၂၃-၁-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Goal

အာဆင်နယ် ။   ။ ရှက်တာဒိုးနက်အသင်းနောက်ခံလူ မတ်ဗီယန်ကို ရဲ့ အေးဂျင့်ဖြစ်သူက အာဆင်နယ်အသင်းဟာ သူ့ရဲ့ကစားသမားကိုခေါ်ယူဖို့ ဆက်သွယ်နေကြောင်း တရားဝင်ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်ဟာ ကာလရှည်ဒဏ်ရာရသွားခဲ့တဲ့ နောက်ခံလူ ချန်ဘာရဲ့နေရာမှာ နောက်ခံလူတစ်ဦးကို အစားထိုးဖို့ ပြင်ဆင်နေတာဖြစ်ပြီး အသက် (၂၃)နှစ်အရွယ် နောက်ခံလူကို ခေါ်ယူဖို့ ကြိုးစားနေတာပါ။

အိုဇေးလ် ။       ။ အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက် ရဲ့ လှုပ်ရှားမှုတွေ ပြန်လည်စတင်လာနေပြီလို့ Mirror က ဖော်ပြပါတယ်။ ၀ိန်းရွန်နီ ရဲ့ အသင်းဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဒီစီယူနိုက်တက်ဟာ အသင်းကနေ ရွန်နီ ထွက်ခွာသွားချိန်မှာ အသင်းရဲ့ ပုံရိပ်အတွက် အိုဇေးလ်ကိုခေါ်ယူဖို့ ကြိုးစားလာတာဖြစ်ပြီး အိုဇေးလ်ရဲ့ အေးဂျင့်ဖြစ်သူနဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့အကြောင်း သတင်းတွေ ထွက်နေခဲ့တာပါ။

READ
(၄-၄-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

 

ဆိုးလ်ရှား ။      ။ အာဆင်နယ်အသင်း နောက်ခံကစားသမား မာတင်ကီးအွန်က မန်ယူအသင်းနည်းပြ ဆိုးလ်ရှားအနေနဲ့ ရာသီမကုန်ခင်မှာပဲ အထုတ်ပယ်ခံမှာဖြစ်တယ်လို့ ခန့်မှန်းလိုက်ပါတယ်။ ဘန်လေကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ဆိုးလ်ရှားကိုယ်တိုင်က သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ မရေရာတဲ့အခြေအနေမှာ ရှိနေကြောင်း ဖွင့်ဟသွားခဲ့တာပါ။ ဆိုးလ်ရှားရဲ့နေရာအတွက် စပါးနည်းပြဟောင်း ပိုချက်တီနို က ရေပန်းစားနေပြီး ဆိုးလ်ရှားဟာ မန်ယူနည်းပြ ရာထူးကို ရာသီကုန်ဆုံးချိန်အထိ ဆုပ်ကိုင်ထားနိုင်ဖို့မရှိဘူးလို့ ကီးအွန်က သုံးသပ်လိုက်ပါတယ်။

ပါယက် ။         ။ ၀က်စ်ဟမ်းအသင်းဟာ အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ဖြစ်ခဲ့ဖူးတဲ့ ပါယက် ကို အသင်းဆီ ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း L’Equipe သတင်းစာက ဖော်ပြပါတယ်။ (၂၀၁၅)ကနေ (၂၀၁၇)အထိ ၀က်စ်ဟမ်းအသင်းမှာ ကစားခဲ့ပြီး အသင်းအတွက် (၁၂) ဂိုး သွင်းပေးခဲ့တဲ့ ကစားသမားဟာ (၂၀၁၇)ခုနှစ်မှာ မာဆေးလ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တာပါ။ ဒါပေမယ့် တန်းဆင်းဇုန်ထဲမရောက်အောင် ရုန်းကန်နေရပြီဖြစ်တဲ့ ၀က်စ်ဟမ်းကို ပြန်လည်ကယ်တင်ဖို့ ပါယက်တစ်ယောက် ပြန်ရောက်လာဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

စပိန် ။  ။ စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဌအဖြစ် ရီးယဲလ်ဂိုးသမားဟောင်း ကာဆီးလက်စ်နဲ့ စပိန်ဝန်ကြီးချုပ်ဟောင်း မာရီယာနို တို့ ၀င်ရောက်အရွေးခံမှာဖြစ်တယ်လို့ Marca က ဖော်ပြပါတယ်။ လက်ရှိမှာ စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဌအဖြစ် ရူဘီယာလက်စ် က ဆောင်ရွက်နေတာဖြစ်ပြီး ဒီနှစ်မှာ ပြုလုပ်မယ့် ဥက္ကဌရွေးကောက်ပွဲမှာ ကာဆီးလက်စ်နဲ့ မာရီယာနို တို့က ၀င်ရောက်ယှဉ်ပြိုင်သူတွေဖြစ်လာကြမှာပါ။ နိုင်ငံရေးနယ်ပယ်မှာ သြဇာလွှမ်းမိုးတဲ့ မာရီယာနို ကြောင့် ကာဆီးလက်စ်အနေနဲ့ ဥက္ကဌဖြစ်လာဖို့ မလွယ်ဘူးလို့ သုံးသပ်မှုတွေ ရှိနေပေမယ့် ခြစားမှုကြောင့် ရာထူးကနေ နုတ်ထွက်ခဲ့ရတဲ့ မာရီယာနို ကို စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဖြစ်လာဖို့ ကန့်ကွက်သူတွေလည်းများနေကြတယ်လို့ သိရပါတယ်။

READ
ကားမတော်တဆမှုကြောင့် နံရိုးကျိုးဒဏ်ရာ ရရှိပြီး၊ ချဲလ်ဆီးနဲ့ပွဲကို လွဲချော်ရတော့မည့်အဂူရို

Linn

Source : TheSun , Goal , Mirror

SHARE