ရှ် ။ ။ ဗီလာအသင်း တိုက်စစ်မှူးဟောင်း အဘွန်လဟော က အသင်းရဲ့ ကွင်းလယ်လူ ဂရီယယ်လစ်ရှ်အနေနဲ့ မန်ယူကို ပြောင်းရွှေ့ဖို့ အသင့်တော်ဆုံးဖြစ်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။ လက်ရှိဈေးကွက်ထဲမှာ အပြောင်းအရွှေ့တန်ကြေး ပေါင်သန်း(၉၀)လောက် အထိ ရှိနေတဲ့ ဗီလာ အသင်းခေါင်းဆောင်ဟာ ဖန်တီးမှုအားကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး မန်ယူအသင်းနဲ့ လိုက်ဖက်သူ ဖြစ်ကြောင်း အဘွန်လဟော က ထောက်ခံပေးလိုက်တာပါ။

ဇာဗီ ။   ။ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ဇာဗီ ဟာ ဘာစီလိုနာနည်းပြ အဖြစ် တာဝန်ယူဖို့ လက်ခံလိုက်ပြီလို့ Marca က ဖော်ပြပါတယ်။ ဒါပေမယ့်လည်း ဇာဗီ ဟာ ဒီရာသီ မကုန်ဆုံးခင်မှာ ဘာစီလိုနာကို တာဝန်ယူကိုင်တွယ်သွားမှာမဟုတ်ပဲ လာမယ့်နွေရာသီမှာမှ စတင်ကိုင်တွယ်သွားမှာဖြစ်တယ်လို့ Marca က ရေးသားဖော်ပြခဲ့တာပါ။ ဘာစီလိုနာအသင်း တာဝန်ရှိသူတွေဟာ ဇာဗီ ကို နည်းပြ ခန့်အပ်ဖို့ ဆွေးနွေးမှုတွေ အောင်မြင်သွားခဲ့ပြီးနောက် ဒီရာသီကုန်ဆုံးချိန်မှာ ဗယ်လ်ဗာဒီနဲ့ လမ်းခွဲဖို့ ညှိနှိုင်းနေကြပြီ ဖြစ်ပါတယ်။

ချယ်လ်ဆီး ။     ။ ချယ်လ်ဆီးအသင်းဟာ ဘရိုက်တန်အသင်းရဲ့ နောက်ခံကစားသမား လူးဝစ္စဒန့်ခ် ကို ခေါ်ယူဖို့ ဆက်သွယ်နေကြောင်း The Times က ဖော်ပြပါတယ်။ ဘရိုက်တန်အသင်းအနေနဲ့ ဒီရာသီမှာ ခြေစွမ်းပြနေတဲ့ နောက်ခံလူကို ရောင်းချဖို့ ဆန္ဒမရှိပေမယ့်လည်း ပေါင်သန်း(၅၀)လောက်အထိ ပေးချေမယ့် ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကြောင့် အပြောင်းအရွှေ့ကို စဉ်းစားနေပြီဖြစ်ကြောင်း The Times က ရေးသားဖော်ပြခဲ့တာပါ။

READ
(၁၀-၃-၁၈)အတွက် ညနေခင်းပိုင်း ဦးဦးဖျားဖျား အားကစားသတင်းများ

အာဆင်နယ် ။   ။ အသင်းရဲ့ ခံစစ်ပိုင်းအတွက် ကစားသမားတစ်ဦး ရှာဖွေနေတဲ့ အာဆင်နယ်အသင်းဟာ ဘိုင်ယန်မြူးနစ်နောက်ခံလူ ဘိုတန် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း Sky Sports က ဖော်ပြပါတယ်။ ရာသီကုန်ရင် အသင်းနဲ့ စာချုပ်သက်တမ်းကုန်တော့မယ့် ဘိုတန် ကို ဒီအပြောင်းအရွှေ့မှာတင် ရောင်းချဖို့ ဘိုင်ယန်မြူးနစ်အသင်းက စီစဉ်နေပြီး ဘိုတန် ကို ပေါင်(၁၂)သန်းလောက်နဲ့ ရဖို့ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE