၁၀-၁၀-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

ဖိုဒန် ။  ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အသင်းရဲ့လူငယ်ကွင်းလယ်လူ ဖိုဒန် ကို ယူရိုသန်း(၅၀၀)ပေးရင်တောင် မရောင်းနိုင်ကြောင်း ပြောဆိုလိုက်ပါတယ်။ မန်စီးတီးအသင်းမှာ နေရာပျောက်ဆုံးနေမှုကြောင့် အသင်းကနေ ထွက်ခွာမယ်လို့ သတင်းတွေ ထွက်နေတဲ့ ဖိုဒန်ကို ခေါ်ယူချင်တဲ့အသင်းတွေ အများအပြားရှိနေပြီး ဂွာဒီယိုလာ ကတော့ ဖိုဒန်ဟာ ဒေးဗစ်ဆေးလ်ဗား နေရာကို အစားဝင်မယ့် ကစားသမားဖြစ်ကြောင်းနဲ့ ယူရိုသန်း(၅၀၀)အထိပေးရင်တောင် မရောင်းနိုင်ကြောင်း ပြောဆိုလိုက်တာပါ။

ကလော့ပ် ။      ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်က အသင်းဟောင်း ဒေါ့တ်မွန်အသင်းဟာ (၂၀၁၈)ခုနှစ်အတွင်းမှာ သူ့ကိုပြန်လည်ခေါ်ယူဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့အကြောင်းကို ဖွင့်ဟလိုက်ပါတယ်။ (၂၀၁၅)ခုနှစ်မှာ ဒေါ့တ်မွန်ကနေ လီဗာပူးလ်ကို ပြောင်းရွှေ့လာခဲ့တဲ့ ကလော့ပ်ဟာ လီဗာပူးလ်နဲ့အတူ ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးတဲ့နောက် ဒေါ့တ်မွန်အသင်း CEO က ဂျာမနီမြေကို ပြန်လည်ခေါ်ယူဖို့ ကြိုးစားခဲ့ကြောင်း ကလော့ပ်က ပြောပြသွားခဲ့တာပါ။

ပီကေး ။                   ။ ဘာစီလိုနာအသင်းနောက်ခံလူ ပီကေး ဟာ အင်္ဂလန်ဘောလုံးလိဂ်ရဲ့ အဆင့်(၅)ပြိုင်ပွဲဖြစ်တဲ့ National League ကလပ်အသင်း နော့စ်ကောင်တီ ကို ၀ယ်ယူဖို့ အနီးစပ်ဆုံးဖြစ်နေပြီလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ ဘောလုံးကစားခြင်းပြင်ပမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ပီကေး ဟာ စပိန်ဘောလုံးကလပ် အန်ဒိုရာ အသင်းကိုလည်း ၀ယ်ယူထားခဲ့ပြီး နောက်ထပ် ကလပ်အသင်းတွေ ၀ယ်ယူကာ ရင်းနှီးမြှပ်နှံမှုတွေ ပြုလုပ်ဖို့ စီစဉ်နေတာပါ။

READ
၉-၁၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

 

မော်ရင်ဟို ။     ။ လိုင်ယွန်အသင်းရဲ့ဥက္ကဌ အောလက်စ် ဟာ လစ်လပ်နေတဲ့အသင်းနည်းပြ ရာထူးအတွက် မော်ရင်ဟို ကို ကမ်းလှမ်းခဲ့ပြီး မော်ရင်ဟို ကတော့ အဲဒီ ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ ပြင်သစ် သတင်းစာတွေက ဖော်ပြနေကြပါတယ်။ မန်ယူအသင်းကနေ ထွက်ခွာခဲ့ပြီးကတည်းက ကလပ်လက်မဲ့ဖြစ်နေတဲ့ မော်ရင်ဟို ဟာ စပါးအသင်းနည်းပြရာထူးအတွက် ရေပန်းစားနေခဲ့ပြီး လိုင်ယွန်နည်းပြ ဆယ်လ်ဗင်ဟို ထုတ်ပယ်ခံခဲ့ရချိန်မှာ အသင်းနည်းပြအဖြစ် ကမ်းလှမ်းခံခဲ့ရတာဖြစ်ပါတယ်။

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားဟာ လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ ကစားသမား (၄)ဦးအထိ ခေါ်ယူဖို့ ဘုတ်အဖွဲ့ကို တင်ပြထားတယ်လို့ Mirror သတင်းစာက ဖော်ပြပါတယ်။ ဆိုးလ်ရှားအနေနဲ့ အသင်းရဲ့ကွင်းလယ်နဲ့ တိုက်စစ်နေရာတွေအတွက် ကစားသမားခေါ်ယူခွင့်ကို ဘုတ်အဖွဲ့ဆီ တင်ပြထားခဲ့ပြီး ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး မန်ဇူကစ် က ဦးစားပေးပစ်မှတ်အဖြစ်ရှိနေတယ်လို့ သိရပါတယ်။

READ
၁၁-၁၀-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE