၁၆-၁-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Mirror

အိုဇေးလ် ။       ။ နည်းပြ အမ်မရီ ရဲ့ လက်အောက်မှာ ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်ခဲ့ရတဲ့ ကွင်းလယ်လူ အိုဇေးလ်က သူ့အနေနဲ့ အာဆင်နယ်အသင်းမှာသာ ဆက်ရှိနေတော့မှာဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့အပြောင်းအရွှေ့တုန်းက အာဆင်နယ်ကနေ ထွက်ခွာဖို့ နီးစပ်ခဲ့တဲ့ ကွင်းလယ်လူဟာ နည်းပြ အာတီတာ လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့် ရရှိလာခဲ့ပြီး အာဆင်နယ်အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

 

မန်ယူ ။ ။ မန်ယူအသင်းဟာ အက်သလက်အသင်းရဲ့ ကွင်းလယ်လူ မားကို့စ်လိုရန်တေး ကို အငှားနဲ့ခေါ်ယူဖို့ စဉ်းစားနေပြီဖြစ်ကြောင်း Mirror က ဖော်ပြပါတယ်။ မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ပေါ့ဂ်ဘာနဲ့ တိုမီနေး တို့ကို ဒဏ်ရာပြဿနာကြောင့် ဆုံးရှုံးနေရချိန်မှာ နည်းပြ ဆိုးလ်ရှားအနေနဲ့ လိုရန်တေး ကို ကာလတိုအငှားနဲ့ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ကာဗာနီ ။        ။ မန်ယူ ၊ အာဆင်နယ် ၊ အက်သလက်တီကို အသင်းတွေနဲ့ သတင်းထွက်နေတဲ့ တိုက်စစ်မှူး ကာဗာနီ ကို အသင်းမပြောင်းပဲ PSG မှာသာ ဆက်ရှိနေဖို့ နည်းပြ တူချယ်က တိုက်တွန်းလိုက်ပါတယ်။ လာမယ့် ဇွန်လမှာ PSG နဲ့ စာချုပ်ကုန်ဆုံးတော့မှာဖြစ်ပေမယ့် တူချယ်ကတော့ ကာဗာနီ ကို အသင်းနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ဖို့အတွက် တိုက်တွန်းလိုက်တာပါ။

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းဟာ PSG အသင်းနောက်ခံလူ ကာဇာဝါ ကို ပေါင်(၆)သန်းလောက်နဲ့ ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ Mirror က ဖော်ပြပါတယ်။ ပြင်သစ်ဘယ်နောက်ခံလူဟာ လက်ရှိအချိန်မှာ အသက် (၂၇)နှစ်သာ ရှိသေးပြီး လာမယ့် နွေရာသီမှာ PSG နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာပါ။ ကာဇာဝါ ရဲ့ ဈေးကွက်ပေါက်ဈေးဟာ ပေါင်သန်း(၃၀)လောက်ရှိပေမယ့် PSG နဲ့ စာချုပ်သက်တမ်းကုန်တော့မယ့် အနေအထားကြောင့် အာဆင်နယ်က ဈေးနည်းနည်းနဲ့ ခေါ်ဖို့ ကြိုးစားနေတာပါ။

လင်ဂတ် ။       ။ မန်ယူအသင်းဟာ ကွင်းလယ်လူ လင်ဂတ်ကို ခေါ်ယူဖို့ အသင်း(၄)သင်းရဲ့ ကမ်းလှမ်းမှုကို ရရှိထားကြောင်း Daily Mail က ဖော်ပြပါတယ်။ နာမည်ကြီးအေးဂျင့် ရွိုင်အိုလာ နဲ့ လက်တွဲလိုက်ပြီဖြစ်တဲ့ လင်ဂတ် ဟာ စီးရီးအေကလပ်အသင်းတွေဖြစ်ကြတဲ့ အေစီ၊ ရိုးမား၊ နာပိုလီနဲ့ အင်တာမီလန်အသင်းတွေရဲ့ ကမ်းလှမ်းမှုကို ရရှိထားခဲ့ပြီး အေစီမီလန်ကတော့ လင်ဂတ်အတွက် စိတ်ဝင်စားမှု အမြင့်ဆုံးဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
၇-၁၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဝီလီယံ ။         ။ ချယ်လ်ဆီးအသင်းဟာ လာမယ့်နွေရာသီမှာ စာချုပ်ကုန်ဆုံးတော့မယ့် ကွင်းလယ်လူ ၀ီလီယံကို စာချုပ်သစ်အတွက် ညှိနှိုင်းမရပဲဖြစ်နေပြီး လက်လွှတ်လိုက်ရဖို့ရှိနေပါပြီ။ Goal ရဲ့ ဖော်ပြချက်အရ ဘရာဇီးကွင်းလယ်လူဟာ နည်းပြသစ် လမ်းပတ်လက်ထက်မှာ ပွဲထွက်ခွင့်တွေ ရလာခဲ့ပေမယ့်လည်း အသင်းမှာ ဆက်ရှိနေဖို့ကိုတော့ ဆန္ဒမရှိပဲဖြစ်နေတယ်လို့ သိရပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE