၁၁-၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

မာနိုလက်စ် ။    ။ မန်ယူအသင်းဟာ ဒီအပြောင်းအရွှေ့ကာလရဲ့ ပထမဆုံးခေါ်ယူမှုအဖြစ် ရိုးမားနောက်ခံလူ မာနိုလက်စ်ကို ပေါင်သန်း(၃၀)နဲ့ ခေါ်ယူဖို့အနီးစပ်ဆုံးဖြစ်နေတယ်လို့ Mirror သတင်းစာက ဖော်ပြပါတယ်။ မာနိုလက်စ်ဟာ ရိုးမားအသင်းနဲ့ ပေါင်သန်း(၃၀)တန် စာချုပ်လျော်ကြေးတစ်ရပ် ရှိနေတာကြောင့် မန်ယူအသင်းအနေနဲ့ မာနိုလက်စ်ကို ခေါ်ယူဖို့အတွက် သူ့ရဲ့စာချုပ်လျော်ကြေးကို ပေးချေရဖွယ်ရှိနေတာပါ။ မန်ယူဟာ သူတို့ရဲ့ ခံစစ်ဗဟိုနေရာအတွက် လက်စတာရဲ့မက်ဂွိုင်းယား ၊ စပါးရဲ့ အယ်လ်ဒါဝီး တို့ကိုလည်း စောင့်ကြည့်နေပြီး မာနိုလက်စ်ကတော့ အနီးစပ်ဆုံးအခြေအနေမှာ ရှိနေတာပါ။

ကော်တင်ဟို ။   ။ ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီက အသင်းကွင်းလယ်လူ ကော်တင်ဟိုအနေနဲ့ ပုံမှန်ပွဲထွက်ခွင့်ရနိုင်ဖို့ ပိုမိုကြိုးစားဖို့လိုအပ်မှာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ကော်တင်ဟို ဟာ လီဗန်တေးအသင်းကို (၂-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ပင်နယ်တီကတစ်ဆင့် သွင်းယူပေးခဲ့ပေမယ့်လည်း ဘာစီလိုနာနည်းပြကတော့ သူ့ရဲ့ခြေစွမ်းကို သဘောမကျဖြစ်နေခဲ့တာပါ။ ဗယ်လ်ဗာဒီက ကော်တင်ဟိုဟာ ကစားသမားကောင်းတစ်ယောက်ဖြစ်ပေမယ့်လည်း ဘာစီလိုနာမှာ နေရာတစ်ခုရဖို့ ဒီ့ထက်ပိုပြီးကြိုးစားရဦးမယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

(AP Photo/Alberto Saiz)

အော်စတင် ။    ။ ဆောက်သမ်တန်အသင်းတိုက်စစ်မှူး ချာလီအော်စတင် ဟာ မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ လက်နှစ်ချောင်းထောင်ပြီး လူမျိုးရေးခွဲခြားခဲ့တဲ့ အမူအယာကြောင့် (၂)ပွဲပယ် ပြစ်ဒဏ်ကျခံဖို့ FA က ဆုံးဖြတ်လိုက်ပါတယ်။ အသက် (၂၉)နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ လအတွင်းက ကစားခဲ့တဲ့ ပွဲစဉ်မှာ အဲဒီအပြုအမူကို ပြုလုပ်ခဲ့တာဖြစ်ပြီး မန်စီးတီးပရိသတ်တွေကို ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာကို ရုပ်သံမှတ်တမ်းတွေအရ ပြန်လည်တွေ့ရှိခဲ့ရတာပါ။ အော်စတင်ဟာ ဒီပြစ်ဒဏ်ကြောင့် လက်စတာအသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်မှာဖြစ်သလို ဒါဘီအသင်းနဲ့ ကစားရမယ့် FA ဖလားပွဲစဉ်ကို လွဲချော်ရမှာဖြစ်ပါတယ်။

READ
၅-၂-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက စပါးအသင်းနဲ့ ပွဲစဉ်မတိုင်မီ စပါးအသင်းနည်းပြ ပိုချက်တီနိုကို ချီးကျူးစကားဆိုလိုက်ပါတယ်။ ဆိုးလ်ရှားက ပိုချက်တီနိုဟာ အလုပ်ကို အကောင်းဆုံး လုပ်နေသူတစ်ယောက်ဖြစ်ပြီး စပါးအသင်းဟာ သူ့ရဲ့လက်ထက်မှာ တိုးတက်မှုတွေ မြင့်မားခဲ့ကြောင်း မှတ်ချက်ပေးလိုက်တာပါ။ ဆိုးလ်ရှားက ပိုချက်တီနိုဟာ မန်ယူအသင်းရဲ့ နည်းပြအဖြစ် ဆက်ခံဖို့ ထိုက်တန်တဲ့သူ လို့လည်း ဖြေဆိုသွားခဲ့ပါသေးတယ်။ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ စပါးအသင်းရဲ့ အိမ်ကွင်းဆီ သွားရောက်ကစားရမှာဖြစ်ပြီး မန်ယူအသင်းအတွက် ခက်ခဲတဲ့ပွဲဖြစ်လာလိမ့်မယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

Twitter

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းအနေနဲ့ လာမယ့်ဇန်န၀ါရီအပြောင်းအရွှေ့မှာ ကစားသမားဝယ်ယူမှာမဟုတ်ပဲ အငှားခေါ်ယူမှုတွေကိုသာ ပြုလုပ်သွားမှာဖြစ်တယ်လို့ နည်းပြ အမ်မရီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်အသင်းရဲ့ အပြောင်းအရွှေ့ပေါ်လစီအရ ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွေမှာ ကစားသမားသစ်ခေါ်ယူလေ့မရှိပဲ ဒီရာသီမှာလည်း အငှားခေါ်ယူမှုတွေ ပြုလုပ်ဖို့ကိုသာ စီစဉ်နေတာပါ။ အာဆင်နယ်ဟာ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ဒင်းနစ်ဆွာရက်ဇ်ကို အငှားခေါ်ယူဖို့ ကြိုးစားနေပြီး အပြောင်းအရွှေ့ဟာ အနီးစပ်ဆုံးဖြစ်နေပြီလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
၂၉-၉-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
PA

ဟောက်တန် ။   ။ ဘရိုက်တန်အသင်းနည်းပြ ခရစ္စဟောက်တန် က ဒီတစ်ပတ်စနေမှာ ရင်ဆိုင်ရမယ့် လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်စွမ်းရှိသူတွေဖြစ်ကြောင်း ထောက်ခံလိုက်ပါတယ်။ ဟောက်တန် က လီဗာပူးလ်ဟာ ရမှတ်ကွာဟမှုအနေအထားကြောင့် ချန်ပီယံဆုအတွက် အလေးသာနေခဲ့ပြီး သူတို့ရဲ့ရေပန်းစားမှုဟာ ထိုက်တန်တယ်လို့ ပြောကြားသွားခဲ့တာပါ။ ပရီးမီးယားလိဂ်နောက်ဆုံး(၄)ပွဲဆက် ရှုံးပွဲမရှိခဲ့တဲ့ ဘရိုက်တန်ဟာ ဒီတစ်ပတ်စနေမှာ လီဗာပူးလ်အသင်းကို အိမ်ကွင်းမှာလက်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Linn

Source : TheSun , Dailymail , Mirror

SHARE