၁၀-၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဒီဂျောင် ။        ။ ဘာစီလိုနာအသင်းဟာ အေဂျက်ဇ်အသင်းရဲ့ လူငယ် ကွင်းလယ်ကစားသမား ဖရန်ကီဒီဂျောင်ကို (၄၈)နာရီအတွင်း ခေါ်ယူနိုင်တော့မယ်လို့ AS သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။ ဘာစီလိုနာနဲ့ အေဂျက်ဇ်တို့ရဲ့ ဆွေးနွေးမှုဟာနောက်ဆုံးအဆင့်ကိုရောက်နေပြီး မန်စီးတီးအသင်းထက်အရင် လက်ဦးမှု ရယူသွားခဲ့တာပါ။ ဘာစီလိုနာအနေနဲ့ ဒီဂျောင်အတွက် ပေါင် (၆၇)သန်း ပေးရဖွယ်ရှိတယ်လို့ AS က ဖော်ပြခဲ့ပြီး ကစားသမားခေါ်ယူမှုကို ဒီတစ်ပတ်အတွင်း ကြေညာသွားဖို့ ရှိတယ်လို့ ရေးသားသွားခဲ့ပါတယ်။

အာစင်ဝင်းဂါး ။  ။ အာဆင်နယ်အသင်းနည်းပြဟောင်း အာစင်ဝင်းဂါးဟာ (၂၀၂၂) ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ကာတာလက်ရွေးစင်အသင်းရဲ့ နည်းပြ ဖြစ်လာဖို့ အနီးစပ်ဆုံးအခြေအနေမှာ ရှိနေပါတယ်။ ကာတာဘောလုံးအဖွဲ့ချုပ်ဟာ လက်ရှိတာဝန်ယူနေတဲ့ စပိန်လူမျိုးနည်းပြ ဆန်းချက်ဇ်ဘတ်စ်ရဲ့နေရာမှာ အာစင်ဝင်းဂါးကို အစားထိုးဖို့ ဆန္ဒရှိနေတာဖြစ်ပြီး (၂၀၂၂) ကမ္ဘာ့ဖလားမှာ အောင်မြင်မှုရဖို့ မျှော်လင့်နေတာပါ။ အာစင်ဝင်းဂါးဟာ လက်ရှိအချိန်မှာ ကာတာအခြေစိုက် Bein Sports ရုပ်သံလိုင်းရဲ့ ဘောလုံးသုံးသပ်သူ အဖြစ် တာဝန်ယူဆောင်ရွက်နေပါတယ်။

Bein Sports

ဂွာဒီယိုလာ ။    ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ က ဘာတန်အသင်းကို လေးစားတဲ့အနေနဲ့ ဂိုးတွေအများကြီးသွင်းယူခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဂွာဒီယိုလာက ပထမပိုင်းအပြီး (၄) ဂိုးပြတ်နိုင်နေတဲ့အချိန်မှာ အသင်းရဲ့တိုက်စစ်ကို လျော့ချဖို့ စဉ်းစားမိခဲ့ပေမယ့် ပြိုင်ဖက်အသင်းကို လေးစားတာကြောင့် နည်းစနစ်ပိုင်းအပြောင်းအလဲ မလုပ်ခဲ့တာဖြစ်တယ်လို့ ပြောဆိုလိုက်တာပါ။ ဂွာဒီယိုလာဟာ လိဂ်(၁)အသင်းနဲ့ ကစားခဲ့ရပေမယ့်လည်း အဲဒီပွဲစဉ်အတွက် စီနီယာကစားသမား (၈) ဦးအထိ အသုံးပြုခဲ့ပြီး အရန်လူ (၃) ဦးသာ ထည့်သွင်းကစားစေခဲ့ပါတယ်။

READ
၁၃-၂-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
(AP Photo/Dave Thompson)

