၁-၄-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဂွာဒီယိုလာ ။       ။ မန်စီးတီးနည်းပြ ဂွာဒီယိုလာက မန်စီးတီးဟာ လက်ရှိရာသီမှာ ဖလားလေးလုံးစလုံး ဆွတ်ခူးရယူသွားဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့အကြောင်း ပြောကြားလိုက်ပါတယ်။ နိုင်ငံတကာပွဲစဉ်ကာလအပြီး ဖူလ်ဟမ်အသင်းနဲ့ တွေ့ဆုံကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးဟာ အမှားအယွင်းမရှိ (၂-၀)ဂိုးနဲ့ အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ လက်ရှိရာသီမှာ ကာရာဘောင်(လိဂ်)ဖလားကို ရရှိထားပြီးဖြစ်တဲ့ ဂွာဒီယိုလာရဲ့မန်စီးတီးဟာ ပရီးမီးယားလိဂ်ဖလားကိုဆွတ်ခူးရရှိနိုင်ဖို့ အကောင်းဆုံးအနေအထားမှာ ရှိနေတဲ့အပြင် အက်ဖ်အေဖလားပြိုင်ပွဲမှာဆီမီးဖိုင်နယ်အဆင့်ကိုရောက်ရှိနေပြီး ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။ ဂွာဒီယိုလာက သူနဲ့ သူ့ရဲ့ကစားသမားတွေဟာ စိန်ခေါ်မှုတွေအတွက် အသင့်ဖြစ်နေကြပြီး မန်စီးတီးကို ကြီးကျယ်တဲ့မှတ်တမ်းမျိုးရရှိအောင် စွမ်းဆောင်ပေးသွားမယ်လို့ ပြောဆိုသွားခဲ့တာပါ။

မာကွင်ဟို ။        ။ PSG အသင်းနောက်ခံကစားသမား မာကွင်ဟို က အသင်းကစားသမားတွေဟာနည်းပြ တူချယ်နဲ့ အဆင်ပြေနေကြကြောင်းနဲ့ တူချယ်ကိုသာ အသင်းမှာ ဆက်ရှိစေချင်ကြကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ PSG အသင်းဟာ တူချယ်ရဲ့နေရာမှာ မန်ယူနည်းပြဟောင်း မော်ရင်ဟို ကို အစားထိုးမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ နည်းပြအပြောင်းအလဲဖြစ်လိမ့်မယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။ PSG ဟာ ဥရောပအောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်ခြင်းမပြုနိုင်တဲ့နည်းပြ တူချယ်ကို မော်ရင်ဟိုနဲ့ လဲလှယ်ချင်နေတာဖြစ်ပြီး ကစားသမားတွေကတော့ တူချယ်ရဲ့ လက်အောက်မှာ အဆင်ပြေနေကြတယ်လို့ မာကွင်ဟို က ဆိုလိုက်တာပါ။

READ
၂၂-၉-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
PA

အယ်လ်မီရွန် ။    ။ နယူးကာဆယ်အသင်းနည်းပြ ဘင်နီတက်ဇ် က ဒီရာသီမှာ အသစ်ခေါ်ယူထားတဲ့ ကွင်းလယ်လူ အယ်လ်မီရွန်တစ်ယောက် ဂိုးမသွင်းနိုင်ခြင်းကို စိတ်မပူမိကြောင်းနဲ့ အယ်လ်မီရွန်ဟာ အရည်အချင်းရှိတဲ့ ကစားသမားမျိုးဖြစ်ကြောင်း ချီးကျူးလိုက်ပါတယ်။ အယ်လ်မီရွန်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီအပြောင်းအရွှေ့က ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်(၂၁)သန်းနဲ့ နယူးကာဆယ်အသင်းဆီ ရောက်လာခဲ့ပြီး လက်ရှိအချိန်အထိ ဂိုးမသွင်းနိုင် ဖြစ်နေခဲ့ရပါတယ်။ ဘင်နီတက်ဇ်က နယူးကာဆယ်အသင်းဟာ အယ်လ်မီရွန်ရဲ့နေရာမှာ ကစားနိုင်တဲ့ ပီရက်ဇ်၊ရွန်ဒွန် တို့လို ကစားသမားမျိုးတွေ ရှိနေတာကြောင့် စိုးရိမ်စရာမလိုဘူးလို့ ပြောဆိုလိုက်တာပါ။

AP

ဆိုးလ်ရှား ။        ။ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာအနေနဲ့ လတ်တလော ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေပေမယ့်လည်း အိုးထရက်ဖို့ဒ်မှာ ပေါ့ဂ်ဘာဟာ အရေးပါတဲ့ ကစားသမားဖြစ်တယ်လို့ ရှင်းပြသွားခဲ့ပါတယ်။ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့အပတ်မှာတုန်းက ရီးရဲလ်နဲ့ ဇီဒန်းအတွက် ကစားပေးဖို့ဟာ သူ့ရဲ့အိပ်မက်ဖြစ်ကြောင်းပြောကြားခဲ့သလို ပြင်သစ်သားနည်းပြ ဇီဒန်းဟာလည်း ပေါ့ဘာကို သဘောကျမိကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒါပေမယ့်လည်း ဆိုးလ်ရှားကတော အဆိုပါသတင်းတွေအပေါ်မှာ ဂရုမစိုက်ပဲ အသင်းရဲ့အနာဂတ်အစီအစဉ်မှာ ပေါ့ဂ်ဘာရဲ့ လွှမ်းမိုးမှုကို လိုအပ်ကြောင်းရှင်းပြသွားခဲ့ပါတယ်။

READ
၂၅-၁၀-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
Man United

ဘက်ခမ် ။          ။ မန်ယူအသင်းရဲ့ ဂန္တဝင်တစ်ဦးဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းက အသင်းဖော်ဟောင်း ဆိုးလ်ရှားအနေနဲ့ ယူနိုက်တက်ရဲ့အမြဲတမ်းနည်းပြဖြစ်လာခဲ့တဲ့အပေါ်မှာ ဂုဏ်ယူဝမ်းသာမိကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဆိုးလ်ရှားဟာ ယာယီနည်းပြဘဝမှာ ပရီးမီးယားလိဂ်(၁၃)ပွဲကိုင်တွယ်ခဲ့ပြီးနောက် (၁၀)ပွဲအထိအနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တဲ့အပြင် ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်အဆင့်ကိုတက်လှမ်းထားနိုင်ခဲ့တာကြောင့်အမြဲတမ်းနည်းပြရာထူးကို ထိုက်ထိုက်တန်တန်ရရှိခဲ့တာပါ။ ဘက်ခမ်က ဆိုးလ်ရှားဟာ မန်ယူအသင်းနဲ့အသင့်တော်ဆုံး နည်းပြဖြစ်ပြီး အသင်းကို အောင်မြင်မှုတွေ ပြန်ရရှိအောင် စွမ်းဆောင်ပေးနိုင်မယ်ဆိုတာ ယုံကြည်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Linn

Source : TheSun , Dailymail , Goal

SHARE