၁၈-၁-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

ဘိုင်ယန် ။       ။ ဘိုင်ယန်မြူးနစ်အသင်းဟာ အေဂျက်ဇ်အသင်းရဲ့ အသက် (၂၀)အရွယ် တောင်ပံကစားသမားလေး နီကိုလပ်စ် ခွန်း ကို အငှားခေါ်ယူဖို့ ကြိုးစားနေပါတယ်။ Goal ရဲ့ ဖော်ပြမှုအရ ဘိုင်ယန်ဟာ ခွန်း ကို အရန်အသင်းမှာ ကစားစေဖို့အတွက် အငှားခေါ်ယူမှာဖြစ်ပြီး သူ့ရဲ့ခြေစွမ်းကို စောင့်ကြည့်သွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

ဂျီရော့ဒ် ။        ။ ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ဂျီရော့ဒ်တစ်ယောက် အင်တာမီိလန်အသင်းဆီ ပြောင်းရွှေ့ဖို့ ကြန့်ကြာနေခြင်းဟာ အင်တာတိုက်စစ်မှူး ပိုလီတာနိုရဲ့ အပြောင်းအရွှေ့ကြောင့်ဖြစ်ကြောင်း Sky Sports က ဖော်ပြပါတယ်။ အင်တာမီလန်ဟာ ပိုလီတာနို ကို ရိုးမားအသင်းဆီရောင်းချဖို့ သဘောတူညီမှု ရရှိခဲ့ပြီးတဲ့နောက် နောက်ဆုံးအချိန်မှာမှ အပြောင်းအရွှေ့ပျက်ပြယ်သွားခဲ့လို့ ဂျီရော့ဒ်ကို ခေါ်ယူဖို့ ကြိုးစားနေမှုကလည်း နှောင့်နှေးသွားခဲ့တာပါ။ အင်တာမီလန်ဟာ ဂျီရော့ဒ်အတွက် ယူရို(၄.၅)သန်းပေးချေဖို့ အသင့်ရှိနေပြီး (၂)နှစ်ခွဲ စာချုပ် ချုပ်ဆိုသွားဖို့အဆင်သင့်ပြင်နေတာပါ။

လာဇာရို ။        ။ အင်တာမီလန်အသင်းညာနောက်ခံလူ လာဇာရို အတွက် ၀ါဒါဘရီမင်နဲ့ လိုက်ပ်ဇစ် တို့ အပြိုင်ဖြစ်နေကြတယ်လို့ Goal က ဖော်ပြပါတယ်။ အသက် (၂၃)နှစ်အရွယ် နောက်ခံကစားသမားကို ရောင်းချသွားဖို့ အင်တာမီလန်အသင်းက အဆင်သင့်ဖြစ်နေပြီး ပရီးမီးယားလိဂ်ကလပ် ၀က်စ်ဟမ်းကလည်း လာဇာရို ကိုခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

လိုင်ယွန် ။       ။ လိုင်ယွန်အသင်းဟာ ကာလရှည်ဒဏ်ရာရနေတဲ့ အသင်းတိုက်စစ်မှူး ဒီပေး ရဲ့နေရာကို အစားထိုးဖို့ ဗီလာရီးယဲလ်တိုက်စစ်မှူး အီကန်ဘီ ကို ယူရိုသန်း(၂၀)နဲ့ ကမ်းလှမ်းလိုက်ပါတယ်။ အီကန်ဘီ ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းကမှ ဗီလာရီးယဲလ်ဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အဲဒီမတိုင်မီက ပြင်သစ်လီဂူးကလပ် အန်ဂါးစ် မှာ ကစားခဲ့ဖူးသူပါ။

ဂွာဒီယိုလာ ။    ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ က သူ့အနေနဲ့ လာမယ့်ရာသီမှာလည်း မန်စီးတီးအသင်းနည်းပြအဖြစ် ဆက်ရှိနေမှာဖြစ်ပြီး အသင်းပြောင်းဖို့ အစီအစဉ်မရှိသေးကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဂွာဒီယိုလာ က သူ့အနေနဲ့ အသင်းပြောင်းမယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပေမယ့်လည်း လာမယ့်ရာသီမှာ မန်စီးတီးအတွက် ဆက်ပြီးနည်းပြပေးဖို့ (၁၀၀)ရာခိုင်နှုန်းသေချာနေကြောင်း ပြောဆိုလိုက်ပါတယ်။

READ
(၂-၄-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှား က နောက်ခံလူ မက်ဂွိုင်းယား ကို အသင်းခေါင်းဆောင်သစ်အဖြစ် ရွေးချယ်လိုက်ရခြင်းဟာ သူ့ရဲ့ခေါင်းဆောင်မှုစွမ်းရည်ကို သဘောကျမိတာကြောင့်ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဆိုးလ်ရှားအနေနဲ့ အသင်းကိုရောက်လာတာ မကြာသေးတဲ့ မက်ဂွိုင်းယားကို အသင်းခေါင်းဆောင်လက်ပတ်မပေးသင့်ပဲ ဒီဂီယာ ၊ မာတာ တို့လို ကစားသမားတွေကိုသာ အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်သင့်တယ်ဆိုတဲ့ မှတ်ချက်တွေလည်း ရှိနေခဲ့ပါတယ်။

Linn

Source : TheSun , Goal,  Mirror

SHARE