၂၉-၁-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter

မန်ယူ ။ ။ မန်ယူအသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် အင်္ဂလန်မြေကို ဆေးစစ်ဖို့ ရောက်လာတော့မယ့် ဘရူနိုဖာနန်ဒက်စ်ရဲ့ ပုံရိပ်တွေကို ဆိုရှယ်မီဒီယာတွေမှာ တွေ့နေရပါပြီ။ မန်ယူအသင်းနဲ့ (၄)နှစ်ခွဲ စာချုပ် ချုပ်ဆိုတော့မယ့် ဖာနန်ဒက်စ်ရဲ့ လေဆိပ်ကိုရောက်ရှိနေတဲ့ ပုံရိပ်တွေကို တွစ်တာပေါ်မှာ မန်ယူပရိသတ်တွေ တင်နေကြပြီး မန်ချက်စတာမြေမှာ မကြာခင် တွေ့ကြရဖို့ မျှော်လင့်နေကြပါတယ်။

စပါး ။   ။ စပါးအသင်းဟာ PSV အသင်းရဲ့တောင်ပံကစားသမား ဘတ်ဂ်ျဝင်း ကို ပေါင်(၂၅)သန်းနဲ့ ခေါ်ယူနိုင်တော့မှာဖြစ်တယ်လို့ Mirror က ဖော်ပြပါတယ်။ စပါးအသင်းရဲ့ ကစားသမားသစ်ခေါ်ယူဖို့အတွက် ဘတ်ဂျက်ဟာ ပေါင်(၁၀)သန်းသာ ရှိပေမယ့် အဲရစ်ဆင် ကို အင်တာမီလန်အသင်းဆီ ရောင်းချထားတဲ့ ပေါင်(၁၇)သန်းလောက် ရှိနေတာကြောင့် ဒီကစားသမားကို ခေါ်ယူဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သတင်းတွေကဖော်ပြနေကြပါတယ်။

ဘာစီလိုနာ ။    ။ တိုက်စစ်မှူးသစ် တစ်ယောက်အမြန်ဆုံးခေါ်ယူဖို့ ကြိုးစားနေတဲ့ ဘာစီလိုနာရဲ့ နောက်ဆုံး ပစ်မှတ်ဟာ အေဂျက်ဇ်တိုက်စစ်မှူး တာဒစ် ဖြစ်လာနေတယ်လို့ Goal က ဖော်ပြပါတယ်။ အသက် (၃၁)နှစ်အရွယ် တိုက်စစ်မှူးဟာ ဘာစီလိုနာရဲ့ ချိတ်ဆက်မှုကို လက်ခံရရှိနေပြီး အေဂျက်ဇ်အနေနဲ့တော့ သူတို့ရဲ့ အဓိက ကစားသမားကို ရောင်းချသွားဖို့ စဉ်းစားမှာမဟုတ်ဘူးလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းဟာ ဖလာမင်ဂိုအသင်းနောက်ခံလူ ပါဘလို မာရီ ကို ပေါင်(၄.၂)သန်းနဲ့ ရာသီကုန်အထိ အငှားခေါ်ဖို့ သဘောတူလိုက်ပါပြီ။ အာဆင်နယ်အားကစားဒါရိုက်တာ အီဒူးနဲ့အတူ လေဆိပ်ကိုရောက်လာတဲ့ မာရီ ရဲ့ ပုံရိပ်တွေကို တွစ်တာမှာ မြင်တွေ့နေရပြီး အာဆင်နယ်အသင်းအနေနဲ့ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ဒီ ကစားသမားကို အပြီးသတ် စာချုပ်ချုပ် ခေါ်ယူသွားဖို့ ရှိတယ်လို့ သိရပါတယ်။

ဝုဗ် ။    ။ ၀ုဗ်အသင်းကလည်း အိုလံပီယာကော့စ်တောင်ပံကစားသမား ဒန်နီယယ် ပိုဒန့်စ် ကို ပေါ(၁၆.၉)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။ အသက် (၂၄)နှစ်အရွယ် ကစားသမားဟာ ၀ုဗ်အသင်းဆီ ဆေးစစ်မှုခံယူဖို့ ရောက်လာခဲ့ပြီဖြစ်ပြီး ကလပ်အသင်း သမိုင်းတစ်လျှောက်မှာ စတုတ္ထမြောက် ဈေးအကြီးဆုံး ခေါ်ယူမှု ဖြစ်ခဲ့ပါတယ်။

Linn

READ
လာမည့်ရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ထိပ်သီးကစားသမားများ

Source : TheSun , Goal , Mirror

SHARE