၁၁-၁၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

ရော်နယ်ဒို ။     ။ အင်္ဂလန်အသင်းနည်းပြဟောင်း ကာပယ်လို က ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒို ဟာ ပြိုင်ဖက်ကစားသမားတွေကို တစ်ဦးချင်း ကျော်ဖြတ်မပြေးနိုင်တာ (၃)နှစ်နီးပါး ရှိနေပြီလို့ ဆိုလိုက်ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ပွဲစဉ်မှာ ပွဲချိန် (၅၅)မိနစ်မှာတင် လူစားလဲခံရတဲ့ ရော်နယ်ဒို ဟာ ပွဲမပြီးခင်မှာပဲ အိမ်ပြန်သွားခဲ့ပြီး ရော်နယ်ဒို အနေနဲ့ လူစားလဲခံရတဲ့အခြေအနေတွေကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်သင့်တယ်လို့ ကာပယ်လိုက မှတ်ချက်ပေးလိုက်ပါတယ်။

လာကာဇက် ။   ။ အာဆင်နယ်အသင်းတိုက်စစ်မှူး လာကာဇက် က အာဆင်နယ်အသင်းကစားသမားတွေဟာ ရလဒ်တွေ ဆက်တိုက်ဆိုးရွားနေတာကြောင့် ယုံကြည့်မှုပျောက်ဆုံးနေကြကြောင်းနဲ့ မကြာမီကာလအတွင်းမှာ ပုံစံကောင်းတွေ ပြန်လည်ရရှိလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး(၅)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေခဲ့ပြီးး လက်ရှိအနေအထားဟာ အသင်းသားတွေအတွက် ခက်ခဲတဲ့အခြေအနေပဲဖြစ်တယ်လို့ လာကာဇက် က မှတ်ချက်ပေးခဲ့တာပါ။

 

ဂွာဒီယိုလာ ။    ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ က သူဟာ ပွဲစဉ်တိုင်းကို အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်မယ့် တန်ခိုးရှင်တစ်ယောက် မဟုတ်ကြောင်း ပြောဆိုလိုက်ပါတယ်။ လီဗာပူးလ်အသင်းကို (၃-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယား အဆင့်(၄)နေရာအထိ ရောက်သွားတဲ့အပေါ် ဂွာဒီယိုလာ က မှတ်ချက်ပေးလိုက်တာဖြစ်ပြီး လီဗာပူးလ်ကို ပြန်လည်လိုက်မီဖို့ဆိုတာ သူ့အနေနဲ့ အတိအကျမပြောနိုင်တော့ဘူးလို့ ပြောပြသွားခဲ့ပါတယ်။

မန်ယူ ။ ။ မန်ယူအသင်းဟာ စီးရီးအေကို ပြန်လည်ရောက်ရှိမယ့်လို့ သတင်းတွေထွက်နေတဲ့ တိုက်စစ်မှူး အီဗရာဟီမိုဗစ် ကို ကြားဖြတ်ခေါ်ယူဖို့  ပြင်ဆင်နေကြောင်း Mirror က ဖော်ပြပါတယ်။ မန်ယူအသင်းမှာ ကစားခဲ့ပြီးတဲ့နောက် မေဂျာလိဂ်ပြိုင်ပွဲဆီ ပြောင်းရွှေ့သွားတဲ့ မိုဗစ် ဟာ နှစ်ရာသီအတွင်းမှာပဲ (၅၃)ဂိုး သွင်းနိုင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ဥရောပမြေဆီ ပြန်လည်ပြောင်းရွှေ့လာဖို့ ပြင်ဆင်နေတာပါ။

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းနည်းပြ အမ်မရီ ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဘာစီလိုနာနည်းပြဟောင်း အင်းနရစ် ကို အာဆင်နယ်အသင်း ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက်လာနေပါတယ်။ အသက် (၄၉)နှစ်အရွယ် အင်းနရစ် ဟာ ဘာစီလိုနာကို (၃)ရာသီကြာ နည်းပြခဲ့ပြီးနောက် စပိန်အသင်းနည်းပြအဖြစ် ကူးပြောင်းသွားခဲ့သူပါ။ အဲဒီနောက်မှာတော့  သူ့ရဲ့သမီးလေး အရိုးကင်ဆာဝေဒနာ ခံစားနေခဲ့ရလို့ နည်းပြရာထူးကနေ နုတ်ထွက်သွားခဲ့သူဖြစ်ပါတယ်။

READ
(၂၀-၄-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE