၁၀-၂-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဟာဇက်။         ။ ချယ်လ်ဆီးအသင်းရဲ့ ကြယ်ပွင့်ကစားသမား ဟာဇက်က ယနေ့ည အီတီဟက်ကွင်းမှာ မန်စီးတီးနဲ့ ကစားရမယ့်ပွဲမှာ ချယ်လ်ဆီးအသင်း ဂိုးမပေးရဘဲ clean sheet နဲ့ အနိုင်ရမှာဖြစ်ကြောင်း ပွဲရလဒ် ကို ခန့်မှန်းသွားခဲ့ပါတယ်။ ယခုနှစ်ဘောလုံးရာသီမှာ မန်စီးတီးအသင်းရဲ့ (၂၁)ပွဲဆက် ရှုံးပွဲမရှိစံချိန်ဟာ ချယ်လ် ဆီးနဲ့ အတွေ့မှာ ရပ်တန့်ခဲ့ရသလို ချယ်လ်ဆီးအသင်းဟာ မန်စီးတီးအသင်းကို ဘယ်လိုအနိုင်ယူရမလဲဆိုတာ သိနေတယ်လို့လည်း ဟာဇက်က ဆိုပါတယ်။ ဟာဇက်က “ လွန်ခဲ့တဲ့ နှစ်လ၊ သုံးလလောက်က ကျွန်တော်တို့ အနိုင်ရခဲ့တဲ့ ပွဲထက်တော့ ပိုခက်ခဲမှာပါ။ မန်စီးတီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အသာရဖို့ သေချာပေါက် ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ကတော့ ခံစစ်ကို သေချာအာရုံစိုက်ဖို့ လိုအပ်ပြီး (၁-၀) သို့မဟုတ် (၂-၀) လောက် နဲ့ ချယ်လ်ဆီး အနိုင်ရသွားမှာပါ” ဆိုပြီး ချယ်လ်ဆီးတီဗီနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ခန့်မှန်း သွားခဲ့တာပါ။

ရစ်ချာလီဆန်။            ။ အဲဗာတန်အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ အသက်(၂၁)နှစ် အရွယ်လူငယ် ကစားသမား ရစ်ချာလီဆန်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀)နဲ့ ရောင်းထုတ်ဖို့အတွက် နီးစပ်နေပြီလို့ အင်္ဂ လိပ်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ယခုနှစ်ဘောလုံးရာသီ အစမှာမှ ၀က်ဒ်ဖို့အသင်းကနေ ပေါင်သန်း(၄၀) နဲ့ အဲဗာတန်အသင်းကို ပြောင်းရွှေ့လာတဲ့ ရစ်ချာလီဆန်ဟာ အဲဗာတန်အတွက် (၂၃)ပွဲမှာ (၁၀)ဂိုးသာ သွင်းယူ ထားနိုင်ပြီး ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ရစ်ချာလီဆန်ကို ခေါ်ယူဖို့ ချယ်လ်ဆီး၊ အေစီမီလန်၊ ပီ အက်စ်ဂျီနဲ့ အက်သလက်တီကို အသင်းတွေက စောင့်ကြည့်နေကြကြောင်းလည်း သိရပါတယ်။

Twitter

ဂယ်ရီလိုင်နီကာ။                   ။ BT Sport မှာ ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ အင်္ဂလိပ်ဂန္တ၀င် တိုက်စစ်မှူး ဂယ်ရီလိုင်နီကာက မန်ယူ(၃-၀)ဖူလ်ဟမ်ပွဲအပြီးမှာ တွစ်တာမှာ ပို့စ်တင်ပြီး မန်ယူနည်းပြဟောင်း မော်ရင်ဟိုကို လှောင်ပြောင်ခဲ့ပါတယ်။ မန်ယူအသင်းကို မော်ရင်ဟို ကိုင်တွယ်ခဲ့စဉ်တုန်းက ဂယ်ရီလိုင်နီကာရဲ့ သုံးသပ်ချက်တွေကို မော်ရင်ဟိုက “အမှိုက်တွေ” ဆိုပြီး ဝေဖန်ခဲ့ဖူးပါတယ်။ ဂယ်ရီလိုင်နီကာက သူ့ရဲ့တွစ်တာ ပေါ်မှာ “ နှစ်သစ်မှာ မန်ယူအသင်း အဆင့်(၄)၀င်မယ်လို့ မော်ရင်ဟို ခန့်မှန်းခဲ့တာ မှန်သားပဲ” ဆိုပြီး လှောင် ပြောင်ခဲ့တာပါ။ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ် နိုဝင်ဘာလတုန်းက အိမ်ကွင်းမှာ ပဲလေ့စ်အသင်းနဲ့ (၀-၀) သရေကျခဲ့တဲ့ ပွဲအပြီးမှာ အခုလိုမျိုး ခန့်မှန်းပြောကြားခဲ့တာပါ။

