၁၀-၉-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "TalkSport"

ချယ်လ်ဆီး ။     ။ ဒီတစ်ပတ် နိုင်ငံတကာပွဲစဉ်တွေမှာ ဒဏ်ရာရသွားခဲ့ကြတဲ့ ကွင်းလယ်လူ ကိုဗာဆစ်နဲ့ နောက်ခံလူ အီမာဆင် တို့ရဲ့ အခြေအနေကြောင့် ချယ်လ်ဆီးအသင်းဟာ ဒဏ်ရာရ ကစားသမားအရေအတွက် များပြားလာခဲ့ပါတယ်။ အီတလီအသင်းရဲ့ပွဲစဉ်မှာ အီမာဆင် တစ်ယောက် ခြေကျင်းဝတ်ဒဏ်ရာရခဲ့သလို ၊ ကိုဗာဆစ် ကလည်း ခရိုအေးရှားအသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာပါ။ ဒါ့အပြင် ကွင်းလယ်လူ ကန်တီ ၊ ပက်ဒရို တို့ ဒဏ်ရာကြောင့် အနားယူနေရဆဲဖြစ်သလို ရူဒီဂါ၊ ရိစ်ဂျိမ်းစ် ၊ လော့ဖ်တပ်ချိခ် ၊ အိုဒွိုင်း တို့ရဲ့ ကြံ့ခိုင်မှုကလည်း စောင့်ကြည့်နေရဆဲဖြစ်လို့ ချယ်လ်ဆီးဟာ ၀ုဗ်အသင်းနဲ့ကစားရမယ့် ဒီတစ်ပတ်ပွဲစဉ်မှာ ကစားသမားအကျပ်အတည်းနဲ့ရင်ဆိုင်ရဖို့ရှိနေပါတယ်။

ဂျော်ဂျင်ဟို ။     ။ ချယ်လ်ဆီးအသင်း ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟို ရဲ့ အေးဂျင့်ဖြစ်သူက ဂျော်ဂျင်ဟို ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း ချယ်လ်ဆီးအသင်းမှာ ကာလရှည်ကစားဖို့ ရည်ရွယ်ထားခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ဂျော်ဂျင်ဟို ဟာ လာမယ့် အပြောင်းအရွှေ့မှာ ဆရာဟောင်း ဆာရီ ရှိရာ ဂျုဗင်တပ်စ်အသင်းဆီ လိုက်ပါသွားလိမ့်မယ်လို့ သတင်းတွေ ထွက်နေခဲ့ပြီး အဲဒီအပေါ် အေးဂျင့်ဖြစ်သူက ပြန်လည်ဖြေရှင်းချက် ပေးလိုက်တာပါ။

 

အိုဒွိုင်း ။         ။ ချယ်လ်ဆီးအသင်းဟာ လူငယ်တောင်ပံကစားသမားလေး အိုဒွိုင်းကို တစ်ပတ်လုပ်ခ ပေါင်(၁၈၀၀၀၀)နဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပြီလို့ Mirror က ဖော်ပြပါတယ်။ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာခဲ့တဲ့ အိုဒွိုင်းဟာ ဒီတစ်ပတ် ချယ်လ်ဆီးအသင်းရဲ့ ပွဲစဉ်မှာ ပါဝင်နိုင်ဖို့အတွက် သီးသန့်လေ့ကျင့်ခန်းအစီအစဉ်တွေ လုပ်ဆောင်နေရသူပါ။ ချယ်လ်ဆီးဟာ အခြားလူငယ်ကစားသမားတွေဖြစ်ကြတဲ့ တိုက်စစ်မှူး အေဗရာဟမ် ၊ နောက်ခံလူ ရိစ်ဂျိမ်းစ် နဲ့ တိုမိုရီ တို့ကိုလည်း စာချုပ်သစ်တွေ ထပ်မံချုပ်ဆိုဖို့ ပြင်ဆင်နေပါတယ်။

ဒရင့်ခ်ဝါးတား ။  ။ နိုက်ကလပ်မှာ ရန်ပွဲဖြစ်ပွားခဲ့တဲ့ ကွင်းလယ်လူ ဒရင့်ခ်ဝါးတား ကို မိခင်ကလပ် ချယ်လ်ဆီးအသင်းအနေနဲ့ရော၊ ဘန်လေအသင်းကရော အရေးယူမှု ပြုလုပ်သွားမှာမဟုတ်ဘူးလို့ သိရပါတယ်။ မန်ချက်စတာမြို့ထဲက နိုက်ကလပ်တစ်ခုမှာ လူ(၆)ဦးရဲ့ ၀ိုင်းဝန်းထိုးကြိတ်ခြင်းကို ခံခဲ့ရတဲ့ ဒရင့်ခ်ဝါးတားအတွက် ဘယ်လိုအရေးယူမှုမှ ပြုလုပ်သွားမှာမဟုတ်ဘူးလို့ ချယ်လ်ဆီးတာဝန်ရှိသူတစ်ဦးက ပြောဆိုသွားခဲ့ပြီး ဘန်လေအသင်းဖက်ကလည်း အရေးယူဖို့အရေးနဲ့ပတ်သက်ပြီး ဘာမှ ကြေညာထားခြင်းမရှိသေးဘူးလို့ သိရပါတယ်။

READ
၅-၁၂-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ရာမို့စ် ။ ။ ရီးယဲလ်အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ်က ပေါ့ဂ်ဘာသာ မန်ယူအသင်းကနေ ထွက်ခွာလာမယ်ဆိုရင် ရီးယဲလ်အနေနဲ့ အမြဲတံခါးဖွင့်ထားဆဲဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ပေါ့ဂ်ဘာ ဟာ ဒီရာသီအပြောင်းအရွှေ့မှာ ရီးယဲလ်အသင်းဆီရောက်ဖို့အတွက် အနီးစပ်ဆုံးဖြစ်ခဲ့ပြီး နောက်ဆုံးမှာ အပြောင်းအရွှေ့ ပျက်ပြယ်သွားခဲ့ရတာပါ။ ရာမို့စ်က ရီးယဲလ်အသင်းအနေနဲ့ ပေါ့ဂ်ဘာအတွက် အမြဲတံခါးဖွင့်ထားကြောင်းနဲ့ ပေါ့ဂ်ဘာဟာ ရီးယဲလ်နဲ့ ထိုက်တန်တဲ့ ကစားသမားဖြစ်ကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

ဂွမ်ဒူဇီ ။ ။ ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒက်ချမ့်ပ် က ပြင်သစ်အသင်းအတွက် ရွေးချယ်ခဲ့တဲ့ ကွင်းလယ်လူ ဂွမ်ဒူဇီဟာ အတွေ့အကြုံနုနယ်သူတစ်ယောက်ဖြစ်ကြောင်းနဲ့ သူ့ဆီကနေ အများကြီးမျှော်လင့်မထားဖို့လိုကြောင်း ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။ ဂွမ်ဒူဇီဟာ ဒီနေ့ညမှာ ကစားမယ့် ပြင်သစ်နဲ့ အန်ဒိုရာအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ပွဲထွက်လာဖို့ရှိနေပြီး အယ်လ်ဘေးနီးယားကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာတော့ အရန်လူအဖြစ်သာ ရှိနေခဲ့ရပါတယ်။

READ
(၂၉-၅-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE