၃၀-၁-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Goal

ဘာစီလိုနာ ။    ။ ဘာစီလိုနာအသင်းဟာ ပေါ်တူဂီရဲ့ ရော်နယ်ဒို လက်သစ်လို့ သတ်မှတ်ခံထားရတဲ့ တောင်ပံတိုက်စစ်ကစားသမားလေး ထရင်ကာအို ကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ Mirror က ဖော်ပြပါတယ်။ ပေါ်တူဂီကလပ် ဘရာဂါအသင်းရဲ့ အသက် (၂၀)အရွယ် ကစားသမားလေးကို ဘာစီလိုနာက ပေါင်(၁၇)သန်းနဲ့ ခေါ်ယူချင်နေတာဖြစ်ပြီး ဆွာရက်ဇ်ရဲ့နေရာကို အစားထိုးဖို့ စီစဉ်နေတာပါ။

နဗီးလ် ။    ။ မန်ယူအသင်းနောက်ခံကစားသမားဟောင်း ဂယ်ရီနဗီး က မန်ယူအသင်းအနေနဲ့ ဖာနန်ဒက်စ်အပြင် နောက်ထပ် ကစားသမားတွေ ခေါ်ယူသင့်သေးတယ်လို့ တိုက်တွန်းလိုက်ပါတယ်။ မန်ယူအသင်းဟာ ဖာနန်ဒက်စ်ရဲ့ အပြောင်းအရွှေ့ကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီးနောက် နောက်ထပ် ကစားသမားသစ်တွေ ဆက်လက်ခေါ်ယူသင့်သေးကြောင်းနဲ့ တိုက်စစ်ပိုင်းကို အားဖြည့်သင့်သေးကြောင်း နဗီးလ်က တိုက်တွန်းလိုက်တာပါ။

 

စပါး ။   ။ စပါးအသင်းဟာ အသက် (၂၂)နှစ်အရွယ် နောက်ခံလူ ကာတာ ဗစ်ကာစ် ကို ချန်ပီယံရှစ်ကလပ် လူတန်တောင်း အသင်းဆီ အငှားချလိုက်ပြီ ဖြစ်ပါတယ်။ စပါးအသင်းရဲ့ လူငယ်စီမံကိန်းတွေကနေ ထွက်ပေါ်လာတဲ့ ကစားသမားဟာ (၂၀၁၇)ခုနှစ်ကတည်းက တခြားအသင်းတွေဆီ အငှားသွားရောက်ကစားခဲ့ရတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီဝက်တုန်းက စတုခ်စီးတီးအသင်းအတွက် အငှားသွားရောက်ကစားပေးခဲ့တာပါ။

READ
၁၈-၁၀-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

 

လိုင်ယွန် ။       ။ လိုင်ယွန်အသင်းဟာ ဘရာဇီးကလပ် အက်သလက်တီကို အသင်းရဲ့ ကွင်းလယ်ခံစစ် ကစားသမား ဘရူနို ဂွီမာရေးစ် ကို ပေါင်(၁၇)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အသက် (၂၂)နှစ်အရွယ် ကစားသမားဟာ လိုင်ယွန်အသင်းနဲ့ (၄)နှစ်ခွဲ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပြီး ပြင်သစ်မြေကို ရောက်ရှိသွားခဲ့ပါပြီ။

ဝေါ်လ်ကာ ပီတာ ။       ။ စပါးအသင်း နောက်ခံလူ တစ်ဦးဖြစ်တဲ့ ဝေါ်လ်ကာ ပီတာ ကလည်း ဆောက်သမ်တန်အသင်းဆီ အငှားနဲ့ ရောက်ရှိသွားခဲ့ပါပြီ။ အသက် (၂၂)နှစ်အရွယ် နောက်ခံလူဟာ (၂၀၁၅)ခုနှစ်ကတည်းက စပါးအသင်းကြီးဆီ ရောက်လာခဲ့ပေမယ့်လည်း (၁၂)ပွဲသာ ကစားပေးထားရပြီး အခုလို အငှားချခံလိုက်ရတာပါ။

ရိုဟို ။   ။ မန်ယူအသင်းနောက်ခံလူ ရိုဟို ကတော့ သူ့ရဲ့မွေးရပ်မြေကလပ်ဖြစ်တဲ့ အက်စ်ကျူဒီယန်တေး ကလပ်ဆီကို ပြန်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ ကစားသမားရဲ့ မိခင် ဖြစ်သူက ဆိုပါတယ်။ ရိုဟိုရဲ့ မိခင်ဖြစ်သူက အင်စတာဂရမ်မှာ သားဖြစ်သူ အသင်းပြောင်းတော့မယ့်အကြောင်းကို ရေးသားသွားခဲ့တာဖြစ်ပြီး သူ့အနေနဲ့ ဒီလိုနေ့မျိုးရောက်ဖို့ အများကြီး စောင့်ဆိုင်းခဲ့ရတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Linn

READ
၁၁-၁၂-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Source : TheSun , Goaal , Mirror

SHARE