၁၄-၁-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

ဂေါ့ဇီ ။  ။ ဒေါ့တ်မွန်အသင်း အားကစားဒါရိုက်တာ မိုက်ကယ်ဇော့ က အသင်းကွင်းလယ်ကစားသမား ဂေါ့ဇီရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆွေးနွေးနေဆဲဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။ ဒီရာသီကုန်ရင် အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်နေတဲ့ ဂေါ့ဇီ ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက ဘာမှမဆုံးဖြတ်ရသေးဘူးလို့ မိုက်ကယ် က အသိပေးသွားခဲ့တာပါ။

 

ပဲလေ့စ် ။         ။ ပဲလေ့စ်အသင်းဟာ တိုက်စစ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ဘန်တီကီ ကို အငှားချထားဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ အဲဗာတန်အသင်းတိုက်စစ်မှူး တိုဆန် ကို အငှားနဲ့ခေါ်ယူနိုင်လိုက်တာကြောင့် ဘန်တီကီရဲ့ အခြေအနေဟာ ပိုပြီးတော့ မသေမချာဖြစ်သွားခဲ့ပြီး နောက်ဆုံးမှာ အငှားချခံရမယ့်အခြေအနေကို ရောက်ရှိသွားခဲ့တာပါ။

အက်သလက် ။ ။ အာဆင်နယ်အသင်းတိုက်စစ်မှူး လာကာဇက် ကိုခေါ်ယူဖို့အတွက် အက်သလက်တီကိုဟာ သူတို့ရဲ့ ကွင်းလယ်လူ သောမတ်စ်လီမာ ကို အသုံးချသွားဖို့ရှိနေပါတယ်။ ဒီအပြောင်းအရွှေ့မှာ တိုက်စစ်မှူးတစ်ယောက်ကိုခေါ်ဖို့ ရှာဖွေနေတဲ့ အက်သလက်ဟာ အာဆင်နယ်တိုက်စစ်မှူး လာကာဇက် ကို ပစ်မှတ်ထားနေပြီး သောမတ်စ်လီမာ နဲ့ ကစားသမားချင်း လဲလှယ်သွားဖို့တောင် စီစဉ်နေတယ်လို့ Marca က ဖော်ပြပါတယ်။

ဂျွန်စတုံး ။       ။ မန်စီးတီးအသင်းနောက်ခံလူ ဂျွန်စတုံးဟာ ဒီအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းရဲ့ အဓိက ပစ်မှတ်ဖြစ်နေပြီလို့ TheSun က ဖော်ပြပါတယ်။ အာဆင်နယ်အသင်းနည်းပြ အာတီတာ အနေနဲ့ ဂျွန်စတုံးကို အငှားနဲ့ခေါ်ယူခွင့်ရဖို့ ကနဦး ကြိုးစားဦးမှာဖြစ်ပြီး ဂျွန်စတုံးအနေနဲ့လည်း ပုံမှန်ပွဲထွက်ခွင့်အတွက် အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့နိုင်ဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။

READ
ပထမပိုင်းအပြီးမှာဒီမာရီယာနဲ့အင်္ကျီချင်းလဲခဲ့တဲ့ဟာဇက်ကို ချယ်လ်ဆီးပရိတ်သတ်များဒေါသထွက်

စပါး ။   ။ စပါးအသင်းဟာပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အခြားလန်ဒန်ကလပ်တွေဖြစ်ကြတဲ့ အာဆင်နယ်၊ ချယ်လ်ဆီးတို့ထက် ၀င်ငွေပိုပြီးရခဲ့တယ်လို့ စစ်တမ်းတွေက ဖော်ပြနေကြပါတယ်။ ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲအထိတက်ရောက်နိုင်မှုက စပါးအသင်းကို ရုပ်သံထုတ်လွှင့်မှုကနေ ၀င်ငွေအများအပြား ရစေခဲ့ပြီး အာဆင်နယ်ထက် (၆၆.၆)သန်း ၊ ချယ်လ်ဆီးထက် (၇.၁)သန်း ပိုပြီး ၀င်ငွေရရှိခဲ့တာပါ။

Linn

Source : TheSun , Goal , Mirror

SHARE