၂၀-၁-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

မန်ယူ ။ ။ မန်ယူအသင်းဟာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ဒဏ်ရာကြောင့် (၃)လလောက် ဆုံးရှုံးရဖွယ်ရှိတယ်လို့ Mirror က ဖော်ပြပါတယ်။ ၀ုဗ်အသင်းနဲ့ပွဲစဉ်မှာ နောက်ကျောဒဏ်ရာရသွားခဲ့တဲ့ ရက်ရှ်ဖို့ဒ် ဟာ မနေ့ညက ကစားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်ကိုလည်း လွဲချော်ခဲ့ရပြီး ကာလရှည်နားရမယ့် ရက်ရှ်ဖို့ဒ်ရဲ့ အနေအထားကြောင့် မန်ယူဟာ ဒီအပြောင်းအရွှေ့မှာ တိုက်စစ်မှူးတစ်ဦးကို မဖြစ်မနေ ခေါ်ယူရဖို့ရှိနေပါတယ်။

 

ဆာနေး ။        ။ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ဖို့ ကြန့်ကြာနေခဲ့တဲ့ အတွက် မန်စီးတီး ကွင်းလယ်လူ ဆာနေး က သူ့ရဲ့အေးဂျင့်နဲ့ လမ်းခွဲလိုက်ပါပြီ။ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းဖို့အတွက် ပြီးခဲ့တဲ့ ရာသီကတည်းက သတင်းတွေ ထွက်နေခဲ့ပေမယ့်လည်း အကောင်အထည်ပေါ်မလာသေးတဲ့အပေါ် ဆာနေး က စိတ်ပျက်နေပြီး အေးဂျင့်ဖြစ်သူနဲ့ လမ်းခွဲလိုက်တာလို့ သတင်းတွေက ဖော်ပြနေပါတယ်။ ဆာနေး ဟာ လက်ရှိအချိန်မှာ ဒေးဗစ်ဘက်ခမ် ရဲ့ အေးဂျင့်အေဂျင်စီ ဖြစ်တဲ့ DB နဲ့ လက်တွဲလုပ်သွားဖို့ စီစဉ်နေတယ်လို့လည်း ESPN က ဖော်ပြပါတယ်။

ဘတ်ရှူဝါယီ ။   ။ ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ဘတ်ရှူဝါယီ ဟာ ကလေးစရိတ်ပေးဖို့ ပျက်ကွက်ခဲ့တာကြောင့် တရားရုံးက ဆင့်ခေါ်ခြင်းခံခဲ့ရကြောင်း Daily Mail က ဖော်ပြပါတယ်။ တစ်ပတ်လုပ်ခ ပေါင်(၁)သိန်းရနေတဲ့ ဘတ်ရှူဝါယီ ဟာ သူ့ရဲ့ချစ်သူဟောင်းနဲ့ သမီးနှစ်ယောက် ရခဲ့ပြီး ကလေးစရိတ်အဖြစ် တစ်လကို ပေါင်(၂၀၆၇)သာ ပေးနေရတာပါ။ ဒါပေမယ့်လည်း အဲဒီ ပမာဏကို နှစ်ကြိမ်အထိ ပေးချေဖို့ ပျက်ကွက်ခဲ့လို့ တရားရုံးက ဘတ်ရှူဝါယီ ကို ဆင့်ခေါ်ပြီး သတိပေးခဲ့တာဖြစ်ပါတယ်။

ဖာနန်ဒက်ဇ် ။    ။ စပို့တင်းလစ္စဘွန်းအသင်းခေါင်းဆောင် ဖာနန်ဒက်ဇ် ဟာ ဒီကြားရက်မှာ ကစားမယ့် ဘရာဂါအသင်းနဲ့ ပွဲစဉ် လူစာရင်းမှာ ပါဝင်လာခဲ့လို့ မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့ အဆင်မပြေသေးဘူးဆိုတာ သိသာစေခဲ့ပါတယ်။ မန်ယူအသင်းနဲ့ စပို့တင်းအသင်းတို့ဟာ ကစားသမားရဲ့ ပြောင်းရွှေ့ကြေးကို ညှိနှိုင်းမရပဲ ဖြစ်နေခဲ့ပြီး စပို့တင်းက ဖာနန်ဒက်ဇ်အတွက် ပေါင်သန်း(၇၀)လိုချင်နေပေမယ့် မန်ယူကတော့ ပေါင်သန်း(၅၀)သာ ပေးဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

READ
(၂၀-၄-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

စပါး ။   ။ စပါးအသင်းဟာ တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့နေရာကို အစားထိုးဖို့အတွက် လက်စတာအသင်း တိုက်စစ်မှူး ဆလီမာနီ ကို ချိတ်ဆက်နေတယ်လို့ Goal က ဖော်ပြပါတယ်။ ဆလီမာနီ ဟာ လက်စတာအသင်းမှာ ပွဲထွက်ခွင့်မရခဲ့ပဲ မိုနာကို အသင်းဆီ အငှားနဲ့ပြောင်းရွှေ့ကစားနေရသူဖြစ်ပြီး စပါးရဲ့ ချိတ်ဆက်မှုဟာ အံ့သြစရာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

နဗီးလ် ။                   ။ မန်ယူအသင်းနောက်ခံကစားသမားဟောင်း ဂယ်ရီနဗီးလ်က မန်ယူအသင်းဟာ မာရက်ဇ်၊ စတာလင်တို့လို အရည်အသွေးမြင့် တောင်ပံကစားသမားတွေ လိုအပ်နေကြောင်း ထောက်ပြလိုက်ပါတယ်။ နဗီးလ်က မန်ယူအသင်း လက်ရှိသုံးနေတဲ့ တောင်ပံကစားသမား ဒင်နီယယ်ဂျိမ်းစ်ဟာ မာရက်ဇ် ၊ စတာလင်၊ ဘာနာဒိုဆေးလ်ဗား တို့ထက် အဆင့်အများကြီး နိမ့်သူဖြစ်ပြီး လက်ရှိသူကစားနေတဲ့နေရာနဲ့ မသင့်တော်ကြောင်း မှတ်ချက်ပေးလိုက်တာပါ။

READ
၃၁-၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE