၁၉-၁-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

ရက်ရှ်ဖို့ဒ် ။       ။ ပြီးခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ နောက်ကျောဒဏ်ရာ ရသွားခဲ့တဲ့ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ အသင်းဖော်တွေနဲ့အတူ လိုရီဟိုတယ် ကို ရောက်ရှိလာခြင်းမရှိခဲ့ဘူးလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားကတော့ ဒီပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်တစ်ယောက် ပါဝင်နိုင်ခြင်း ရှိ၊မရှိဆိုတဲ့သတင်းတွေကို ဖြေဆိုထားခြင်းမရှိခဲ့ပဲ ရက်ရှ်ဖို့ဒ်သာ မပါနိုင်ရင် မန်ယူတိုက်စစ်အနေနဲ့ သိသိသာသာ အားနည်းသွားမှာဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

ကာရေဂါ ။       ။ လီဗာပူးလ်အသင်းနောက်ခံကစားသမားဟောင်း ကာရေဂါ က ဒီနေ့ည ကစားကြမယ့် လီဗာပူးလ်အသင်းနဲ့ မန်ယူအသင်းတို့ ပွဲစဉ်မှာ လီဗာပူးလ်အသင်းသာ အနိုင်ရသွားမယ်လို့ ယုံကြည်နေကြောင်း ပြောဆိုလိုက်ပါတယ်။ လီဗာပူးလ်ဟာ မော်ရင်ဟိုတစ်ယောက် မန်ယူကို ကိုင်တွယ်စဉ်က အန်ဖီးလ်ကွင်းမှာ အခက်တွေ့ခဲ့ရပေမယ့်လည်း လက်ရှိအချိန်မှာတော့ လီဗာပူးလ်ဟာ အကောင်းဆုံး ပုံစံတစ်ခုကို ပိုင်ဆိုင်နေပြီဖြစ်ကြောင်း ကာရေဂါက မှတ်ချက်ပေးလိုက်ပါတယ်။

 

အဲဗာတန် ။      ။ အဲဗာတန်အသင်းဟာ ဂျူဗင်တပ်စ်အသင်းရဲ့ ကွင်းလယ်ကစားသမား အမ်မရီချန် ကို ပေါင်သန်း(၃၀)နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း Mirror က ဖော်ပြပါတယ်။ အဲဗာတန်အသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့တဲ့ အန်ဆယ်လော့တီ ဟာ ဂျူဗင်တပ်စ်မှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ ကစားသမားကို ဒီအပြောင်းအရွှေ့မှာ ခေါ်ယူချင်နေတာဖြစ်ပြီး ကစားသမားရဲ့ လစာဖြစ်တဲ့ တစ်ပတ်လုပ်ခ ပေါင်(၁)သိန်းကြောင့် ခေါ်ယူဖို့ ခက်ခဲနေတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

မော်ရင်ဟို ။     ။ ၀က်ဖို့ဒ်အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ စပါးအသင်းအနေနဲ့ တိုက်စစ်မှူးတစ်ယောက် ခေါ်ယူဖို့ လိုနေပြီဆိုတဲ့အကြောင်း နည်းပြမော်ရင်ဟိုက အသိပေးလိုက်ပါတယ်။ မော်ရင်ဟို အနေနဲ့ စပါးအသင်း အမှုဆောင်ချုပ်လီဗိုင်း ကို ကစားသမားတွေ ခေါ်ယူပေးဖို့ တိုက်တွန်းနေတာဖြစ်ပြီး အေစီတိုက်စစ်မှူး ပီယာတက် ၊ ပေါ်တိုတိုက်စစ်မှူးဇီလူးဝစ္စ တို့ဟာ စပါးအသင်းရဲ့ ပစ်မှတ် ကစားသမားတွေအဖြစ် ရှိနေပါတယ်။

တူချယ် ။         ။ PSG အသင်းနည်းပြ တူချယ်က အာဆင်နယ်အသင်းခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ နောက်ခံလူ ကာဇာဝါ ကို အသင်းမှာပဲ ဆက်ရှိနေစေချင်ကြောင်း အသိပေးလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ကာဇာဝါ ကိုမကြာခင် ခေါ်ယူနိုင်တော့မယ်လို့ သတင်းတွေ ထွက်နေပေမယ့် တူချယ် ကတော့ ကာဇာဝါ ဟာ ဘယ်နောက်ခံလူအဖြစ် ပွဲထွက်နေတဲ့ ဘားနက် ပြီးရင် အသင်းအတွက် လိုအပ်နေတဲ့ ခံစစ်ကစားသမားဖြစ်ကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

READ
ပရီးမီးယားလိဂ်မှာ မက်ဆီလက်သစ်တစ်ဦးရှိနေကြောင်း ရောနယ်ဒင်ဟိုပြောကြား

Linn

Source : TheSun , Goal , Mirror

SHARE