၁၀-၁၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

ဗန်ဒိုက် ။         ။ လီဗာပူးလ်အသင်းနောက်ခံကစားသမား ဗန်ဒိုက် က လီဗာပူးလ်ဟာ မန်စီိးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ ကြောက်ရွံ့နေမှာမဟုတ်ကြောင်းနဲ့ မန်စီးတီးကို အနိုင်ယူဖို့အတွက် အထူးတလည်တွန်းအားပေးတာမျိုး လုပ်နေဖို့လည်းမလိုကြောင်း ပြောဆိုလိုက်ပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိအချိန်မှာ မန်စီးတီးအသင်းထက် (၆)မှတ်ကွာဟတဲ့ အနေအထားကို ရရှိနေတာဖြစ်ပြီး ဒီနေ့ပွဲစဉ်မှာသာ အနိုင်ရခဲ့မယ်ဆိုရင် ချန်ပီယံဆုအတွက် မန်စီးတီးတို့ လက်လျော့ရမယ့်အနေအထားဆီ ရောက်သွားမှာပါ။ ဗန်ဒိုက် က အသင်းသားတွေဟာ ဒီပွဲနဲ့ ပတ်သက်လို့ ဘာဖိအားမျိုးမှ ရှိမနေကြပဲ လုပ်စရာရှိတာကိုပဲ အကောင်းဆုံး လုပ်သွားကြမှာဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

အာနိုးလ် ။       ။ လီဗာပူးလ်အသင်းနောက်ခံလူ အာနိုး ဟာ လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ တန်ဖိုးကြီးကစားသမားအဖြစ် စိတ်ဝင်စားခြင်းခံရဖို့ရှိနေတယ်လို့ ဘရာဇီးနောက်ခံလူဟောင်း ကာဖူးက မှတ်ချက်ပေးလိုက်ပါတယ်။ လီဗာပူးလ်အသင်းအတွက် (၁၀၁)ပွဲကစားပြီး ဂိုးဖန်တီးမှု (၂၈)ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ခဲ့တဲ့ အာနိုး ဟာ အပြောင်းအရွှေ့ဈေးကွက်ရဲ့ တန်ဖိုးကြီး ကစားသမားအဖြစ် ရပ်တည်နေလိမ့်မယ်လို့ ကာဖူးက သုံးသပ်ခဲ့ပြီး လီဗာပူးလ်အနေနဲ့ ဒီကစားသမားကြောင့် အကျိုးအမြတ်တွေ အများကြီး ရရှိလိမ့်မယ်လို့လည်း မှတ်ချက်ပေးလိုက်ပါတယ်။

ဇာခါ ။  ။ အာဆင်နယ်အသင်း ကွင်းလယ်ကစားသမား ဇာခါ က အသင်းရဲ့ပရိသတ်တွေဟာ ကစားသမားတွေကို ကွင်းအတွင်းမှာ မကောင်းတဲ့ခံစားချက်တွေ ဖြစ်ပေါ်လာအောင် ပြုလုပ်နေသူတွေဖြစ်ကြောင်း စွပ်စွဲလိုက်ပါတယ်။ အာဆင်နယ်အသင်း ကစားသမားတွေကို ဆဲရေးပြီးတဲ့နောက်ပိုင်းမှာ အာဆင်နယ်အတွက် ကစားပေးရခြင်းမရှိတော့တဲ့ ကွင်းလယ်လူ က ပရိသတ်တွေဟာ ကစားသမားတွေကို လှောင်ပြောင်ချင်ကြသူတွေဖြစ်ပြီး အဲဒီအပြုအမူဟာ အသင်းကို ထိခိုက်စေမယ်ဆိုတာ စဉ်းစားတာမျိုး လုံးဝ မရှိကြောင်း ပြောဆိုလိုက်တာပါ။

အမ်မရီ ။         ။ အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီ က သူ့အနေနဲ့ လက်ရှိရာထူးကနေ ထုတ်ပယ်ခံရမှာကို ကြောက်နေမှာမဟုတ်ကြောင်းနဲ့ အသင်းရဲ့စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်အောင် လုပ်ဖို့ကိုသာ ကြိုးစားနေကြောင်း ဖွင့်ဟလိုက်ပါတယ်။ လက်စတာအသင်းကို (၂-၀)နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီး အင်တာဗျူးမှာ အမ်မရီ က သူ့ရဲ့အခြေအနေကို ပြောပြလိုက်ပြီး သူ့အနေနဲ့ ရာထူးကနေ အချိန်မရွေး ထုတ်ပယ်ခံရနိုင်တယ်ဆိုတာ တွေးဆထားပြီးဖြစ်ကြောင်း ဖွင့်ဟသွားခဲ့တာပါ။

ဇာဗီ ။   ။ ကာတာကလပ် အယ်လ်ဆတ် အသင်းကို နည်းပြအဖြစ် တာဝန်ယူနေတဲ့ ဘာစီလိုနာကွင်းလယ်လူဟောင်း ဇာဗီ ကို ပရိသတ်တွေက ရာထူးကနေ ထွက်သွားစေချင်ပြီလို့ Goal က ဖော်ပြပါတယ်။ Al Qatar အသင်းကို (၃-၀)နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ပရိသတ်တွေက နည်းပြ ရာထူးအတွက် အပြောင်းအလဲလုပ်ဖို့ တောင်းဆိုခဲ့ကြပြီး နောက်ဆုံး ကစားခဲ့တဲ့ (၆)ပွဲမှာ (၄)ပွဲအထိ ရှုံးနိမ့်ခဲ့တာကို လက်မခံနိုင်ပဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။

READ
ဘောလုံးသမိုင်းမှာလန်းဆုံး ဖရီးကစ်(၁၀)ဂိုး

မက်ဒီဆင် ။     ။ လက်စတာအသင်းနည်းပြ ရော်ဂျာ က အသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား မက်ဒီဆင် ဟာ တစ်ချိန်က လီဗာပူးလ်မှာ ကော်တင်ဟို ကောင်းခဲ့သလိုမျိုး ကောင်းမွန်တဲ့ ကစားသမားဖြစ်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ အာဆင်နယ်ကို (၂-၀)နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ လှပသေသပ်တဲ့ သွင်းဂိုးတစ်ဂိုး သွင်းယူခဲ့တဲ့ မက်ဒီဆင် ဟာ မန်ယူ၊ လီဗာပူးလ်အသင်းတို့ရဲ့ စိတ်ဝင်စားမှုကို ခံနေရပြီး ဒီကစားသမားက  လက်စတာရဲ့ကြယ်ပွင့် ဖြစ်လာလိမ့်မယ်လို့ ရော်ဂျာက မှတ်ချက်ပေးလိုက်ပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE