၂၂-၁-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းကွင်းလယ်ကစားသမားဟောင်း မာတင်ကီးအွန်နဲ့ မန်ယူနောက်ခံလူ ဖာဒီနန် တို့က အာတီတာ ဟာ အာဆင်နယ်အသင်းရဲ့ အနာဂတ်ကို ရှာဖွေတွေ့ရှိသွားပြီဖြစ်ကြောင်း ချီးကျူးလိုက်ပါတယ်။ ချယ်လ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ တစ်ယောက်လျော့ခဲ့ပေမယ့်လည်း သရေရလဒ်ကို ယူဆောင်နိုင်ခဲ့တဲ့ အာတီတာ ဟာ (၂၀၂၀)ခုနှစ်အတွင်း ကိုင်တွယ်ခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ ပွဲစဉ်တွေကို ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တာပါ။ မာတင်ကီအွန် က အာတီတာရဲ့ လက်ထက်မှာ အာဆင်နယ်အနေနဲ့ သိသိသာသာ ပြောင်းလဲလာခဲ့ပြီး ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေလည်း ပြောင်းလဲသွားခဲ့တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။

 

ချယ်လ်ဆီး ။     ။ ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ် က သူဟာ PSG တိုက်စစ်မှူး ကာဗာနီရဲ့ ပရိသတ်တစ်ယောက်ဖြစ်ကြောင်းနဲ့ သူ့အနေနဲ့ ဒီကစားသမားကို အသင်းဆီ ခေါ်ယူဖို့ ဆန္ဒရှိကြောင်း ဖွင့်ဟလိုက်ပါတယ်။ အသက် (၃၂)နှစ်အရွယ် တိုက်စစ်မှူးကို လမ်းပတ်က ဒီအပြောင်းအရွှေ့မှာ ခေါ်ယူပေးဖို့ ချယ်လ်ဆီးတာဝန်ရှိသူတွေဆီ တိုက်တွန်းနေတာဖြစ်ပြီး အက်သလက်တီကို အသင်းနဲ့အပြိုင် ခေါ်ယူရဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
၁၅-၁၁-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

မန်ယူ ။ ။ မန်ယူအသင်းဟာ အေစီမီလန်ရဲ့ သန်း(၃၀)တန် တိုက်စစ်မှူး ပီယာတက် ကို တရားဝင် ဆက်သွယ်မှု ပြုလုပ်နေခဲ့ကြောင်း Mirror က ဖော်ပြပါတယ်။ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်နေရာကို အစားထိုးဖို့အတွက် တိုက်စစ်မှူးတစ်ဦး ရှာဖွေနေတဲ့ မန်ယူအသင်းဟာ ပီယာတက် ရဲ့ ခြေစွမ်းကို သဘောကျနေခဲ့ပြီး အရင်ဆုံး အငှားနဲ့ခေါ်ယူဖို့ ကြိုးစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အူဘာမီယန်း ။  ။ ဘာစီလိုနာအသင်းနည်းပြသစ် ကီကေး က ဘာစီလိုနာဟာ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်း ကိုခေါ်ယူဖို့ အမှန်တကယ်စိတ်ဝင်စားနေကြောင်း အသိပေးလိုက်ပါတယ်။ ဒဏ်ရာရနေတဲ့ တိုက်စစ်မှူး ဆွာရက်ဇ်ရဲ့နေရာကို အူဘာမီယန်းနဲ့ အစားထိုးဖို့ ဘာစီလိုနာအသင်းက စီစဉ်နေတာဖြစ်ပြီး ဒီကစားသမားကို အငှားနဲ့ခေါ်ယူဖို့လည်း ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းကစားသမားဟောင်း ချာလီ နီကိုလပ်စ် က နည်းပြ အာတီတာအနေနဲ့ အသင်းကွင်းလယ်လူ ဇာခါ ကို ဒီအပြောင်းအရွှေ့မှာ ရောင်းချသင့်ကြောင်း အကြံပြုလိုက်ပါတယ်။ နီကိုလပ်စ်က အာဆင်နယ်အသင်းအနေနဲ့ အသင်းရဲ့ခံစစ်ပိုင်းကို ပိုမိုတောင့်တင်းအောင်လုပ်ဖို့သာ အာရုံစိုက်သင့်ပြီး ဇာခါ ကိုရောင်းကာ၊ ခံစစ်မှူးတစ်ဦးခေါ်ယူဖို့ အကြံပေးလိုက်တာပါ။

READ
ဘရာဇီးလ်နဲ့အတူ နေမာ ပြန်လာမယ်….

Linn

Source : TheSun , Goal , Mirror

SHARE