၁၁-၇-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ စုစည်းမှု

လိပ်နင်ဂျာလေး ။         ။ ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး အမ်ဘက်ပီရဲ့မိခင် ဖေဇာက သူ့ရဲ့သားဖြစ်သူကို ကလပ်အသင်းဖော်တွေဖြစ်ကြတဲ့ နေမာနဲ့ ဒါနီအဲဗက်စ်တို့က အ၀တ်လဲခန်းထဲမှာ လိပ်နင်ဂျာလေးလို့ စနောက်တဲ့အပေါ် စိတ်ပူနေမိတယ်လို့ ဆိုလိုက်ပါတယ်။ ဘက်ပီရဲ့အသင်းဖော်တွေက သူ့ကို လိပ်နင်ဂျာအဖွဲ့ထဲက Donatello လို့ နာမည်ပေးထားကြပြီး PSG အသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗားက သူ့အတွက် လိပ်နင်ဂျာမျက်နှာဖုံးတစ်ခု လက်ဆောင်ပေးခဲ့ဖူးပါတယ်။

တောဝက်အသင်း ။       ။ ထိုင်းလှိုဏ်ဂူထဲမှာ ပိတ်မိနေတဲ့ တောဝက်အသင်းသားတွေကို ကမ္ဘာ့ဖလားဗိုလ်လုပွဲလာကြည့်ဖို့အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဌက ဖိတ်ခေါ်ခဲ့ပေမယ့် သူတို့ရဲ့ ကျန်းမာရေးအခြေအနေကြောင့် လာကြည့်နိုင်မှာမဟုတ်တော့ဘူးလို့ သိရပါတယ်။ FIFA ရဲ့ဖော်ပြချက်အရ ကလေးငယ်တွေဟာ သူတို့ရဲ့ကျန်းမာရေးအခြေအနေတွေကို စစ်ဆေးဖို့လိုအပ်နေပြီး ဗိုလ်လုပွဲကို လာနိုင်တော့မယ်မဟုတ်ဘူးလို့ သိရတာပါ။

(AP Photo/Kirsty Wigglesworth)

ပီလီ ။   ။ ဘရာဇီးအသင်းရဲ့ ဂန္တ၀င်တိုက်စစ်မှူးကြီး ပီလီက ဂျူဗင်တပ်စ်အသင်းကိုပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တဲ့ ရော်နယ်ဒိုကို ဂုဏ်ပြုလိုက်ပြီး စိန်ခေါ်မှုအသစ်တွေကို အမြဲရင်ဆိုင်နိုင်စွမ်းရှိသူလို့ ချီးကျူးလိုက်ပါတယ်။ ပီလီ က ရော်နယ်ဒိုဟာ အောင်မြင်နေတဲ့အသင်းကနေ ထွက်ခွာဖို့ စွန့်စားတဲ့ဆုံးဖြတ်ချက် ချခဲ့ရမှာဖြစ်ပြီး အဲဒါကိုလေးစားမိတယ်လို့ ပြောဆိုလိုက်တာပါ။

READ
ဇီဒန်း၏ကစားသမားဘဝ အလှဆုံးဂိုး(၁၀)ဂိုး

ဘက်ပီ ။         ။ ပြင်သစ်အသင်းတိုက်စစ်မှူး ဘက်ပီ က သူ့အနေနဲ့ အကောင်းဆုံးကစားသမားဆုကို ရဖို့ထက် ပြင်သစ်အသင်း ကမ္ဘာ့ဖလားရရှိရေးကိုသာ ပိုမိုအာရုံစိုက်ပါတယ်လို့ ဆိုလိုက်ပါတယ်။ ဘက်ပီဟာ ပြင်သစ်အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးခဲ့ပြီး ကမ္ဘာ့ဖလားရဲ့ ရွှေဘောလုံးဆုရရှိဖို့အတွက် တစ်ပေးခံရသူစာရင်းမှာ ပါဝင်နေသူဖြစ်ပါတယ်။

(AP Photo/Francisco Seco)

ဟန်ဒါဆင် ။     ။ အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆင်ကတော့ ခရိုအေးရှားကိုအနိုင်ယူပြီး ဗိုလ်လုပွဲကိုသွားဖို့ အသင့်ဖြစ်နေပြီလို့ ဆိုလိုက်ပါတယ်။ အသက်​ (၂၈) နှစ်​အရွယ်​ ဟန်​ဒါဆန်​ ဟာ ပြီးခဲ့တဲ့ (၄)နှစ်​က ကမ္ဘာ့ဖလား ​နောက်​ပိုင်း အင်္ဂလန်​ အတွက်​ သူဝင်​ကစား​ပေးခဲ့တဲ့ ပွဲ​တွေမှာ လုံးဝရှုံးပွဲ ကြုံ​တွေ့ ထားခြင်း မရှိ​သေးဘဲ ပွဲ (၃၀) ဆက်​ ရှုံးပွဲ မရှိ မှတ်​တမ်းနဲ့ အင်္ဂလန်​ ရဲ့ သမိုင်းမှာ အရှည်​ကြာဆုံး ရှံးပွဲ မကြုံထားသူ အဖြစ်​ မှတ်​တမ်း ဝင်​နေပါတယ်။

READ
မော်ရင်ဟိုဟာမန်ယူအသင်းကိုလမ်းကြောင်းမှန်ပေါ် ပို့ဆောင်ပေးနေတဲ့လို့ဆိုလိုက်တဲ့ဖာဂူဆန်

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းဟာ စတုခ်အသင်းရဲ့ ကွင်းလယ်လူ ရှာကွီရီကိုခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ပြီး လီဗာပူးလ်နည်းပြ ဂျာဂန်ကလော့ပ်က စာချုပ်ဖျက်သိမ်းကြေး ပေါင် (၁၃) သန်းကိုပေးချေဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။ လီဗာပူးလ်အသင်းဟာ ကွင်းလယ်နေရာအတွက် မိုနာကိုကွင်းလယ်လူ ဖာဘင်ဟို ကိုခေါ်ယူထားခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ ရှာကွီရီကိုခေါ်ယူဖို့ ကြိုးစားနေပြန်တာဖြစ်ပါတယ်။

Linn

Source : TheSun , Dailymail

SHARE