၆-၁၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / TalkSports

မော်ရင်ဟို ။     ။ မန်ယူအသင်းနဲ့ ချယ်လ်ဆီးအသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့နည်းပြဟောင်း မော်ရင်ဟို ဟာ အာဆင်နယ်အသင်းရဲ့နည်းပြ ဖြစ်လာဖို့ အနီးစပ်ဆုံးအခြေအနေကို ရောက်နေပြီဖြစ်တယ်လို့ Mirror က ဖော်ပြပါတယ်။ အာဆင်နယ်အသင်း ဘုတ်အဖွဲ့ဟာ နည်းပြအပြောင်းအလဲ ပြုလုပ်ဖို့ သဘောတူလိုက်ကြပြီ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြနေခဲ့ကြပြီး အမ်မရီ အနေနဲ့ ရာသီဝက်မတိုင်မီမှာ အသင်းကနေ ထွက်ခွာသွားရဖွယ်ရှိတယ်လို့ သုံးသပ်ဖော်ပြနေကြပါတယ်။

ပီဂျာနစ် ။        ။ ဂျူဗင်တပ်စ်အသင်းရဲ့ ကွင်းလယ်ကစားသမား ပီဂျာနစ် ဟာ အသင်းအတွက် အရေးအကြီးဆုံး ကစားသမားအဖြစ် နည်းပြ ဆာရီရဲ့အားကိုးခြင်းကို ခံနေရတယ်လို့ Goal က ဖော်ပြပါတယ်။ ဆာရီ ဟာ သူ့ရဲ့ နာမည်ကျော်ကစားကွက်ဖြစ်တဲ့ Sarri Ball ကစားပုံကို ဂျူဗင်တပ်စ်အသင်းမှာ အသုံးပြုနေပြီဖြစ်ပြီး ချယ်လ်ဆီးမှာတုန်းက ဂျော်ဂျင်ဟို ကို သုံးခဲ့သလိုမျိုး ပီဂျာနစ် ကို အသုံးပြုနေတာဖြစ်တယ်လို့ Goal က သုံးသပ်ပါတယ်။ နည်းပြ ဆာရီရဲ့အမြင်မှာတော့ ပီဂျာနစ်ဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ရော်နယ်ဒို ထက်တောင် နေရာပေးသင့်တဲ့ကစားသမားလို့ မှတ်ယူနေကြောင်း Goal ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

ရက်ရှ်ဖို့ဒ် ။       ။ မန်ယူအသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က မန်ယူအသင်းအနေနဲ့ ထိပ်ဆုံး(၄)သင်းစာရင်း ၀င်ဖို့ဆိုရင် တခြားအသင်းတွေရဲ့ အခြေအနေကို စောင့်ကြည့်တာထက် ကိုယ်လုပ်နိုင်တာကိုပဲ အစွမ်းကုန်ကြိုးစားနေသင့်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ဘုန်းမောက်အသင်းကို (၁-၀)နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ မန်ယူအသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် (၁၀)နေရာကိုရောက်ရှိသွားခဲ့ပြီး အဆင့်(၄)နေရာမှာ ရပ်တည်နေတဲ့ ချယ်လ်ဆီးအသင်းနဲ့ (၁၀)မှတ်ကွာ အနေအထားကို ရောက်ရှိသွားခဲ့တာပါ။ ရက်ရှ်ဖို့ဒ်ကတော့ တခြားအသင်းတွေရဲ့ ရလဒ်ပိုင်းကိုစောင့်ကြည့်နေဖို့ထက် အသင်းသားတွေအနေနဲ့ နိုင်ပွဲရအောင်ရှာဖွေဖို့ကိုသာ ကြိုးစားသင့်ကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။

အာစင်ဝင်းဂါး ။  ။ အာဆင်နယ်အသင်းနည်းပြဟောင်း အာစင်ဝင်းဂါးဟာ ဘိုင်ယန်အသင်းရဲ့နည်းပြသစ်ဖြစ်လာဖို့ ရေပန်းအစားဆုံးဖြစ်လာနေတယ်လို့ Bild က ဖော်ပြပါတယ်။ ကိုဗက် ရဲ့နေရာမှာ အစားထိုးဝင်ရောက်ဖို့အတွက် လက်ရှိ လိုက်ပ်ဇစ်အသင်းနည်းပြ ရန်နစ်ခ် နဲ့အတူ ၀င်းဂါး တို့က ရေပန်းစားနေပြီး အာဆင်နယ်အသင်းနည်းပြဟောင်းကြီးအနေနဲ့ ဘောလုံးလောကထဲ ပြန်လည်ဝင်ရောက်လာဖို့ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ရီးယဲလ် ။        ။ ရီးယဲလ်အသင်းဟာ နာပိုလီအသင်းရဲ့ ကွင်းလယ်ကစားသမား ဖေဘီယန်ရုဇ်ကို လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ဖို့ ကြိုးစားနေတယ်လို့ ESPN က ဖော်ပြပါတယ်။ ကစားသမားတွေကို ဈေးအမြင့်ကြီး ဖွင့်လှစ်တတ်တဲ့ နာပိုလီကြောင့် အသက် (၂၃)နှစ်အရွယ် ကွင်းလယ်လူဟာ ပေါင်သန်း(၈၀)လောက် သတ်မှတ်ခံရဖွယ်ရှိနေတယ်လို့ ESPN က ဖော်ပြခဲ့ပြီး တိုက်စစ်ရော၊ ခံစစ်ပါ ကစားနိုင်တဲ့ ဒီကွင်းလယ်လူ ကို ရီးယဲလ်က ချိတ်ဆက်မှုတွေ အမှန်တကယ်ပြုလုပ်နေတယ်ဆိုတာကိုတော့ ESPN က အတည်ပြုပေးသွားခဲ့ပါတယ်။

READ
၇-၉-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ရွန်နီ ။ ။ မန်ယူအသင်းနဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း ၀ိန်းရွန်နီကတော့ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းဆီ ကစားသမား/နည်းပြ အဖြစ်ရောက်ရှိလာဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေပါပြီ။ TheSun ရဲ့ဖော်ပြချက်အရ ရွန်နီဟာ လက်ရှိအချိန်မှာ DC ယူနိုက်တက်နဲ့ လမ်းခွဲဖို့ ပြင်ဆင်နေပြီး ဒါဘီအသင်းရဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံတာတွေတောင် ပြုလုပ်နေပြီလို့ သိရပါတယ်။

Linn

Source : TheSun , Goal , Mirror

 

SHARE