၂၄-၁-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Goal

လူကာကူ ။      ။ မန်ယူအသင်းကနေ အင်တာမီလန်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူး လူကာကူ က သူ့ရဲ့နည်းပြဟောင်း မော်ရင်ဟို တစ်ယောက် မန်ယူအသင်းမှာ ဘယ်လိုတွေ ဒုက္ခများခဲ့သလဲဆိုတာကို ဖွင့်ဟလိုက်ပါတယ်။ လူကာကူ က မော်ရင်ဟို ဟာ မန်ယူအသင်းကို ကိုင်တွယ်စဉ်မှာ သူလိုချင်တဲ့ ကစားသမားမျိုးကို ရရှိခြင်းမရှိခဲ့တာကြောင့် ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။

အာဆင်နယ် ။ ။ အက်သလက်တီကို တောင်ပံကစားသမား လီမာ ကိုခေါ်ယူဖို့ ကြိုးစားနေမှုမှာ အာဆင်နယ်အသင်းက ရှေ့ဆုံးက ဦးဆောင်နေတယ်လို့ marca က ဖော်ပြပါတယ်။ အာဆင်နယ်ဟာ လီမာ ကို အငှားနဲ့ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပေမယ့် အပြီးသတ်ရောင်းချင်နေတဲ့ အက်သလက်ကြောင့် ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူရဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
အာဆင်နယ်အသင်းမှာ ဝင်းဂါးဆက်ရှိနေခြင်းကို မိမိလုံးဝနားမလည်နိုင်ကြောင်း မော်ရင်ဟိုဆို

ဝုဗ် ။    ။ ရီးယဲလ်အသင်းဟာ ၀ုဗ်အသင်းဆီ အငှားချထားတဲ့ နောက်ခံလူ ဗယ်လီဂျို ကို စပိန်ကလပ် ဂရန်နာဒါအသင်းဆီ ပြောင်းရွှေ့အငှားချလိုက်ပါတယ်။ အသက် (၂၃)နှစ်အရွယ် ဗဟိုနောက်ခံ ကစားသမားဟာ ၀ုဗ်အသင်းအတွက် (၂)ပွဲသာ ကစားပေးခဲ့ရတာကြောင့် ရီးယဲလ်အနေနဲ့ ပြောင်းရွှေ့အငှားချလိုက်တာဖြစ်တယ်လို့ Goal က ဖော်ပြပါတယ်။

 

မန်ယူ ။ ။ မန်ယူအသင်းဟာ PSG တိုက်စစ်မှူး ကာဗာနီ ကိုခေါ်ယူဖို့ ကြိုးစားလာနေပြီလို့ တယ်လီဂရပ်ဖ်က ဖော်ပြပါတယ်။ စပို့တင်းကွင်းလယ်လူ ဖာနန်ဒက်စ်ကို လက်လွှတ်ရလုနီးပါးဖြစ်နေတဲ့ မန်ယူအသင်းဟာ ပရိသတ်တွေရဲ့ အမုန်းဒဏ်ကို ရှောင်ရှားဖို့အတွက် ကစားသမားသစ် တစ်ဦးကို အမြန်ရှာဖွေနေပြီး ကာဗာနီ ကို အက်သလက်အသင်းနဲ့အပြိုင် ခေါ်ယူရဖွယ်ရှိတယ်လို့ Mirror က ဖော်ပြပါတယ်။

နာပိုလီ ။         ။ နာပိုလီအသင်းဟာ သူတို့ရဲ့ ကွင်းလယ်ကစားသမား အယ်လန် ရဲ့ တန်ကြေးကို ပေါင်(၄၂)သန်းအဖြစ် သတ်မှတ်လိုက်ပါတယ်။ အဲဗာတန်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘရာဇီးကွင်းလယ်လူ ကို နာပိုလီအသင်းက ရောင်းချဖို့ စီစဉ်နေတာဖြစ်ပြီး အန်ဆယ်လော့တီ ကတော့ သူ့ရဲ့အသင်းဟောင်း နာပိုလီကစားသမားတွေကို ပြန်လည်ခေါ်ယူဖို့ ကြိုးစားနေခဲ့တာပါ။

READ
၂၉-၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE