(၁၁-၅-၂၀၁၉)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ယခုနှစ် နွေရာသီအပြောင်းအရွှေ့မှာ လက်ရှိ အသင်းအသီးသီးကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့်ကစားသမားများ

ဘုန်းမောက်အသင်းမှာ အာတာဘိုရပ်စ်၊ အာဆင်နယ်ကစားသမားတွေထဲက တိုက်စစ်မှူး ဝဲလ်ဘက်၊ မွန်ရီယယ်၊ ကားလ်ဂျန်ကစ်ဆန်၊ Stephan Lichtsteiner တို့ ပါဝင်နေပါတယ်။ ဘရိုက်တန်အသင်းက ဘရူနိုဆော်တာ၊ ဘန်လေအသင်းက စတီဖန်ဝါ့ဒ်၊ ဖီးလ်ဘာ့ဒ်စလေ၊ ပီတာခရော့ (ထပ်မံစာချုပ်မည်ဟု သိရ) အန်ဒါလင်ဒီဂါ့ဒ်တို့ ဖြစ်ပါတယ်။

ကာဒစ်အသင်းမှာတော့ ဘရူနိုအီကျူလီမန်ဂါ၊ အာရွန်ဂန်နာဆွန်၊ စတုအာ့အိုကီဖီ၊ ဂျက်ဇ်ရစ်ချာ့ဒ်၊ ကဒင်းမ်ဟားရစ်စ်၊ ဘရိန်းမာဖီတို့ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းကတော့ ဂီရော့ဒ်၊ ကာဟေးလ်၊ ကာဘယ်လီရို၊ ရောဘတ်ဂရင်းတို့ဖြစ်ပြီး၊ ပဲလေ့စ်အသင်းမှာတော့ ဆာခို၊ ပါပီဆွာရီ၊ ဂျူလီယန်စပါရိုနီတို့ ဖြစ်ပြီး၊ အဲဗာတန်မှာတော့ လေတန်ဘီးစ်၊ ဂျာဂျီရယ်ကာတို့ ဖြစ်ပါတယ်။

ဖူဟမ်အသင်းမှာတော့ ရိုင်ယန်ဘာဘယ်၊ မာကိုဗစ်၊ ကီဘာနို၊ ဖလွိုက်အယိုက်၊ ဒန်းနစ်အိုဒွိုင်းတို့ဖြစ်ပြီး၊ ဟက်ဒါဖီးအသင်းမှာတော့ လောရင့်ဒီပွိုင်ထရီ၊ ဒန်နီဝီလီယံ၊ အဲရစ်ဒမ်မ်တို့ ပါဝင်ပြီး၊ လက်စတာအသင်းမှာတော့ အိုကာဇာကီ၊ ဆင်ပဆွန်တို့ ပါဝင်ပါတယ်။ လီဗာပူးအသင်းမှာတော့ ဂျိမ်းစ်မေလ်နာ၊ စတားရစ်၊ မိုရီနို၊ ရန်ဒဲလ်တို့ ဖြစ်ပါတယ်။

READ
ရုရှားကို မေ့ထားလိုက်…။

မန်စီးတီးအသင်းမှာတော့ ကွန်ပနီ၊ မန်ယူအသင်းမှာတော့ မာတာ၊ ဟာရဲရား (PSG သို့ ပြောင်းမည်ဟု သိရ)၊ ပီရီရာ၊ အန်တိုနီယိုဗလင်စီယာတို့ဖြစ်ပြီး၊ နယူးကာဆယ်မှာတော့ မိုဟာမက်ဒီယာမီဖြစ်ပြီး၊ စပါးအသင်းမှ လိုရန်တီ၊ မိုက်ကယ်ဗိုရမ်တို့ စာချုပ်သက်တန်း ကုန်တော့မှာပါ။ ဝက်ဖို့အသင်းမှ မစ်ဂွယ်ဘရစ်တော့စ်၊ ဂိုမက်စ်၊ တွန်မီဟောဘန်တို့ဖြစ်ပြီး၊ ဝက်စမ်စမ်းအသင်းမှ အန်ဒီကာရိုး၊ နာဆရီ၊ အက်ဒရီယန်တို့ဟာ အသီးသီး စာချုပ်သက်တမ်း ကုန်ဆုံးကြမှာ ဖြစ်ပါတယ်။ တစ်ချို့ကတော့ အသင်းအချို့နဲ့ ချိတ်ဆက်မှုတွေ ရှိနေကြောင်း သိရပါတယ်။

Goal

ဟာရဲရား – မန်ယူအသင်းကွင်းလယ်ကစားသမား ဟာရဲရားဟာ စာချုပ်သက်တမ်း ကုန်ဆုံးပြီမို့ ပြင်သစ်ထိပ်သီးကလပ် PSG အသင်းထံကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မှာဖြစ်ကြောင်း မန်ယူအသင်းက အတည်ပြုခဲ့ပါတယ်။ မန်ယူအသင်းဟာ ဟာရဲရားကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားခဲ့သော်လည်း၊ ပွဲထွက်ခွင့်ပုံမှန်မရနိုင်လို့ ညှိနှိုင်းမှုအဆင်မပြေခဲ့ဘူးလို့ သိရပါတယ်။ မန်ယူအသင်းရဲ့အခြားကွင်းလယ်လူ တစ်ယောက်ဖြစ်တဲ့ ပေါ့ဂ်ဘာ ကလည်း အသင်းကနေ ထွက်ခွာဖို့  တောင်းဆိုထားပြီး လာမယ့်နွေရာသီမှာ သူ့ရဲ့အပြောင်းအရွှေ့ကလည်း ဖြစ်ပေါ်လာဖို့ အနီးစပ်ဆုံးဖြစ်နေပါတယ်။

READ
၁၂-၁၁-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
AP

ဘာစီလိုနာ – ဘာစီလိုနာအသင်းဟာ အဆင့်မြင့်ကစားသမားတွေကို ဦးစားပေးထားလွန်းတာကြောင့် လက်ရှိနည်းပြဗယ်ဗာဒီအပေါ်ကိုတောင် သြဇာလွှမ်းမိုးနေတဲ့ ကစားသမားတွေ ရှိနေကြောင်း ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

AFP

ဆိုးလ်ရှား – မန်ယူနည်းပြဆိုးလ်ရှားဟာ ပရီးမီယားလိဂ်နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ကာဒစ်ဖ်အသင်းနဲ့ပွဲစဉ်ကို ရှုံးနိမ့်ပါက အသင်းကနေ ထုတ်ပယ်ခံရဖို့ရှိနေကြောင်း ခန့်မှန်းမှုတွေ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ မန်ယူအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ရလဒ်ကောင်းမရခဲ့ဘဲ၊ ပရိသတ်တွေကတောင် မန်ယူအသင်းကို အားမပေးဖို့ ဆန္ဒပြမှုတွေပြုလုပ်နေကြောင်း သိရပါတယ်။

လင်းဇော်ကို (Shwemom) Source : mirror.co.uk

SHARE