၁၁-၁၀-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter/Goal

ဒီပေး ။ ။ နယ်သာလန်နဲ့မြောက်အိုင်ယာလန်အသင်းတို့ရဲ့ ပွဲစဉ်မှာ နယ်သာလန်အတွက် သွင်းဂိုး(၂)ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဒီပေး ကို ပြန်လည်ခေါ်ယူဖို့ မန်ယူပရိသတ်တွေက တောင်းဆိုနေကြပြန်ပါပြီ။ လိုင်ယွန်အသင်းနဲ့အတူ ဒီရာသီ ပြိုင်ပွဲစုံမှာ (၉) ဂိုးအထိ သွင်းထားပြီး ခြေစွမ်းတည်ငြိမ်နေတဲ့ တိုက်စစ်မှူးကို ပြန်လည်ခေါ်ယူဖို့ ပရိသတ်တွေက တောင်းဆိုနေကြတာဖြစ်ပြီး မန်ယူနည်းပြဟောင်း မော်ရင်ဟို ကလည်း မန်ယူနဲ့လိုင်ယွန်အသင်းတို့ ချုပ်ဆိုထားတဲ့စာချုပ်ထဲမှာ ဒီပေးကို ပြန်လည်ခေါ်ယူခွင့်ရှိတယ်ဆိုတဲ့အချက် ပါဝင်တယ်လို့ အတည်ပြုပေးထားခဲ့တာပါ။

အိုဝင် ။ ။ အင်္ဂလန်အသင်းတိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင် က မန်ယူအသင်းမှာ ပွဲထွက်ခွင့်နဲ့ ထိုက်တန်တဲ့ကစားသမားက (၄) ဦးထက်မပိုဘူးလို့ သုံးသပ်လိုက်ပြီး လက်ရှိကစားသမားတွေရဲ့ ခြေစွမ်းနဲ့ပတ်သက်လို့ ဝေဖန်မှု ပြုလုပ်သွားခဲ့ပါတယ်။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားဟာ ကစားသမားတွေရဲ့ အပြည့်အ၀ ပေးဆပ်မှုကို မရရှိတဲ့အခြေအနေဖြစ်တယ်လို့ အိုဝင်က ဆိုလိုက်ပြီး အသင်းအတွက် အကောင်းဆုံး ကစားပေးနေတဲ့ ကစားသမားက (၃)ဦး၊(၄)ဦးလောက်သာ ရှိနေကြောင်း အိုဝင်က မှတ်ချက်ပေးလိုက်တာပါ။

 

မက်ဒီဆင် ။     ။ အင်္ဂလန်အသင်းအတွက် ရွေးချယ်ထားတဲ့ လက်စတာကွင်းလယ်လူ မက်ဒီဆင် တစ်ယောက် လူစာရင်းကနေ နုတ်ထွက်သွားခဲ့ခြင်းဟာ အဖျားရောဂါကြောင့်ဖြစ်တယ်လို့ နည်းပြ ဆောက်ဂိတ်က ဖွင့်ဟသွားခဲ့ပါတယ်။ လက်စတာအသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ ကွင်းလယ်တိုက်စစ်ကစားသမားဟာ အင်္ဂလန်အသင်းရဲ့လူစာရင်းထဲမှာ ပါဝင်လာခဲ့ပေမယ့်လည်း ချက်၊ ဘူလ်ဂေးရီးယားတို့နဲ့ပွဲမတိုင်မီ ကစားသမားစာရင်းထဲကနေ ပြန်လည်နုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။

ကျောနံပတ် (၇) ။        ။ ရော်နယ်ဒို ထွက်သွားပြီးတဲ့နောက် မန်ယူရဲ့ ကျောနံပတ် (၇) ဟာ တကယ့်ကို ကျိန်စာ သင့်သွားခဲ့လေရော့သလား..။ ဒီအကြောင်း အပြည့်အစုံကို အောက်ပါ လင့်ခ်ကနေ ဖတ်ရှုနိုင်ပါတယ်…..

ရော်နယ်ဒို ထွက်ခွာသွားပြီးတဲ့နောက် ကျိန်စာသင့်သွားခဲ့တဲ့ မန်ယူရဲ့ ကျောနံပတ် (၇)

မော်ရင်ဟို ။     ။ စပါးအသင်းတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ် က မော်ရင်ဟို ဟာ စပါးအသင်းနည်းပြ ရာထူးနဲ့  ထိုက်တန်သူဖြစ်ကြောင်း ထောက်ခံလိုက်ပါတယ်။ Betfair နဲ့ အင်တာဗျူးမှာ ဘာဘာတော့ဗ် က မော်ရင်ဟို ဟာ စပါးအသင်းရဲ့ လက်ရှိအခြေအနေတွေကို ကိုင်တွယ်ဖို့အတွက် အရည်အချင်းအပြည့်ရှိသူဖြစ်ကြောင်းနဲ့ ပရီးမီးယားလိဂ်အကြောင်းကိုလည်း ကောင်းကောင်းနားလည်သူ ဖြစ်ကြောင်းပြောဆိုသွားခဲ့တာပါ။

Linn

READ
ယူရိုပါလိဂ်ဖလားရရင်တောင်မှ ချန်ပီယံလိဂ်ဝင်ခွင့် မသေချာသေးတဲ့ မန်ယူအသင်း

Source : TheSun , Goal, Mirror

SHARE