၁၀-၄-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ရော်နယ်ဒို။      ။ ဂျူဗင်တပ်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ရော်နယ်ဒိုဟာ ဒဏ်ရာကနေ အချိန်မှီသက် သာလာတာကြောင့် ယနေ့ညကစားမယ့် အေဂျက်ဇ်နဲ့ဂျူဗင်တပ်ရဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ပ-ကျော့) ပွဲ စဉ်မှာ ပါဝင်နိုင်မှာဖြစ်ကြောင်း ဂျူဗင်တပ်နည်းပြ အယ်လီဂရီက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါ တယ်။ ရော်နယ်ဒိုဟာ မတ်လ(၂၅)ရက်နေ့က ပေါ်တူဂီနဲ့ဆာဘီးယားတို့ ယူရို(၂၀၂၀)ခြေစစ်ပွဲမှာ ဒဏ်ရာရရှိခဲ့ တာကြောင့် အနားယူနေရသူပါ။ ဂျူဗင်တပ်အသင်းအတွက် ရော်နယ်ဒို ပြန်လည်ပါဝင်နိုင်မှာ ဖြစ်ပေမယ့်လည်း အသင်းခေါင်းဆောင် ချီလီနီနဲ့ ကွင်းလယ်ခံစစ်ကစားသမား အမ်မရီချန်ကတော့ ဒဏ်ရာပြဿနာကြောင့် ဒီပွဲကို လွဲချော်ဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

 

အီတူး။           ။ ဘာစီလိုနာအသင်းရဲ့ ဂန္တ၀င်တိုက်စစ်မှူးဟောင်း အီတူးက ဘာစီလိုနာနည်းပြဟောင်း ဂွာ ဒီယိုလာအတွက် အောင်မြင်မှုတံခါးတွေ ဖွင့်ပေးခဲ့သူမှာ မိမိသာဖြစ်ပြီး မက်ဆီမဟုတ်ကြောင်း beIN Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဂွာဒီယိုလာဟာ (၂၀၀၈)ခုနှစ်ကနေ (၂၀၁၂)ခု နှစ်အထိ ဘာစီလိုနာအသင်းကို ကိုင်တွယ်ခဲ့ပြီး အီတူးနဲ့ ဂွာဒီယိုလာဟာ ဘောလုံးရာသီတစ်ခုစာပဲ လက်တွဲခဲ့ ကြတာပါ။ အီတူးက “ ဂွာဒီယိုလာဟာ တစ်သက်လုံး ဘာစီလိုနာမြို့မှာ နေရင် နေပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ မျိုးဆက်ခြေစွမ်းပြနေတဲ့ အချိန်မှာတော့ သူဟာ အသင်းကို ရောက်လာတဲ့ မန်နေဂျာပေါက်စ လေးပါ။ မက်ဆီဆိုတာ နောက်မှ ဖြစ်လာတာပါ။ မယုံရင် ဇာဗီ၊ အင်နီယေစတာ အပါအ၀င် အဲ့ဒီအချိန်က က စားသမာတွေကို မေးကြည့်ပါ။ အဲ့ဒီကာလတုန်းက ဘာစီလိုနာကို ဦးဆောင်နေတာ မက်ဆီမဟုတ်ပါဘူး။ ကျွန်တော်ပါ။ မက်ဆီကိုပဲ ချီးကျူးနေတဲ့ ဂွာဒီယိုလာအနေနဲ့ ကျွန်တော့်ကို တောင်းပန်သင့်ပါတယ်” လို့ ပြောခဲ့ တာပါ။

စမောလင်း။      ။ ချန်ပီယံလိဂ်ကွားဖိုင်နယ်(ပ-ကျော့)ပွဲစဉ်အဖြစ် ဘာစီလိုနာအသင်းကို အိမ်ကွင်းအိုးထရက် ဖို့ဒ်မှာ ဧည့်ခံကစားမယ့် မန်ယူအသင်းရဲ့ နောက်ခံလူ စမောလင်းက မက်ဆီရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ် ကြောင်း manutd.com မှာ ပြောကြားသွားခဲ့ပါတယ်။ စမောလင်းက “ မက်ဆီနဲ့ ချစ်ကြည်ရေးပွဲတွေမှာ ဆုံခဲ့ဖူး ပေမယ့် ပြိုင်ပွဲတွေမှာ တစ်ခါမှ မရင်ဆိုင်ခဲ့ဖူးသေးပါဘူး။ မက်ဆီက ကျွန်တော်အရမ်း ရင်ဆိုင်ကစားချင်တဲ့ ပြိုင်ဘက်ကစားသမားဖြစ်ပြီး တတ်နိုင်သလောက် အခွင့်အရေးတွေ မပေးရအောင် ထိန်းချုပ်သွားမှာပါ။ ပီအက်စ်ဂျီနဲ့ ပွဲတုန်းကလိုမျိုး စုစည်းမှုအပြည့်နဲ့ ကစားနိုင်ရင် ဘယ်အသင်းကိုမဆို ပြိုင်ပွဲကနေ ထွက်ခွာသွားရ အောင် စွမ်းဆောင်နိုင်စွမ်းရှိပါတယ်” လို့ ကြုံးဝါးခဲ့ပါတယ်။

READ
၂၈-၈-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဒရော့ဘာ။       ။ ချယ်လ်ဆီးအသင်းရဲ့ ဂန္တ၀င်ကစားသမားဟောင်း ဒရော့ဘာက ယာယီနည်းပြဒီမက်တီယိုရဲ့ ဦးဆောင်မှုနဲ့အတူ ချယ်လ်ဆီးအသင်းဟာ (၂၀၁၁-၁၂)ဘောလုံးရာသီမှာ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့သလို ဒီနှစ် မန်ယူအသင်းကလည်း ဆိုးလ်ရှားရဲ့ ဦးဆောင်မှုနဲ့အတူ ချန်ပီယံလိဂ်မှာ အောင်ပွဲခံနိုင်ဖွယ်ရှိကြောင်း Goal.com မှာ သူ့ရဲ့ခန့်မှန်းချက်ကို ပြောခဲ့ပါတယ်။ “၂၀၁၂ ခုနှစ်တုန်းက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့မယ်လို့ ကျွန်တော့်ကိုယ် ကျွန်တော်တောင် လုံးဝမထင်ခဲ့ပါဘူး။ ကျွန်တော်တစ်ယောက်တည်းတင် မဟုတ်ပါဘူး။ ချယ် လ်ဆီးတစ်သင်းလုံးက မထင်ခဲ့တာပါ” လို့ ဒရော့ဘာက ပြောပြခဲ့ပါတယ်။ အဲ့ဒီတုန်းဟာ ချယ်လ်ဆီးအသင်းဟာ စိတ်ဓာတ်အပြည့်နဲ့ တစ်ပွဲချင်းမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ဖို့သာ ဦးတည်ခဲ့ကြောင်း၊ လက်ရှိမန်ယူအသင်း မှာလည်း အသင်းရဲ့ စိတ်ဓာတ်ကို အကောင်းဆုံးမြှင့်တင်ပေးနိုင်မယ့် ဆိုးလ်ရှားလို နည်းပြမျိုး ပိုင်ဆိုင်ထား တာကြောင့် မထင်မှတ်ပဲ ချန်ပီယံလိဂ်မှာ အောင်ပွဲခံသွားနိုင်မယ်လို့ ထင်နေမိကြောင်း ဒရော့ဘာက သုံးသပ် သွားခဲ့ပါတယ်။

READ
၆-၉-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
Twitter

ကာဆီးလက်စ်။ ။ ပေါ်တိုအသင်းရဲ့ ၀ါရင့်ဂိုးသမား ကာဆီးလက်စ်က လီဗာပူးလ်အသင်းကို(၂-၀)နဲ့ ရှုံးခဲ့တဲ့ ပွဲစဉ်က ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေကို မကျေနပ်တဲ့အကြောင်း တွစ်တာမှာ ပို့စ်တင်ပြီး ဖော်ပြ သွားခဲ့ပါတယ်။ ပွဲချိန်မိနစ်(၃၀)လောက်မှာ လီဗာပူးလ်နောက်ခံလူ အာနိုးလ်ဟာ ဂိုးဧရိယာထဲမှာ ဘောလုံး ကို လက်နဲ့ထိခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးကတော့ VAR ပြန်ကြည့်ပြီး ပေါ်တိုအသင်းကို ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ပွဲချိန်(၈၃)မိနစ်လောက်မှာလည်း လီဗာပူးလ်တောင်ပံကစားသမား ဆာလာဟာ ပေါ်တို နောက်ခံလူကို ဒန်နီလိုရဲ့ ခြေထောက်ကို တက်နင်းခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးက အ၀ါကတ်ပြားတောင် ပြသခြင်း မရှိခဲ့ပါဘူး။ ပေါ်တိုပရိသတ်တွေကတော့ ပေါ်တိုအသင်းဟာ ပင်နယ်တီ ရသင့်ခဲ့သလို ဆာလာဟာ လည်း အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရသင့်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။ ဂိုးသမားကာဆီးလက်စ်ကလည်း ကွင်း လယ်ဒိုင်နဲ့ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်တွေကို မကျေမနပ်ဖြစ်တဲ့အကြောင်းကို တွစ်တာပေါ်မှာ ပြသခဲ့တာပါ။

Twitter

ဂွာဒီယိုလာ။     ။ တော့တင်ဟမ်အသင်းကို (၁-၀)နဲ့ မန်စီးတီးအသင်း ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင် နယ်(ပ-ကျော့)ပွဲစဉ်မှာ ကွင်းလယ်ကစားသမား ဒီဘရိုင်းကို အသုံးမပြုခဲ့တာက နည်းစနစ်ပိုင်းဆိုင်ရာ ဆုံးဖြတ် ချက်သာဖြစ်ပြီး  ဒီဘရိုင်းနဲ့သူနဲ့ကြား ပြဿနာတွေရှိနေလို့ မဟုတ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။ တော့တင်ဟမ်နဲ့ ပွဲအတွက် ဂွာဒီယိုလာဟာ မန်စီးတီးကွင်းလယ်မှာ ခံစစ်အားသန်တဲ့ ဖာနန်ဒင်ဟိုနဲ့ ဂန်ဒိုဂန်တို့ကို အတူတွဲကာ ပွဲထုတ်ခဲ့ပြီး ပွဲချိန်(၈၉)မိနစ်ကျမှသာ ဒီဘရိုင်းကို လူစားလဲ ၀င်ရောက်ကစားစေခဲ့တာပါ။ ဒီဘရိုင်းအနေနဲ့ အရန်ခုန်ထိုင်ရတာကို မပျော်မရွှင် ဖြစ်နေမှာ နားလည်မိကြောင်း၊ တော့တင်ဟမ်အသင်းရဲ့ တန်ပြန်တိုက်စစ် တွေကို ကာကွယ်ပြီး ပွဲကိုထိန်းချုပ်ချင်တာကြောင့် ကွင်းလယ်အထိုင် ကစားသမား(၂)ဦးကို တစ်ပြိုင်တည်း ပွဲထုတ်ခဲ့တာဖြစ်ကြောင်း ဂွာဒီယိုလာက ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

Ref : Goal.com , BBC Sports , ESPN

SHARE