READ
သဘာဝ ကိုယ်ယောင်ဖျောက် စွမ်းရည်ကြောင့် လူတွေ မြင်ဖို့ခက်ခဲတဲ့ တိရစ္ဆာန်လေးများ

ဖာနန်ဒင်ဟို။              ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အသင်းရဲ့ ကွင်းလယ်ခံစစ်ကစားသမား ဖာ နန်ဒင်ဟို နေရာမှာ အစားထိုးဖို့ ခက်ခဲနေကြောင်း ၀န်ခံခဲ့ပါတယ်။ အသက်(၃၃)နှစ်ရှိပြီဖြစ်တဲ့ ဖာနန်ဒင်ဟိုဟာ ကွင်းလယ်ခံစစ် နေရာတင်မဟုတ်ပဲ ဗဟိုခံစစ်မှာပါ ကစားနိုင်စွမ်း ရှိတယ်လို့လည်း ချီးကျူးခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က အာဆင်နယ်ကို (၃-၁)နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဖာနန်ဒင်ဟိုဟာ မန်စီးတီးရဲ့ ဗဟိုခံစစ်မှာ အော်တာ မန်ဒီနဲ့တွဲကာ ပွဲထွက်ခဲ့ပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ ဂွာဒီယိုလာက “ ဖာနန်ဒင်ဟိုဟာ အသင်းရဲ့ ကစား ကွက်တည်ဆောက်မှုမှာ မရှိမဖြစ် အရေးပါတဲ့ ကစားသမားပါ။ သူ့မှာ ခံစစ်မှူးတစ်ဦးလို အရည်အချင်းတွေ ရှိနေပါတယ်။ သူဟာ ကွင်းလယ်ခံစစ် ကစားသမားဆိုပေမယ့် အသင်းရဲ့ နည်းစနစ် လိုအပ်ချက်အရ အဆင်ပြေသလို နေရာပြောင်းပြီး ကစားသွားမှာပါ” လို့ ဖာနန်ဒင်ဟိုရဲ့ ခြေစွမ်းနဲ့ ပတ်ပြီး သုံးသပ်သွားခဲ့ပါတယ်။

ဒီဂီယာ။          ။ လာမယ့်ဘောလုံးရာသီအပြီးမှာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဂိုးသ မားဒီဂီယာဟာ စာချုပ်သစ်အတွက် တစ်ပတ်လစာ ပေါင် (၃၅၀,၀၀၀) ရဖို့ မန်ယူအသင်းတာဝန်ရှိသူတွေကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ တစ်ပတ်လစာ ပေါင် (၂၀၀,၀၀၀) ရရှိနေတဲ့ ဒီဂီယာဟာ သူ့ရဲ့ မန်ယူကစားသမားဘ၀ကို အဆုံးမသတ်လိုကြောင်း၊ ဒါပေမယ့် သင့်တင့်တဲ့ လစာကိုတော့ ပေးဖို့ လိုအပ် ကြောင်း မန်ယူအသင်းရဲ့ တာဝန်ရှိသူတွေကို ပြောကြားခဲ့တယ်လို့ Mirror သတင်းစာက ဖော်ပြခဲ့ပါတယ်။ (၂၀၁၀)ခုနှစ်မှာ ပြောင်းရွှေ့ကြေး ပေါင်(၁၈.၉)သန်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းကနေ မန်ယူ အသင်းကို ရောက်ရှိလာခဲ့တဲ့ ဒီဂီယာဟာ လက်ရှိပရီးမီးယားလိဂ် အကောင်းဆုံးဂိုးသမားအဖြစ် သတ်မှတ်ခံ ထားရသလို နောက်ဆုံးဘောလုံးရာသီ(၅)ခုမှာ မန်ယူအသင်းရဲ့ အကောင်းဆုံးဘောလုံးသမားအဖြစ် (၄)ကြိမ် ရွေးချယ် ခံထားရသူပါ။

