၇-၁-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းဟာ (၂၀၂၀-၂၁)ရာသီမှာ ၀တ်ဆင်မယ့် ဂျာစီ စပွန်ဆာ အဖြစ် Nike ကုမ္ပဏီနဲ့ သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိမှာ New Balance ကုမ္ပဏီနဲ့ စာချုပ် ချုပ်ဆိုထားခဲ့ပေမယ့် လာမယ့်ရာသီသစ်မှာတော့ လက်တွဲဖြုတ်ဖို့ သေချာသွားခဲ့တာပါ။

ဂွာဒီယိုလာ ။    ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ ဟာ အကောင်းဆုံးနည်းပြတွေထဲက တစ်ယောက်ဖြစ်ပေမယ့်လည်း မန်ယူနည်းပြဟောင်း ဖာဂူဆန်လောက်တော့ အရှိန်အ၀ါကြီးမားခြင်းမရှိသေးဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ ဒီနေ့ည မြန်မာစံတော်ချိန် (၂း၃၀) အချိန်မှာ မန်စီးတီးအသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပြီး ပြိုင်ပွဲမတိုင်ခင် စကားစစ်ထိုးမှုကို စတင်လိုက်တာပါ။

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းဟာ ထရက်ဇွန်စပေါအသင်းရဲ့ ဂိုးသမား ဆီကာ ကို တရားဝင် ကမ်းလှမ်းမှု ပြုလုပ်လိုက်ပါတယ်။ တူရကီကလပ် ထရက်ဇွန်စပေါ ရဲ့ ဥက္ကဌကိုယ်တိုင်က ဒီသတင်းကို မီဒီယာတွေဆီ ပြောပြခဲ့တာဖြစ်ပြီး လီဗာပူးလ်ဟာ အသက် (၂၃)နှစ်အရွယ် ဂိုးသမားလေးကို ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ ပြောဆိုသွားခဲ့တာပါ။

မိုဒရစ် ။ ။ ရီးယဲလ်အသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ ကွင်းလယ်လူ မိုဒရစ် ဟာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ဖို့ ညှိနှိုင်းမှု ပြုလုပ်နေပြီလို့ Mirror က ဖော်ပြပါတယ်။ (၂၀၁၉-၂၀) ဘောလုံးရာသီမှာ ရီးယဲလ်အတွက် (၁၈)ပွဲ ပွဲထွက်ထားခဲ့ရတဲ့ မိုဒရစ်ကို မေဂျာလိဂ်ကလပ်က ခေါ်ယူဖို့ ချိတ်ဆက်နေတာဖြစ်ပြီး အပြောင်းအရွှေ့က ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

စပါး ။   ။ စပါးအသင်းဟာ အက်သလက်တီကို ကွင်းလယ်လူ သောမတ်စ်လီမာ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Marca သတင်းစာက ဖော်ပြပါတယ်။ စပါးနည်းပြ မော်ရင်ဟို ဟာ အသက် (၂၄)နှစ်အရွယ် တောင်ပံကစားသမား လီမာ ရဲ့ ခြေစွမ်းကို စောင့်ကြည့်နေပြီး သူ့ရဲ့စာချုပ်လျော်ကြေးက ပေါင်(၅၁)သန်း ရှိနေတယ်လို့ သိရပါတယ်။

READ
မော်ရင်ဟိုဘက်ကရပ်တည်ပေးခဲ့တဲ့ ရော်နယ်လ်ဒို

အင်တာ ။        ။ စပါးအသင်းရဲ့ ကွင်းလယ်လူ အဲရစ်ဆင် ကိုခေါ်ဖို့ ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေကို အင်တာမီလန်က ငြင်းဆိုလိုက်ပါတယ်။ အဲရစ်ဆင်နဲ့ စပါးအသင်းတို့ရဲ့ စာချုပ်ဟာ ဒီ ရာသီ ကုန်ဆုံးချိန်မှာ ပြီးဆုံးတော့မှာဖြစ်ပြီး စပါးအနေနဲ့ ဒီအပြောင်းအရွှေ့ဈေးကွက်မှာ သူတို့ရဲ့ ကွင်းလယ်လူ ကို ရောင်းထုတ်နိုင်ဖို့ ကြိုးစားရမှာပါ။ စပါးအသင်းက အဲရစ်ဆင် ကို ပေါင်(၁၇)သန်းလောက်နဲ့ ရောင်းချသွားဖို့ရှိနေပေမယ့်လည်း အင်တာမီလန်ကတော့ အဲရစ်ဆင်ကို ခေါ်ယူချင်တယ်ဆိုတဲ့သတင်းတွေကို ငြင်းဆန်ထားပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE