၉-၁၀-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Youtube

မက်ဆီ ။        ။ ဘာစီလိုနာအသင်းရဲ့အဓိက တိုက်စစ်မှူး မက်ဆီကတော့ ဘာစီလိုနာကနေ ထွက်ခွာချင်နေပြီဖြစ်ကြောင်း ဖွင့်ဟလိုက်ပါပြီ။ မက်ဆီဟာ (၂၀၁၃-၁၄)ခုနှစ် ဘောလုံးရာသီတုန်းကလည်း စပိန်နိုင်ငံမှာ အခွန်ကိစ္စတွေနဲ့ ပတ်သက်လို့ ပြဿနာ ဖြစ်ပွားခဲ့ဖူးပြီး အဲဒီတုန်းကလည်း အသင်းကနေ ထွက်ခွာချင်ကြောင်း ဖွင့်ဟပြောဆိုခဲ့ဖူးတာပါ။ လက်ရှိအချိန်မှာလည်း မက်ဆီ က သူ့အနေနဲ့ အခွန်ပြဿနာတွေနဲ့ အခြားပြဿနာတွေကြောင့် ဘာစီလိုနာမှာနေရတာ ပင်ပန်းလာနေပြီး အသင်းကနေ ထွက်ခွာသွားဖို့ ဆန္ဒဖြစ်ပေါ်နေပြီလို့ အင်တာဗျူးတစ်ခုမှာ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

မူလာ ။          ။ ဘိုင်ယန်မြူးနစ်အသင်းရဲ့တိုက်စစ်မှူး သောမတ်မူလာ ကတော့ လာမယ့် ဆောင်းရာသီအပြောင်းအရွှေ့မှာ ဘိုင်ယန်အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ တောင်းဆိုလိုက်ပါပြီ။ (၂၀၀၀)ခုနှစ်ကတည်းက ဘိုင်ယန်မြူးနစ်အသင်းအတွက် ကစားပေးနေတဲ့ အသက် (၃၀)အရွယ် ကစားသမားဟာ ဘိုင်ယန်အတွက် ဆုဖလား(၂၁)လုံးကို ရယူပေးထားသူဖြစ်ပြီး (၄၉၅)ပွဲအထိ ပွဲထွက် ကစားပေးထားခဲ့တာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီကစလို့ ဘိုင်ယန်အသင်းမှာ မူလာရဲ့အခန်းကဏ္ဍက မှေးမှိန်သွားခဲ့ပြီး အရန်ခုံမှာသာ ထိုင်နေခဲ့ရတာကြောင့် အသင်းကနေ ထွက်ခွာခွင့်တောင်းဆိုခဲ့တာဖြစ်ပါတယ်။

 

ရီးယဲလ် ။        ။ ရီးယဲလ်အသင်းသားတွေရဲ့ ဇိမ်ခံလေယာဉ်ကြီးအကြောင်းကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်…..

ရီးယဲလ်အသင်းသားတွေအတွက် စီစဉ်ပေးထားတဲ့ ပေါင်သန်း(၃၄၀)တန် ဇိမ်ခံလေယာဉ်ကြီး

နေမာ ။                   ။ ဘာစီလိုနာအသင်းအနေနဲ့ နေမာ ကို မခေါ်ယူနိုင်မှုကြောင့် နေမာတစ်ယောက် ရီးယဲလ်အသင်းဆီရောက်သွားမှာစိုးရိမ်မိကြောင်း မက်ဆီက ဖွင့်ဟလိုက်ပါတယ်။ RAC1 နဲ့ အင်တာဗျူး အစီအစဉ်မှာ မက်ဆီက ဘာစီလိုနာအနေနဲ့ နေမာကိုခေါ်ယူဖို့ နောက်ဆုတ်လိုက်ရင် ရီးယဲလ်အသင်းဆီရောက်သွားမှာ စိတ်ပူနေမိကြောင်း မက်ဆီက ဖွင့်ဟလိုက်ပြီး နေမာကိုခေါ်ဖို့ ဘယ်လောက်တောင် စိတ်အားထက်သန်နေတယ်ဆိုတဲ့အကြောင်း ပြသလိုက်တာပါ။

READ
၆-၆-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

https://twitter.com/i/status/1181847187430526976

ကလော့ပ် ။     ။ လီဗာပူးလ်အသင်းနဲ့ ကလော့ပ်ရဲ့အမှတ်တရအချို့အကြောင်း ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်……

ယာဂင်ကလော့ပ်နဲ့ လီဗာပူးလ်ရဲ့ အမှတ်တရဖြစ်ရပ်အချို့

အယ်လီဂရီ ။   ။ မန်ယူနည်းပြဆိုးလ်ရှားတစ်ယောက် ဖိအားတွေအောက် ရောက်နေတဲ့အချိန်မှာ မန်ယူနည်းပြရာထူးအတွက် အယ်လီဂရီ က အနီးစပ်ဆုံးဖြစ်လာခဲ့ပြီလို့ Mirror က ဖော်ပြပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့နည်းပြဟောင်းဟာ ဆိုးလ်ရှားရဲ့နေရာမှာ အစားဝင်ဖို့အတွက် အသင်းဘုတ်အဖွဲ့ရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရပြီဖြစ်ပြီး အယ်လီဂရီကိုယ်တိုင်ကတော့ မန်ယူအသင်းနဲ့ ပတ်သက်လို့ ထွက်ပေါ်နေတဲ့သတင်းတွေအပေါ် ငြင်းဆိုထားခဲ့ပါတယ်။

Linn

READ
နောက်လ အပြောင်းအရွေ့ကာလမပြီးဆုံးမှီ တရုတ်သို့ ပြောင်းရွေ့နိုင်တဲ့ ရွန်းနီ

Source : TheSun , Goal

SHARE