၁၁-၂-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဂွာဒီယိုလာ ။    ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ က အသင်းပိုင်ရှင်တွေအနေနဲ့ အသင်းရဲ့နည်းပြတွေကို အပြည့်အ၀ ထောက်ခံပေးမှသာ ရလဒ်ပိုင်းကောင်းမွန်လာမှာဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ချယ်လ်ဆီးကို ဂိုးပြတ်အနိုင်ရတဲ့ ပွဲစဉ်အပြီးမှာ ဂွာဒီယိုလာက ဆာရီအပေါ် ထောက်ခံပြောဆိုပေးသွားခဲ့တာ ဖြစ်ပြီး ပထမဆုံးရာသီမှာ အသင်းကို ကိုင်တွယ်ရတဲ့ နည်းပြတစ်ယောက်အနေနဲ့ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ရမှာဖြစ်တယ်လို့လည်း ဆိုလိုက်ပါတယ်။ ဂွာဒီယိုလာက ဆာရီဟာ နည်းစနစ်ပိုင်းကောင်းမွန်တဲ့ နည်းပြ တစ်ယောက်ဖြစ်ကြောင်းနဲ့ သူအကောင်းဆုံး လုပ်ပြနိုင်မယ့်အရာတွေများစွာရှိနေတယ်လို့ ပြောဆိုသွားခဲ့ပါသေးတယ်။

ဖီးလ်ဂျူံးစ် ။      ။ မန်ယူအသင်းနောက်ခံကစားသမား ဖီးလ်ဂျူံးစ်က မန်ယူအသင်းဟာ နည်းပြ မော်ရင်ဟို လက်ထက်မှာ ပရိသတ်တွေရဲ့ အလှောင်ပြောင်ခံအဖြစ်သာ ရှိနေခဲ့ရကြောင်း ပြောဆိုလိုက်ပါတယ်။ မန်ယူအသင်းနဲ့အတူ စာချုပ်သက်တမ်းတိုးလိုက်တဲ့ နောက်ခံလူက လက်ရှိ မန်ယူအသင်းရဲ့ ရလဒ်ပိုင်းကို ကျေနပ်နေပြီး သူတို့ကို လှောင်ပြောင်ခံခဲ့ရတဲ့အချိန်တွေကုန်သွားပြီလို့ ဆိုလိုက်ပါတယ်။ ဖီးလ်ဂျူံးစ်က မော်ရင်ဟို ရဲ့ လက်ထက်မှာ ကစားသမားတွေဟာ အသင်းနိုင်ပွဲတွေကို ရှာဖွေဖို့ထက် သူတို့အပေါ် လှောင်ပြောင်မှုတွေကြားမှာ ကြံ့ကြံ့ခံနိုင်ဖို့ ကြိုးစားခဲ့ရတယ်လို့ ဆိုလိုက်တာပါ။

EPA

လီနို ။   ။ အာဆင်နယ်အသင်းဂိုးသမား လီနို က အသင်းအနေနဲ့ ရာသီကုန်မှာ အဆင့်(၄)အတွင်း ၀င်ချင်ရင် ခံစစ်ပိုင်းကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ရမှာဖြစ်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။ ခံစစ်ပိုင်းမှာ ဒဏ်ရာရ ကစားသမားတွေ များပြားနေမှုနဲ့အတူ ပေးဂိုးတွေလည်း မြင့်တက်နေခဲ့တဲ့ အာဆင်နယ်ဟာ အမှတ်ပေးဇယားရဲ့ အဆင့်(၆)နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မန်ယူ၊ ချယ်လ်ဆီးအသင်းတွေကို ဖြတ်ကျော်ရမှာပါ။ လီနိုက အသင်းတစ်သင်းရဲ့ ဂိုးမပေးရမှုဟာ ဂိုးသမားနဲ့နောက်ခံလူတွေမှာတင် တာဝန်ရှိတာမဟုတ်ပဲ တစ်သင်းလုံးမှာ တာဝန်ရှိတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

READ
၆ - ၁ နဲ့ PSG ကို အနိုင်ရကာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့တဲ့ ဘာစီလိုနာ
Arsenal FC

ဆိုလာရီ ။        ။ အက်သလက်အသင်းကို အဝေးကွင်းမှာ (၁-၃) ဂိုးနဲ့ အနိုင်ယူခဲ့ပြီးတဲ့နောက် ရီးယဲလ်အတွက် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ နည်းပြ ဆိုလာရီက ကြုံးဝါးလိုက်ပါတယ်။ ဆိုလာရီက ရီးယဲလ်အသင်းကစားသမားတွေဟာ လက်ရှိအချိန်မှာ ယုံကြည်မှု မြင့်မားနေပြီး (၄)နှစ်ဆက်တိုက် ချန်ပီယံလိဂ်ဆုဖလား ရရှိဖို့လည်း ဖြစ်နိုင်ချေရှိနေတယ်လို့ ဆိုလိုက်တာပါ။ လာလီဂါမှာလည်း ဆိုလာရီရဲ့ အသင်းဟာ ချန်ပီယံဆုကို ရရှိဖို့ မျှော်လင့်ချက်တွေရှိလာခဲ့ပြီး ဘာစီလိုနာနဲ့ (၆)မှတ်သာ ကွာဟတဲ့ အနေအထားတစ်ခုကို ရောက်ရှိလာခဲ့ပါတယ်။

Real Madrid FC

ဘူဖွန် ။ ။ PSG အသင်းရဲ့ ၀ါရင့်ဂိုးသမားကြီး ဘူဖွန် က အသင်းရဲ့တိုက်စစ်မှာ နေမာနဲ့ ကာဗာနီ မပါဝင်နိုင်ဘူးဆိုရင် နိုင်ပွဲရဖို့ ရုန်းကန်ရမှာဖြစ်တယ်လို့ ၀န်ခံပြောဆိုလိုက်ပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ် (၃) ပွဲမှာ ရှုံးနိမ့်ခဲ့ဖူးပြီး ဆုဖလားတွေနဲ့ လွဲခဲ့ဖူးသူ ဘူဖွန် ဟာ ဥရောပအောင်မြင်မှုတွေရဖို့ ပြင်သစ်မြေကို ချီတက်လာခဲ့တာဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်အောင် ဖြစ်နေရပါပြီ။ ဘူဖွန်က အင်္ဂါညပွဲစဉ်ဟာ အရမ်းအရေးကြီးတဲ့ပွဲစဉ်ဖြစ်ပြီး ကစားသမားတွေအနေနဲ့ အကောင်းဆုံးလုပ်နိုင်ဖို့ ကြိုးစားရမယ်လို့ ဆိုလိုက်ပါတယ်။

READ
၂၅-၁၁-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဆန်းချက်ဇ် ။    ။ မန်ယူအသင်းတိုက်စစ်မှူး ဆန်းချက်ဇ်က အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ ဟာ အသင်းဖော်တွေအားလုံး ယုံကြည်ရတဲ့ကစားသမားတစ်ယောက် ဖြစ်နေပြီလို့ ချီးကျူးလိုက်ပါတယ်။ ဆန်းချက်ဇ်က ပေါ့ဂ်ဘာဟာ နည်းပြ ဆိုးလ်ရှားရဲ့ လက်ထဲမှာမှ အများကြီး ပြောင်းလဲလာခဲ့တာဖြစ်ပြီး မန်ယူအသင်းကို မော်ရင်ဟို ကိုင်တွယ်စဉ်ကထက် (၅)ဆလောက် ပိုကောင်းလာတယ်လို့ ဆိုလိုက်တာပါ။ ဆိုးလ်ရှားဟာ ကစားသမားတွေကို ဘယ်လိုလမ်းညွှန်ပေးရမလဲဆိုတာ ကောင်းကောင်းသိသူတစ်ယောက်ဖြစ်ပြီး နည်းပြမော်ရင်ဟိုနဲ့ ကွာခြားတယ်လို့ ဆန်းချက်ဇ်က ဆိုပါတယ်။

Linn

Source : Dailymail , Mirror , TheSun

SHARE