၁၁-၁၀-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဆန်းချက်ဇ် ။    ။ မန်ယူအသင်းနည်းပြ မော်ရင်ဟို ဟာ နိုင်ငံတကာပွဲစဉ်တွေ သွားရောက်ကစားပြီးတဲ့နောက် ပြန်လာတဲ့အချိန်ကျရင် ဆန်းချက်ဇ်ကို နေရာသစ်မှာ ပြောင်းလဲအသုံးပြုကြည့်ဖို့ ပြင်ဆင်နေပါတယ်။ ဆန်းချက်ဇ်ဟာ မန်ယူအသင်းရဲ့ ဘယ်ခြမ်းတိုက်စစ်မှာ ကစားတာဖြစ်ပြီး တိုက်စစ်မှာ လူကာကူ၊ လင်ဂတ်၊ ရက်ရှ်ဖို့တို့နဲ့အတူ တွဲဖက် ကစားနေတာပါ။ ဗလင်စီယာအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ သူဟာ ညာတောင်ပံမှာ ကစားခဲ့ရပြီး ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ဒါပေမယ့် နယူးကာဆယ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ မော်ရင်ဟိုက ဆန်းချက်ဇ်ကို လူကာကူရဲ့အနောက်မှာ နောက်ချန်တိုက်စစ်မှူးအဖြစ် ကစားစေခဲ့ပြီး ဆန်းချက်ဇ်အနေနဲ့ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဲဒါကြောင့် ဒီတစ်ပတ် နိုင်ငံတကာပွဲတွေကနေ ပြန်ရောက်လာခဲ့ရင် ဆန်းချက်ဇ်ကို တိုက်စစ်မှူးနဲ့ ကွင်းလယ်ကြားမှာ ချိတ်ဆက်ပေးသူအဖြစ် မော်ရင်ဟိုက ကစားခိုင်းဖို့ စီစဉ်နေတာဖြစ်ပြီး ဆန်းချက်ဇ်ကို နေရာအသစ်မှာ တွေ့ရဖို့ရှိနေပါတယ်။

(AP Photo/Martin Meissner)

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ အားနည်းနေတဲ့ တောင်ပံတိုက်စစ်နေရာကို အားဖြည့်ဖို့အတွက် ဒေါ့တ်မွန်အသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမား ဂျာဒွန်ဆန်ချိုကိုခေါ်ယူဖို့ ကြိုးစားနေပါတယ်။ မန်စီးတီးကနေ ဒေါ့တ်မွန်အသင်းကို ပေါင် (၈)သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဆန်ချိုရဲ့ တန်ကြေးဟာ အခုဆိုရင် ပေါင် သန်း(၅၀) ကျော်နေပြီလို့ မီဒီယာတွေက ရေးသားခဲ့ကြပြီး အသက် (၁၈)နှစ်အရွယ်တောင်ပံ ကစားသမားဟာ သူ့ရဲ့ခြေစွမ်းကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းကြီးအတွက်တောင် ရွေးချယ်ခံနေရပါပြီ။

READ
Instagram မှာ six - pack ဓါတ်ပုံတင်ခဲ့တဲ့ ဖာဘရီဂတ်စ်ကို လှောင်ပြောင်ခဲ့တဲ့ ဒေးဗစ်ဗီလာ

အီဝိုဘီ ။         ။ အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းကြီး အီယန်ရိုက်က အာဆင်နယ်အသင်းကနေ ရမ်ဆေး ထွက်ခွာသွားခဲ့ရင် သူ့နေရာကို အစားဝင်မယ့် ကစားသမားဟာ အီဝိုဘီ ဖြစ်လာလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ အီယန်ရိုက်က အီဝိုဘီဟာအရည်အချင်းရှိတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အသင်းအနေနဲ့ သူ့ကို လက်တွဲခေါ်ဖို့သာ လိုအပ်ကြောင်း သုံးသပ်သွားခဲ့တာပါ။

(AP Photo/Rui Vieira)

ဘာကလေ ။    ။ လာမယ့်သောကြာညမှာ ခရိုအေးရှားအသင်းနဲ့ ရင်ဆိုင်ရမယ့် အင်္ဂလန်အသင်းအနေနဲ့ မိုဒရစ်၊ ရာကီတစ်တို့ရဲ့ ကွင်းလယ်ပိုင်းကို ကောင်းကောင်းယှဉ်နိုင်စွမ်းရှိတယ်လို့ ဘာကလေက ဆိုပါတယ်။ ချယ်လ်ဆီးအသင်းမှာ ပုံစံကောင်းပြသနေတဲ့ ဘာကလေဟာ အင်္ဂလန်အသင်းအတွက် ပွဲထွက်ခွင့်ရဖို့ မျှော်လင့်နေပြီး ခရိုအေးရှားရဲ့ ကွင်းလယ်ကို ယှဉ်ပြိုင်ကစားဖို့ အသင့်ဖြစ်နေတယ်လို့ ဆိုခဲ့တာပါ။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်တုန်းကလည်း ခရိုအေးရှားနဲ့ အင်္ဂလန်အသင်းတို့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရဖူးပြီး အဲဒီ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ခရိုအေးရှားက တိုက်စစ်မှူး မန်ဇူကစ်ရဲ့ အချိန်ပိုသွင်းဂိုးနဲ့အနိုင်ရခဲ့တာပါ။

READ
၂၈-၆-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
(AP Photo/Tim Ireland)

ဂျူဗင်တပ်စ် ။    ။ စီးရီးအေကလပ်အသင်း ဂျူဗင်တပ်စ်ဟာ အာဆင်နယ်အသင်းက ထွက်ခွာတော့မယ့် ကွင်းလယ်လူ ရမ်ဆေးအတွက် အကြိုစာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းလိုက်ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ရမ်ဆေးကို တစ်ပတ်လုပ်ခလစာ ပေါင် (၂၅၀၀၀၀)အထိ ပေးမယ်လို့ ကမ်းလှမ်းထားခဲ့ပြီး အသင်းကနေ မထွက်ခွာမှီ အကြိုသဘောတူညီမှုရဖို့ ကြိုးစားနေတာပါ။ ရမ်ဆေးဟာ သူ့ရဲ့မိသားစုအနေအထားကြောင့် အင်္ဂလန်ကနေ ထွက်ခွာဖို့ အဆင်မပြေဖြစ်နေပေမယ့် ဂျူဗင်တပ်စ်အသင်းရဲ့ လက်ရှိအနေအထားက စီးရီးအေကို ပြောင်းရွှေ့ဖို့ ဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

Linn

Source : Dailymail , TheSun , Mirror

SHARE