၉-၁-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / TheSun

ဘက်ပီ ။         ။ PSG အသင်းတိုက်စစ်မှူး ဘက်ပီ က လက်ရှိအချိန်မှာ စာချုပ်သစ်အတွက် ဆွေးနွေးဖို့ အချိန်ကောင်းမဟုတ်သေးဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။ အသက် (၂၁)နှစ်အရွယ် တိုက်စစ်မှူးဟာ (၂၀၂၂)ဘောလုံးရာသီ ကုန်ဆုံးချိန်မှာမှ PSG အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ဆွေးနွေးမှုတွေ လက်မခံသေးဘူးလို့ အသိပေးလိုက်တာပါ။

 

တာဟစ်ချောင် ။ ။ မန်ယူအသင်းကတော့ သူတို့ရဲ့ လူငယ်ကွင်းလယ်လူ တာဟစ်ချောင် ကို ဒီရာသီ အကုန်မှာ ဂျူဗင်တပ်စ်အသင်းဆီ ကို လက်လွှတ်ရဖို့ရှိနေပါပြီ။ အသက် (၂၀)အရွယ် ကွင်းလယ်ကစားသမားရဲ့ ခြေစွမ်းဟာ မန်ယူ ပရိသတ်တွေအတွက် စိတ်ကျေနပ်စရာမကောင်းခဲ့ပဲ သူ့ကို အသင်းမှာ ဆက်ပြီး မရှိဖို့ ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။ တာဟစ်ချောင်နဲ့ မန်ယူအသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင်ပြီးဆုံး သွားပြီမို့ ခေါ်ယူချင်တဲ့အသင်းတွေအနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရမှာဖြစ်ပါတယ်။

ဒမ်မီ ။  ။ ဂျာမန်ကလပ် လိုက်ပ်ဇစ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဒီယေဂိုဒမ်မီ ဟာ နာပိုလီအသင်းဆီကို ဆေးစစ်ခံယူဖို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ အသက် (၂၈)နှစ်အရွယ် ကွင်းလယ်လူ ကို နာပိုလီ အသင်းက ယူရို(၁၀)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ကစားသမားရဲ့ စွမ်းဆောင်ရည်ပေါ်မူတည်ပြီး ယူရို (၂)သန်းကို အပိုဆုကြေးအဖြစ် ပေးချေရမှာဖြစ်ပါတယ်။ နာပိုလီ က ဒမ်မီ ကို (၂၀၂၄)ခုနှစ်အထိ စာချုပ် ချုပ်ဆိုသွားမှာပါ။

ချယ်လ်ဆီး ။     ။ ချယ်လ်ဆီးအသင်းဟာ အက်သလက်တီကို ရဲ့ တောင်ပံကစားသမား သောမတ်စ်လီမာ အတွက် ပေါင်သန်း(၅၀)နဲ့ ကမ်းလှမ်းမှု ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ အသက် (၂၄)နှစ်အရွယ် ကွင်းလယ်လူ ကို စပါးအသင်းကလည်း စိတ်ဝင်စားနေခဲ့ပေမယ့် ချယ်လ်ဆီးအသင်းက ပေါင်သန်း(၅၀)နဲ့ စတင်ကမ်းလှမ်းလိုက်တာဖြစ်ပါတယ်။

READ
(၁၃-၄-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

မီလစ် ။ ။ အက်သလက်တီကိုအသင်းဟာ နာပိုလီအသင်းတိုက်စစ်မှူး မီလစ် ကိုခေါ်ယူဖို့ ကြိုးစားနေတယ်လို့ AS က ဖော်ပြပါတယ်။ အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီဟာ ဇန်န၀ါရီအပြောင်းအရွှေ့မှာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပြီး အမြင့်ဘောတွေရသလို၊ အဆုံးသတ်ပုံလည်းကောင်းတဲ့ မီလစ် ကို ခေါ်ဖို့ စိတ်ဝင်စားနေတာလို့ စပိန်သတင်းစာတွေက ဖော်ပြနေကြပါတယ်။

ရီးယဲလ် ၊၊        ။ ရီးယဲလ်အသင်းဟာ လာမယ့်အပြောင်းအရွှေ့မှာ မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာကို ကြိုးစားတော့မှာမဟုတ်ပဲ စပါးကွင်းလယ်လူ အဲရစ်ဆင် ကိုသာ ဈေးသက်သက်သာသာနဲ့ခေါ်ယူသွားဖို့ရှိတယ်လို့ Dailymail က ဖော်ပြပါတယ်။ ရီးယဲလ်အသင်းကွင်းလယ်လူဟောင်း မက်မန်နာမန် ကလည်း ရီးယဲလ်အသင်းအနေနဲ့ ပေါ့ဂ်ဘာကိုခေါ်ဖို့ထက် အဲရစ်ဆင် ကိုသာ သင့်တော်တဲ့ပြောင်းရွှေ့ကြေးနဲ့ခေါ်လိုက်သင့်တယ်လို့ တိုက်တွန်းသွားခဲ့ပါတယ်။

Linn

READ
(၂၄-၅-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Source : TheSun , Mirror , Goal

SHARE