၁၅-၁-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Spurs

စပါး ။   ။ စပါးအသင်းဟာ ဘင်ဖီကာအသင်းရဲ့ ကွင်းလယ်ကစားသမား ဂတ်ဆွန် ဖာနန်ဒက်စ်ကို (၁၈)လ အငှားနဲ့ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာလိုက်ပါပြီ။ အသက် (၂၁)နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင် ကစားသမားဟာ အန်ဒွန်ဘီလီ ၊ ဆစ်ဆိုကို တို့ ဒဏ်ရာရနေတဲ့ စပါးကွင်းလယ်ကို အားဖြည့်ရမှာဖြစ်ပြီး (၂၀၂၀-၂၁)ဘောလုံးရာသီကုန်ဆုံးရင် အပြီးသတ်ခေါ်ယူခွင့်ရှိတယ်ဆိုတဲ့ အချက်ကိုလည်း စာချုပ်မှာ ထည့်သွင်းချုပ်ဆိုထားခဲ့ပါတယ်။

ဟူအက်စ်ကာ ။ ။ စပိန်ကလပ် ဟူအက်စ်ကာအသင်းဟာ ၀ုဗ်အသင်းရဲ့တိုက်စစ်မှူး ရာဖာ မားရ် ကို (၁၈)လ အငှားနဲ့ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ (၂၀၁၈)ဘောလုံးရာသီကတည်းက ၀ုဗ်အသင်းကို ရောက်ရှိခဲ့တဲ့ အသက် (၂၂)နှစ်အရွယ် တိုက်စစ်မှူးဟာ လက်စ်ပါးမက်စ် ၊ နော်တင်ဟမ်ဖောရက်စ်အသင်းတွေဆီ အငှားသွားရောက် ကစားခဲ့ရပြီး လက်ရှိအချိန်မှာ ဟူအက်စ်ကာ အသင်းဆီ အငှားသွားရောက်ကစားပေးရမှာဖြစ်ပါတယ်။

 

အေစီ ။ ။ အေစီမီလန်အသင်းဟာ နောက်ခံလူ ရီကာဒို ရိုဒရီဂွက်ဇ် ကို PSV အသင်းဆီ ရောင်းချဖို့ ကြိုးစားနေပါတယ်။ ဒီရာသီမှာ အေစီအတွက် (၅)ပွဲ သာ ကစားပေးထားရသေးတဲ့ ရိုဒရီဂွက်ဇ်အတွက် အေစီမီလန်က ယူရို(၆)သန်းလောက်အလိုရှိနေခဲ့တာပါ။

ရီးယဲလ် ။        ။ ရီးယဲလ်အသင်းမှာ နေရာမရဖြစ်နေတဲ့ တိုက်စစ်ကစားသမား မာရီယာနိုဒီယာ့ဇ်ကို ဘင်ဖီကာအသင်းက ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ Marca သတင်းစာက ဖော်ပြပါတယ်။ အသက် (၂၆)နှစ်အရွယ် တိုက်စစ်မှူးကိုယ်တိုင်လည်း ရီးယဲလ်အသင်းကနေ ထွက်ခွာသွားရနိုင်တယ်လို့ ၀န်ခံထားပြီး ဒီယာ့ဇ်ဟာ ဒီရာသီမှာ ရီးယဲလ်အတွက် တစ်ပွဲမှ ပွဲထွက်ခွင့်ရမထားသေးပါဘူး။

လူကာကူ ။      ။ အင်တာမီလန်အသင်းနဲ့အတူ ခြေစွမ်းပြပြီး ဂိုးတွေသွင်းနေတဲ့ တိုက်စစ်မှူး လူကာကူ က အင်တာမီလန်ဆီ ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာဟာ အကောင်းဆုံး ရွေးချယ်မှုပဲ ဖြစ်ကြောင်းနဲ့ မန်ယူအသင်းကနေ ထွက်ခွာခဲ့တဲ့အတွက် နောင်တမရကြောင်း ပြောဆိုလိုက်ပါတယ်။ ဒီရာသီမှာ အင်တာမီလန်အတွက် ပြိုင်ပွဲစုံ သွင်းဂိုး (၁၈)ဂိုး ရထားခဲ့တဲ့ လူကာကူ ဟာ မန်ယူအသင်းမှာတော့ သွင်းဂိုးတစ်ဂိုးအတွက် ရုန်းကန်ခဲ့ရပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတာပါ။

READ
၈-၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

မန်စီးတီး ။       ။ နောက်ခံလူ ဂျွန်စတုံးအတွက် အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုတွေကို မန်စီးတီးက ငြင်းဆန်သွားတယ်လို့ Daily Mail က ဖော်ပြပါတယ်။ မန်စီးတီးအသင်းရဲ့ လက်ထောက်နည်းပြ ဖြစ်ခဲ့ဖူးတဲ့ အာတီတာ ဟာ အာဆင်နယ်အသင်းနည်းပြ ဖြစ်လာပြီးတဲ့နောက် မန်စီးတီးမှာ ရင်းနှီးခဲ့ဖူးတဲ့ ဂျွန်စတုံးကို ခေါ်ဖို့ ကြိုးစားနေတာဖြစ်ပြီး မန်စီးတီးအသင်းဖက်ကတော့ ရောင်းဖို့ရော၊ ငှားဖို့ပါ စိတ်ကူးမရှိဘူးလို့ အသိပေးထားပါတယ်။

Linn

READ
၁၆-၉-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Source : TheSun , Goal , Mirror

SHARE