၃၁-၁-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

ဖာနန်ဒက်စ် ။    ။ မန်ယူအသင်းကို ရောက်ရှိလာခဲ့ပြီဖြစ်တဲ့ ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်က သူ့ရဲ့နိုင်ငံအသင်းဖော် ရော်နယ်ဒို တစ်ယောက် မန်ယူမှာ ကစားနေတဲ့အချိန်တွေမှာကတည်းက မန်ယူအသင်းအတွက် ကစားပေးချင်စိတ်တွေ ပေါ်လာခဲ့မိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အသက် (၂၅)နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပေါ်တူဂီမှာ ရော်နယ်ဒိုနဲ့ အတူတွဲဖက်ကစားခွင့်ကို ရရှိနေပြီဖြစ်ပြီး ရော်နယ်ဒိုရဲ့အသင်းဟောင်း မန်ယူအသင်းဆီရောက်ရှိလာတာပါ။ ဖာနန်ဒက်စ်က သူ့အနေနဲ့ မန်ယူအသင်းကို အောင်မြင်မှုတွေနဲ့ ဆုဖလားတွေဆီ ပြန်လည်ရောက်ရှိအောင် အတတ်နိုင်ဆုံးကြိုးစားသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲဗာတန် ။      ။ အဲဗာတန်အသင်းဟာ လူငယ် နောက်ခံလူ မော်ဂန် ဖီနေး ကို ထရန်မဲရ်အသင်းဆီ ရာသီကုန်အထိ အငှားချလိုက်ပြီဖြစ်ပါတယ်။ အဲဗာတန် ယူ(၂၃)အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်သူ မော်ဂန် ဟာ အသက် (၂၀)သာ ရှိသေးပြီး သူ့အတွက် အတွေ့အကြုံတွေပိုရလိမ့်မယ်လို့ မျှော်လင့်ကြောင်း အဲဗာတန်အသင်းက ကြေညာထားပါတယ်။

နောဝှစ်ခ်ျ ။      ။ နောဝှစ်ခ်ျအသင်းဟာ အသက် (၁၉)နှစ်အရွယ် လူငယ်နောက်ခံကစားသမားလေး ဆမ် မက်ကော်လင် ကို ကိုဗန်ထရီအသင်းဆီကနေ ခေါ်ယူလိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆမ် ကို ကိုဗန်ထရီအသင်းဆီ ရာသီကုန်အထိ ပြန်လည်အငှားချထားပေးရမှာဖြစ်ပြီး လာမယ့်ရာသီမှာမှ နောဝှစ်ခ်ျအတွက် ကစားပေးနိုင်မှာပါ။

ရိုးမား ။ ။ ရိုးမားအသင်းဟာ အသက် (၃၁)နှစ်အရွယ် ကွင်းလယ်ခံစစ် ကစားသမား အန်ဇွန်ဇီ ကို ရင်းနက်စ်အသင်းဆီ ရာသီကုန်အထိ အငှားချလိုက်ပါတယ်။ နောက်ခံလူတစ်ဦးဖြစ်တဲ့ ဖလော်ရန်ဇီကိုလည်း ဗလင်စီယာအသင်းဆီ အငှားချထားတဲ့ ရိုးမားဟာ အသင်းအတွက် အားကိုးရတဲ့ ကစားသမားတွေကို အဆုံးရှုံးခံနေတယ်လို့သတင်းတွေက ဖော်ပြနေကြတာပါ။

READ
စပိန်အာဏာပိုင်တွေရဲ့ အခွန်ရှောင်လွှဲမှု နောက်ဆုံးသားကောင်ဖြစ်လာတဲ့ မော်ရင်ဟို

ကာရက်စ်ကို ။   ။ တရုတ်စူပါလိဂ်မှာ သွားရောက်ကစားနေတဲ့ တောင်ပံကစားသမား ကာရက်စ်ကို ဟာ အသင်းဟောင်း အက်သလက်တီကို ဆီ ရာသီကုန်အထိ အငှားနဲ့ ပြန်လည်ရောက်ရှိတော့မယ်လို့ AS က ဖော်ပြပါတယ်။ အက်သလက်ဟာ ကာရက်စ်ကို ကို အပြီးသတ်ခေါ်ယူခွင့်ရှိတယ်ဆိုတဲ့ အချက်ကို အငှားစာချုပ်မှာ ထည့်သွင်းချုပ်ဆိုသွားမှာဖြစ်ပြီး ဆေးစစ်မှုပြုလုပ်ဖို့ စပိန်မြေကို လာနေပြီလို့ သတင်းတွေက ဖော်ပြနေတာပါ။

မာတစ် ။         ။ မန်ယူအသင်း ကွင်းလယ်ကစားသမား မာတစ် က သူ့အနေနဲ့ မန်ယူမှာပဲ ဆက်ပြီး ကစားရဖို့ မျှော်လင့်နေကြောင်းနဲ့ မန်ယူမှာကစားချင်တာကြောင့် အခြားအသင်းတွေဆီက ကမ်းလှမ်းမှုတွေကို ပယ်ချထားခဲ့ကြောင်း ဖွင့်ဟလိုက်ပါတယ်။ ဒီရာသီကုန်ရင် မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းကုန်တော့မယ့် အသက် (၃၁)နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေရပြီး အင်တာမီလန်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ထားခဲ့တာပါ။

READ
၁၃-၁၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Linn

Source : AS , Goal , Mirror

SHARE