၁-၇-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter 'Mirror'

မန်ယူ ။ ။ မန်ယူအသင်းကစားသမားတွေဟာ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေအတွက် အသင်းလေ့ကျင့်ရေးကွင်းဆီ ပြန်လည်ရောက်ရှိလာကြပြီး အင်တာမီလန်ကို ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်နေတဲ့ လူကာကူလည်းရောက်လာခဲ့တယ်လို့ Mirror က ဖော်ပြပါတယ်။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားဟာ လူကာကူရဲ့အနာဂတ်နဲ့ ပတ်သက်လို့ သီးသန့်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း အသင်းရဲ့သတင်းရင်းမြစ်တွေက ပြောဆိုခဲ့ကြပေမယ့်လည်း လူကာကူရဲ့အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး သတင်းထူးတွေတော့ ဖြစ်ပေါ်လာခြင်းမရှိသေးပါဘူး။

ဒါလော့တ် ။     ။ မန်ယူအသင်းနောက်ခံကစားသမား ဒါလော့တ် က အသင်းရဲ့ညာနောက်ခံနေရာမှာ ဘစ်ဆာကာ ရောက်လာတဲ့အတွက် စိုးရိမ်မှုမရှိကြောင်းနဲ့ သူ့ရဲ့အလုပ်ကိုသာ ပိုပြီး ကြိုးစားသွားမှာဖြစ်ကြောင်း နည်းပြဆိုးလ်ရှားကို အသိပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက မန်ယူအသင်းအတွက် အရေးပါတဲ့နေရာမှာ ရှိနေခဲ့တဲ့ ဒါလော့တ်ဟာ ဒီရာသီမှာတော့ ဘစ်ဆာကာ ရောက်လာတဲ့အတွက် အရန်ခုံတန်းဆီရောက်သွားဖွယ်ရှိနေတယ်လို့ သုံးသပ်မှုတွေပေါ်ထွက်နေပါတယ်။

ရိုးမား ။ ။ ရိုးမားအသင်းဟာ နာပိုလီကွင်းလယ်လူ ဒီယာဝါရာ ကို (၃)နှစ်စာချုပ်နဲ့ခေါ်ယူလိုက်ပါတယ်။ ရိုးမားအသင်းဟာ အသင်းရဲ့အဓိက ခံစစ်ကစားသမား မာနိုလက်စ်ကို နာပိုလီအသင်းဆီရောင်းချပြီးတဲ့နောက် အပြောင်းအရွှေ့ရဲ့နောက်ထပ် အစိတ်အပိုင်းတစ်ခုအဖြစ် ဒီယာဝါရာ ကို ပြန်လည်ခေါ်ယူခဲ့တာပါ။အသက် (၂၁)နှစ်အရွယ် ဂီနီယာ ကစားသမားဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းအတွက် (၃)ပွဲ ကစားပေးထားပြီး ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ဟီဂူအင် ။       ။ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့တိုက်စစ်မှူး ဟီဂူအင်တစ်ယောက် ဂျူဗင်တပ်စ်ဆီ ပြန်သွားခဲ့ပြီဆိုတဲ့အကြောင်း ပရိသတ်တွေဆီ တရားဝင်အသိပေးလိုက်ပါပြီ။ ဒါ့အပြင် နောက်ခံလူ ကာဟေးလ် ၊ ရော့ဘ်ဂရင်း၊ အက်ဒွာဒိုနဲ့ ကိုင်လီစကော့ တို့လည်း အသင်းကနေ ထွက်ခွာသွားပြီဆိုတဲ့အကြောင်း တစ်ပါတည်း ကြေညာသွားပါတယ်။ ဒါပေမယ့် ကိုဗာဆစ် ကိုခေါ်ယူလိုက်ပြီဆိုတဲ့သတင်းကိုတော့ တရားဝင်ကြေညာမှု မပြုသေးပါဘူး။

READ
စီရော်နယ်ဒိုကို ပြောခဲ့သော မော်ရင်ဟို၏စကားကြီး(၈)ခွန်း

ဒန်ဒွန်ကာ ။     ။ ပြီးခဲ့တဲ့ ရာသီတုန်းက အန်ဒါလက် အသင်းကနေ ၀ုဗ်အသင်းဆီ အငှားလာရောက်ခဲ့တဲ့ အသက် (၂၄)နှစ်အရွယ် နောက်ခံလူ ဒန်ဒွန်ကာ ကို ၀ုဗ်အသင်းက အပြီးသတ် စာချုပ်ချုပ် ခေါ်ယူလိုက်ပြီပဲဖြစ်ပါတယ်။

ဘာစီလိုနာ ။    ။ ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူးနေမာ ကိုသာခေါ်ယူနိုင်ခြင်းမရှိခဲ့ဘူးဆိုရင် အင်တာမီလန်တိုက်စစ်မှူး မာတီနက်ဇ်ကို အစားထိုးခေါ်ယူသွားဖို့ ပြင်ဆင်နေပါတယ်။ ကိုပါအမေရိကပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ မာတီနက်ဇ်ကို အင်တာမီလန်က ပေါင်သန်း(၁၀၀)လောက်ရမှ ရောင်းချလိမ့်မယ်လို့ သတင်းတွေထွက်နေခဲ့ပြီး ဘာစီလိုနာဟာ ဆွာရက်ဇ်ရဲ့နေရာကို မာတီနက်ဇ်နဲ့အစားထိုးလိမ့်မယ်လို့ Daily Star က ဖော်ပြနေတာပါ။

READ
မန်ယူအသင်းလေ့ကျင့်ရေးစခန်းသို့ဖာဂူဆန်ကိုဖိတ်ခေါ်လိုက်တဲ့ မော်ရင်ဟို
(AP Photo/Leo Correa)

Linn

Source : Mirror , TheSun , Goal

SHARE