ချန်ပီယံလိဂ် ။   ။ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)ဟာ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ရှုံးထွက်အဆင့်တွေနဲ့ ပတ်သက်လို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို အပြောင်းအလဲ ပြုလုပ်သွားခဲ့ပါတယ်။ UEFA ဟာ သူတို့ရဲ့ စည်းမျဉ်းထဲမှာ ဇန်န၀ါရီအပြောင်းအရွှေ့ကာလအတွင်း ခေါ်ယူတဲ့ ကစားသမားတွေကို ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုဖို့ ကန့်သတ်ထားခဲ့ပြီး လက်ရှိအချိန်မှာ အဲဒီစည်းမျဉ်းကို ပယ်ဖျက်ပေးခဲ့တာပါ။ ဒီ့အတွက်ကြောင့် အသင်းတွေအနေနဲ့ ဇန်န၀ါရီဈေးကွက်မှာ ခေါ်ယူမယ့်ကစားသမားတွေကို ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာ ထည့်သွင်းကစားနိုင်တော့မှာဖြစ်ပါတယ်။

အယ်လ်ဒါဝီး ။   ။ စပါးအသင်းနောက်ခံကစားသမား အယ်လ်ဒါဝီးက လာမယ့် တနင်္ဂနွေညမှာ ယှဉ်ပြိုင်ရမယ့် မန်ယူအသင်းနဲ့ပွဲစဉ်ဟာ ခက်ခဲတဲ့ ပွဲစဉ်ဖြစ်လာလိမ့်မယ်လို့ သုံးသပ်လိုက်ပါတယ်။ စပါးအသင်းရဲ့ ၀ါရင့်ခံစစ်မှူးက အဲဒီပွဲမှာ အဓိက ထိန်းချုပ်ရမယ့် ကစားသမားက တိုက်စစ်မှူး လူကာကူ ပဲဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်ပြီး လူကာကူကို ထိန်းချုပ်နိုင်ဖို့ဆိုရင် ကြံ့ခိုင်မှုအပြည့်ရှိနေဖို့လိုအပ်တယ်လို့ ဆိုခဲ့တာပါ။ အယ်လ်ဒါဝီးနဲ့ လူကာကူ ဟာ ဘယ်လ်ဂျီယံအသင်းဖော်တွေဖြစ်ကြပြီး လူကာကူရဲ့အကြောင်းကို ကောင်းကောင်းသိထားတယ်လို့ အယ်လ်ဒါဝီးက ဆိုလိုက်ပါတယ်။

READ
ပြိုင်ဘက်ကွင်းလယ်ကစားသမားတွေထက်စွမ်းဆောင်ရည်သာလွန်နေတဲ့ ဖာဘရီဂက်စ်
AFP

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အသင်းရဲ့ကစားသမားတွေကို ညီအစ်ကိုတွေလို မြင်တွေ့ရဖို့ထက် ကစားသမားတွေကြား အငြင်းအခုံဖြစ်နေကြတာကိုသာ ပိုပြီးအလိုရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ မန်ယူအသင်းနဲ့ ဒူဘိုင်းခရီးစဉ်မှာ ဆိုးလ်ရှားက သူ့ရဲ့သဘောထားကို ပြောပြခဲ့တာဖြစ်ပြီး မန်ယူအသင်းသားတွေအနေနဲ့ အလွန်အမင်းချစ်ခင်နေကြရင် တစ်ယောက်ရဲ့အမှားကို တစ်ယောက်ထောက်ပြကြမှာမဟုတ်ဘူးလို့ ယူဆထားတာပါ။ ဆိုးလ်ရှားဟာ လက်ရှိအချိန်မှာတော့ မန်ယူအသင်းအတွက် နိုင်ပွဲတွေ ဆက်တိုက်ရယူပေးထားပြီး ရာသီကုန်မှာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရလိမ့်မယ်လို့ သုံးသပ်ခံထားရတာပါ။

Linn

Source : TheSun , Mirror , Goal

SHARE