READ
FacebookမှာLikeရဖို့ ကလေးကို (၁၅)လွှာမှ ပစ်ချမယ့်ပုံစံလုပ်ခဲ့တဲ့ဖခင်

ဘူဖွန်။           ။ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ရင်ဆိုရမယ့် ပီအက်စ်ဂျီနဲ့ မန်ယူ နှစ်သင်းစလုံးမှာ နောက် တစ်ဆင့် တက်ရောက်ဖို့ အခွင့်အရေး ဆတူရှိနေပြီး မန်ယူအသင်းက အောက်သင်းမဟုတ်ကြောင်း ပီအက်စ်ဂျီ အသင်းရဲ့ ၀ါရင့်ဂိုးသမားဘူဖွန်က သုံးသပ်ခဲ့ပါတယ်။ မန်ယူအသင်းက ပြိုင်ပွဲစုံနောက်ဆုံး(၁၁)ပွဲမှာ (၁၀)ပွဲ အနိုင်ရပြီး (၁)ပွဲသာ သရေကျထားချိန်မှာ ပီအက်စ်ဂျီအသင်းဟာ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီး ရလဒ်တွေ ယိမ်းယိုင်နေပါတယ်။ အသင်းနှစ်သင်းရဲ့ လက်ရှိအနေအထားတွေနဲ့ ပတ်သတ်ပြီး ဘူဖွန်က “ အသင်းသား တွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ခံယူချက်နဲ့ အသင်းအပေါ် ပေးဆပ်လိုစိတ်တွေဟာ ဒီထက်ပိုကောင်းဖို့ လိုအပ်နေပါ ပြီ။ မန်ယူအသင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲမှာ နှစ်သင်းစလုံးဟာ အနိုင်ရဖို့ ၅၀/၅၀ အခွင့်အရေး ရှိနေပါတယ်” ဆိုပြီး သူ့ရဲ့အမြင်ကို ပြောခဲ့ပါတယ်။

Twitter

ဂျိမ်းစ် ရိုဒရီဂွက်ဇ်။        ။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ်လူ ဂျိမ်း ရိုဒရီဂွက်ဇ်က ဘွန်ဒစ်လီဂါ အမှတ် ပေး ဇယားထိပ်မှာ ဦးဆောင်နေတဲ့ ဒေါ့မွန်အသင်းဟာ ဖိအားဒဏ်တွေ ခံစားနေပြီဖြစ်ကြောင်း သုံးသပ်ခဲ့ပါ တယ်။ မနေ့ညက ဒေါ့မွန်နဲ့ ဟော့ဖန်ဟိမ်းတို့ရဲ့ ပွဲစဉ်မှာ ဒေါ့မွန်ဟာ ပွဲချိန်(၇၄)မိနစ်အထိ သုံးဂိုးပြတ် ဦးဆောင် ထားနိုင်ခဲ့ပေမယ့် လက်ကျန်ပွဲချန်မှာ ချေပဂိုးတွေ ပြန်လည်ခွင့်ပြုခဲ့ရပြီး (၃-၃)ရလဒ်နဲ့ သရေကျခဲ့ပါတယ်။ ဒေါ့မွန်ရဲ့ ခြေချော်မှုကို ဘိုင်ယန်အသင်းက အကောင်းဆုံး အသုံးချနိုင်ခဲ့ပြီး ရှော်လ်ကေးအသင်းကို (၃-၁)နဲ့ အနိုင်ရခဲ့တာကြောင့် အမှတ်ကွာဟချက်ကို (၅)မှတ်အထိ လျော့ချနိုင်ခဲ့ပါတယ်။ ဂျိမ်းစ်က “ သူတို့ဟာ ထိပ်ဆုံး မှာ ဦးဆောင်နေပေမယ့် အချိန်မရွေး ခြေချော်နိုင်တာကို စိုးရိမ်စိတ်များပြီး ဖိအားဝင်နေပါပြီ။ ကျွန်တော်တို့မှာ လည်း ဖိအားတွေ ရှိနေပေမယ့် အသင်းအပေါ် ရိုက်ခတ်မှု သိပ်မရှိပဲ လူငယ်ကစားသမားများတဲ့ ဒေါ့မွန်က ဖိ အားဒဏ်ကြောင့် အသင်းရဲ့ ခြေစွမ်းအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ် ” လို့ သုံးသပ်ခဲ့ပါတယ်။

Ref: BBCSports , DailyMail , Goal.com

SHARE