၂၇-၁-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

ဂျရတ် ။         ။ မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ ဟတ် အသင်းကို (၂-၁)နဲ့ရှုံးနိမ့်ခဲ့တဲ့ ရိန်းဂျားအသင်းနည်းပြ ဂျရတ်က သူ့အနေနဲ့ အခွင့်အရေးသာရှိရင် ကစားသမား(၈)ဦးလောက် အသစ်ခေါ်လိုက်ချင်ကြောင်း ဟာသလုပ် ပြောဆိုလိုက်ပါတယ်။ ဂျရတ်ရဲ့ ရိန်းဂျားအသင်းဟာ ဒီရှုံးပွဲကြောင့် အဓိက ပြိုင်ဖက်ဖြစ်တဲ့ ဆဲလ်တစ်နဲ့ (၅)မှတ်ကွာဟသွားခဲ့ပြီး ချန်ပီယံဆုအတွက် ခက်ခဲတဲ့ အနေအထားတစ်ခုဆီ ရောက်ရှိသွားခဲ့ပါတယ်။

ဖလာမင်ဂို ။    ။ ဘရာဇီးကလပ် ဖလာမင်ဂိုအသင်းဟာ အင်တာမီလန်အသင်းဆီကနေ အငှားနဲ့ ပြန်လည်ခေါ်ယူထားတဲ့ တိုက်စစ်မှူးဟောင်း ဘာဘိုဆာ ကို ပေါင်(၁၅)သန်းနဲ့ အပြီးသတ်ခေါ်ဖို့ သဘောတူလိုက်ပြီလို့ Goal က ဖော်ပြပါတယ်။ အသက် (၂၃)နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီမှာ အင်တာမီလန်ကနေ အငှားလာရောက်ကစားပေးခဲ့တာဖြစ်ပြီး ဖလာမင်ဂိုအတွက် ကစားပေးခဲ့တဲ့ (၅၉)ပွဲမှာ (၄၃)ဂိုး သွင်းယူနိုင်ခဲ့တာပါ။

 

အိုလ်မို ။         ။ လိုက်ပ်ဇစ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်တဲ့ ဒိုင်နမိုဇာဂရက်တောင်ပံကစားသမား အိုလ်မို က အေစီမီလန်၊ ဘိုင်ယန်မြူးနစ်အသင်းတွေဆီက ကမ်းလှမ်းမှုတွေရခဲ့ပေမယ့်လည်း ပယ်ချခဲ့ပြီး လိုက်ပ်ဇစ်ကိုသာ ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ အသက် (၂၁)နှစ်အရွယ် ကွင်းလယ်တိုက်စစ်ကစားသမားဟာ သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ ဘာစီလိုနာရဲ့ ချိတ်ဆက်ခြင်းကိုလည်း ခံခဲ့ရပြီး ဂျာမနီမြေကိုပြောင်းဖို့သာဆုံးဖြတ်သွားခဲ့တာပါ။

အေဂျက်ဇ် ။    ။ အေဂျက်ဇ်အသင်းနဲ့ စပါးအသင်းတို့ သဘောတူညီထားခဲ့တဲ့ စာချုပ်အရ စပါးအသင်းဟာ အဲရစ်ဆင်ကိုရောင်းချရာကနေ ရမယ့်ငွေကြေးရဲ့ (၁၀)ရာခိုင်နှုန်းကို အေဂျက်ဇ်အသင်းဆီပေးရမှာဖြစ်တယ်လို့ Mirror က ဖော်ပြပါတယ်။ အဲရစ်ဆင်ဟာ ဒီအပြောင်းအရွှေ့မှာ အင်တာမီလန်အသင်းဆီ ပေါင်(၁၇)သန်းနဲ့ ရောက်ရှိသွားဖို့ရှိနေပြီး အေဂျက်ဇ်အသင်းအနေနဲ့ ဒီအပြောင်းအရွှေ့ကနေ ပေါင်(၂)သန်းနီးပါးလောက် ရရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အာဆင်နယ် ။  ။ အာဆင်နယ်အသင်းဟာ ဖလာမင်ဂိုအသင်းရဲ့ နောက်ခံလူ ပါဘလို မာရီ ကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးဖြစ်နေပြီလို့ Daily Mail က ဖော်ပြပါတယ်။ အသက် (၂၆)နှစ်အရွယ် နောက်ခံလူ ကို အာဆင်နယ်က အငှားနဲ့ခေါ်ယူမှာဖြစ်ပြီး စာချုပ်ပြည့်ချိန်မှာ ပေါင်(၇.၅)သန်းနဲ့ ခေါ်ယူခွင့်ရှိမယ်ဆိုတဲ့အချက်ကို ထည့်သွင်းချုပ်ဆိုမယ်လို့ သိရပါတယ်။ မာရီ ဟာ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီက ဘရာဇီးစီးရီးအေရဲ့တစ်နှစ်တာအကောင်းဆုံး ကစားသမားစာရင်းထဲမှာ ပါဝင်ခဲ့သူဖြစ်ပြီး အဲဒီ စာရင်းထဲမှာ (၂)နှစ်ဆက်တိုက် ပါဝင်နိုင်ခဲ့သူပါ။

READ
(၇-၅-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ပီယာတက် ။   ။ အေစီမီလန်အသင်းရဲ့ တိုက်စစ်မှူး ပီယာတက်ခ် ဟာ ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့တယ်လို့ Goal က ဖော်ပြပါတယ်။ ချယ်လ်ဆီးဟာ အသင်းကနေ ထွက်ခွာတော့မယ့် တိုက်စစ်မှူး ဂျီရော့ဒ်ရဲ့နေရာမှာ ပီယာတက် ကို အစားထိုးဖို့ ပြင်ဆင်နေတာဖြစ်ပြီး အပြောင်းအရွှေ့မပိတ်ခင် ရက်ပိုင်းအလိုမှာ ကစားသမားသစ်တစ်ဦး ခေါ်ယူနိုင်ဖို့ ကြိုးစားလာခဲ့တာပါ။

Linn

Source : TheSun , Goal , Mirror

SHARE