၁၇-၁-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Goal

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းအနေနဲ့ ဒီအပြောင်းအရွှေ့ရာသီမှာ PSG နောက်ခံလူ ကာဇာဝါ အပါအ၀င် ကစားသမား သုံးဦးကနေ လေးဦးအထိ ခေါ်ယူနိုင်ဖို့ ကြိုးစားနေတယ်လို့ Goal ကဖော်ပြပါတယ်။ အာဆင်နယ်အသင်းနည်းပြ အာတီတာ ဟာ ကစားသမားသစ်တွေ ခေါ်ယူဖို့ အတွက် ဘုတ်အဖွဲ့ကို တောင်းဆိုထားခဲ့ပြီး ခံစစ်ကစားသမားတွေကို အဓိက ခေါ်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒိုင်အုပ် ။         ။ မန်ယူနဲ့ စပါးအသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်နေတဲ့ ၀က်စ်ဟမ်းနောက်ခံလူ ဒိုင်အုပ်ကတော့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဘာဆွေးနွေးမှု၊ သဘောတူညီမှုမှ မလုပ်ရသေးဘူးလို့ ဖွင့်ဟလိုက်ပါတယ်။ ဒိုင်အုပ် က အပြင်မှာ ဘယ်အသင်းတွေသတင်းတွေထွက်ထွက် ဂရုမစိုက်ကြောင်းနဲ့ သူ့အတွက် အရေးမကြီးကြောင်း ပြောဆိုသွားခဲ့ပါတယ်။

 

ဖာနန်ဒက်စ် ။    ။ စပို့တင်းလစ္စဘွန်းအသင်းနည်းပြ ဆီလက်စ် က အသင်းရဲ့ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ ပေါင်(၅၁)သန်းထက် ပိုပြီး တန်ကြေးရှိတဲ့ ကစားသမားဖြစ်ကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။ မန်ယူအသင်းကို ပေါင်(၅၁)သန်းနဲ့ သဘောတူခဲ့ပြီလို့ သတင်းတွေ ထွက်နေခဲ့တဲ့အပေါ် ဆီလက်စ် က တုန့်ပြန်ခဲ့တာဖြစ်ပြီး ဒီတစ်ပတ် ကစားမယ့် ဘင်ဖီကာ အသင်းနဲ့ပွဲစဉ်မှာလည်း ဖာနန်ဒက်စ်တစ်ယောက် ပါဝင်လာဦးမှာဖြစ်တယ်လို့ အသိပေးလိုက်ပါတယ်။

ရိစ်ဂျိမ်းစ် ။       ။ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ လူငယ်နောက်ခံလူ ရိစ်ဂျိမ်းစ်ကို (၂၀၂၅)ခုနှစ်အထိ အသင်းမှာ ရှိနေစေမယ့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက ၀ီဂန်အသင်းဆီကို အငှားသွားရောက်ခဲ့ရတဲ့ ဂျိမ်းစ် ဟာ ဒီရာသီမှာတော့ လမ်းပတ်ရဲ့ အားကိုးရတဲ့ ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပြီး အသင်းအတွက် (၁၁) ပွဲအထိ ကစားပေးထားခဲ့ရတာပါ။

ဘန်တီကီ ။      ။ ပဲလေ့စ်အသင်းတိုက်စစ်မှူး ဘန်တီကီ ကို အငှားနဲ့ခေါ်ယူဖို့ ကြိုးစားနေမှုကနေ ဘော်ဒိုးအသင်း နောက်ဆုတ်သွားခဲ့ပြီဖြစ်ကြောင်း Mirror က ဖော်ပြပါတယ်။ ဘော်ဒိုးအသင်းဟာ ဘန်တီကီကိုအငှားခေါ်ဖို့အတွက် ပေးချေရမယ့် ပေါင်(၅)သိန်းကို မပေးချင်တာကြောင့် အခုလို နောက်ဆုတ်သွားခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
ထိပ်တန်းနည်းပြတွေနဲ့ရင်ဆိုင်ဖို့ ပရီးမီးယားလိဂ်ကိုပြောင်းချင်နေတဲ့ဆီမြွန်နီ

ဖာနန်ဒက်စ် ။    ။ စပို့တင်းလစ္စဘွန်းအသင်းကွင်းလယ်လူ ဖာနန်ဒက်စ်အတွက် ဒီတစ်ပတ် ကစားရမယ့် ဘင်ဖီကာအသင်းနဲ့ ပွဲစဉ်ဟာ နောက်ဆုံးပွဲစဉ်ဖြစ်လာဖို့ရှိနေပြီး ပရိသတ်တွေနဲ့အတူ နှုတ်ဆက်ပွဲလုပ်ဖို့ ပြင်ဆင်ထားတယ်လို့ TheSun က ဖော်ပြပါတယ်။ မန်ယူအသင်းကိုပြောင်းဖို့ သဘောတူညီမှု ရသွားခဲ့ပြီဖြစ်တဲ့ ဖာနန်ဒက်စ်ဟာ ဒီတစ်ပတ်မှာ စပို့တင်းအသင်းအတွက် နောက်ဆုံးအနေနဲ့ ကစားပေးတော့မှာဖြစ်တယ်လို့ TheSun က ဖော်ပြသွားခဲ့တာပါ။

Linn

Source : TheSun , Goal , Mirror

SHARE