၁၂-၁၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

အင်္ဂလန် ။       ။ လီဗာပူးလ်နောက်ခံလူ ဂိုမက်ဇ်နဲ့ မန်စီးတီးတိုက်စစ်မှူးစတာလင် တို့ ပြဿနာ ဖြစ်ပွားခဲ့ပြီးနောက် စတာလင် ကို အသင်းလူစာရင်းကနေ ထုတ်ပယ်လိုက်တဲ့ဖြစ်ရပ်ကို အင်္ဂလန်ကစားသမားတွေ မပျော်မရွှင်ဖြစ်နေကြတယ်လို့ Mirror က ဖော်ပြပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ စားသောက်ခန်းမှာဖြစ်ပွားခဲ့တဲ့ ရန်ပွဲမှာ လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆင် က ၀င်ရောက်ထိန်းသိမ်းပေးခဲ့ရပြီး တင်းမာနေကြတဲ့ ကစားသမားနှစ်ယောက်ကိုလက်ဆွဲနှုတ်ဆက်လာအောင် ညှိနှိုင်းပေးခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့တာပါ။ လက်ရှိအချိန်မှာ စတာလင် ဖက်က သူ့ရဲ့အပြုအမူနဲ့ ပတ်သက်လို့ ပြန်လည်တောင်းပန်ထားခဲ့ပေမယ့် အင်္ဂလန်အသင်း တာဝန်ရှိသူတွေကတော့ မွန်တီနီဂရိုးနဲ့ ကစားရမယ့်ပွဲစဉ်မှာ ထည့်သွင်းခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့ပါပြီ။

လက်စတာ ။    ။ အာဆင်နယ်အသင်းကစားသမားဟောင်း ပေါလ်မာဆွန် က အာဆင်နယ်နည်းပြ အမ်မရီ ဟာ ပီပီ အတွက် ပေါင်(၇၂)သန်းအထိ အသုံးပြုခဲ့ရမယ့်အစား ဘရန်ဒန်ရော်ဂျာကို ပေါင်သန်း(၄၀) နဲ့ ခေါ်ပြီး နည်းပြခိုင်းတာက ပိုအလုပ်ဖြစ်လိမ့်ဦးမယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ မာဆွန် က အာဆင်နယ်ရဲ့ လက်ရှိအခြေအနေဟာ ဘုတ်အဖွဲ့ထင်ထားတာတွေနဲ့ တလွဲစီတွေဖြစ်နေပြီး အပြောင်းအရွှေ့မှာ ငွေအများကြီး သုံးခဲ့ပေမယ့် ရလဒ်ပိုင်းကတော့ ကျေနပ်စရာမရှိဘူးလို့ မှတ်ချက်ပေးခဲ့တာပါ။ ဒါ့အပြင် နည်းပြ အမ်မရီ ရဲ့နေရာမှာ လက်စတာ နည်းပြ ဘရန်ဒန်ရော်ဂျာ ကို ရော်ကြေးပေးပြီးခေါ်ယူဖို့ သူက တိုက်တွန်းခဲ့ပါသေးတယ်။

 

ဗန်ဒိုက် ။         ။ လီဗာပူးလ်အသင်းကွင်းလယ်ကစားသမား ဒန်နီ မာဖီ က လီဗာပူးလ်ရဲ့ လက်ရှိနောက်ခံလူ ဗန်ဒိုက် ဟာ မက်ဆီ ကိုကျော်ဖြတ်ပြီး ဘလွန်းဒီအော ဆု ရရှိဖို့ ထိုက်တန်သူဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ လက်ရှိအချိန်မှာတော့ ဗန်ဒိုက်က UEFAအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးထားခဲ့ပြီး၊ မက်ဆီကတော့ ဖီဖာ ရဲ့ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးထားခဲ့တာပါ။ ဒါပေမယ့် အခုလာမယ့်  ဘလွန်းဒီအော ဆုအတွက်တော့ ဗန်ဒိုက် က  မက်ဆီထက် ပိုပြီး ထိုက်တန်တဲ့ ကစားသမားဖြစ်နေတယ်လို့ မာဖီ က မှတ်ချက်ပေးခဲ့ပါတယ်။

စပါး ။   ။ စပါးအသင်းဟာ လာမယ့်အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာတော့မယ့် အဲရစ်ဆင် ရဲ့နေရာအတွက် အေဂျက်ဇ်ရဲ့ ဇီယက်ခ်ျ ၊ စပို့တင်းရဲ့ ဘရူနိုဖာနန်ဒက်စ်၊ ရိုးမားရဲ့ ပယ်လီဂရီနီ နဲ့ ဆယ်လ်တာ ရဲ့ ဘရီးယက်စ် မန်းဒက်ဇ် တို့ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း Express Sports က ဖော်ပြသွားပါတယ်။ စပါးအသင်းဟာ လာမယ့်အပြောင်းအရွှေ့မှာ အဲရစ်ဆင် ကို မဖြစ်မနေ ရောင်းချသွားဖို့ရှိနေတာကြောင့် သူ့နေရာမှာ အစားထိုးမယ့် ကစားသမားကို အခုအချိန်ကတည်းက ရှာဖွေနေတာဖြစ်ကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
(၃၀-၅-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

မက်ဆီ ။         ။ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ အနေနဲ့ (၂၀၂၀)နွေရာသီ မတိုင်မီ အထိ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ မပြုလုပ်သေးဘူးလို့ အသင်းတာဝန်ရှိသူတွေကို အသိပေးထားကြောင်း Marca သတင်းစာက ဖော်ပြပါတယ်။ မက်ဆီ ဟာ ဘာစီလိုနာနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရသူ့ရဲ့နောက်ဆုံး (၁၂) လကို ဖြတ်သန်းနေတာဖြစ်ပြီး ဘာစီလိုနာကနေ ထွက်ခွာသွားမယ့် အရိပ်အယောင်တွေလည်းရှိနေတယ်လို့ Marca က သုံးသပ်ပါတယ်။

Linn

READ
၁၄-၂-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Source : TheSun , Goal , Mirror

SHARE