၁၁-၇-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "Goal"

လီဗာပူးလ် ။     ။ လိုင်လီအသင်းကစားသမား ပီပီ ကိုခေါ်ယူဖို့ ဆွေးနွေးမှု အဆင်မပြေဖြစ်နေတဲ့ လီဗာပူးလ်အသင်းဟာ ရီးယဲလ်ကွင်းလယ်လူ အဆန်ဆီယိုကိုခေါ်ဖို့ အပြည့်အ၀ အာရုံစိုက်နေပြီဖြစ်ကြောင်း Marca က ဖော်ပြပါတယ်။ လီဗာပူးလ်ဟာ ဒီအပြောင်းအရွှေ့မှာ အဆန်ဆီယို ကိုခေါ်ဖို့ အဓိက ရည်မှန်းချက်အဖြစ် ဆောင်ရွက်နေတာဖြစ်ပြီး ပေါင်သန်း(၇၀)ကျော် အသုံးပြုသွားဖို့ စီစဉ်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။

မန်ယူ ။ ။ သြစတြေးလျနိုင်ငံမှာ မန်ယူအသင်း ခြေစမ်းပွဲကစားဖို့ ရောက်ရှိနေချိန်အတွင်းမှာ နိုင်ငံတွင်းက လီဗာပူးလ်ပရိသတ်တွေဟာ မန်ယူကစားသမားတွေကို လှောင်ပြောင်မှု ပြုလုပ်ခဲ့ကြပါတယ်။ မန်ယူအသင်း လေ့ကျင့်ရေးဆင်းနေတဲ့ ကွင်းအပေါ်ကနေ လေယာဉ်တစ်စီးကို ဖြတ်ပျံစေခဲ့ပြီး လေယာဉ်ရဲ့အနောက်မှာ “ဥရောပချန်ပီယံ(၆)ကြိမ်ရထားတဲ့ လီဗာပူးလ်” ဆိုတဲ့ စာသားကို ချိတ်ဆွဲကာ လှောင်ပြောင်ခဲ့ကြတာပါ။

 

ဗီလာ ။ ။ ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့တဲ့ ဗီလာအသင်းဟာ ဘရန့်ဖို့ဒ်အသင်းရဲ့ နောက်ခံကစားသမား အီဇီကွန်ဆာ ကို ပေါင်(၁၂)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက ဘရန့်ဖို့ဒ်အသင်းအတွက် (၄၇)ပွဲအထိ ကစားပေးထားတဲ့ ကွန်ဆာဟာ ဒီနေ့မှာ ဗီလာအသင်းနဲ့ ပူးပေါင်းသွားမှာဖြစ်ပြီး အမေရိကန်ခြေစမ်းခရီးစဉ်ကို လိုက်ပါသွားမှာဖြစ်ပါတယ်။

READ
(၃-၄-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
Twitter “Villa FC”

မာတာ ။         ။ မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား မာတာ က အသင်းနည်းပြ ဆိုးလ်ရှားဟာ သြစတြေးလျခရီးစဉ်မှာ မန်ယူအသင်းသားတွေကို သတိပေးမှု ပြုလုပ်ခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။ ဆိုးလ်ရှားက အသင်းကစားသမားတွေကို ပြီးခဲ့တဲ့ ရာသီတုန်းက ရှက်စရာအဖြစ်မျိုး ဒီရာသီမှာ ထပ်ပြီး အဖြစ်ခံမှာမဟုတ်ကြောင်း သတိပေးသွားခဲ့ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ခြေစွမ်းထက် ပိုပြီးကောင်းအောင် ကစားပြနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ထားကြောင်းကိုလည်း ပြောဆိုသွားခဲ့ပါတယ်တဲ့။

 

ဆမ်အလာဒွိုက်စ် ။       ။ (၂၀၀၇-၀၈)ဘောလုံးရာသီမှာ နယူးကာဆယ်အသင်းကို နည်းပြခဲ့ဖူးတဲ့ ဆမ်အလာဒွိုက်စ်ကို နယူးကာဆယ်က ပြန်လည်ကမ်းလှမ်းခဲ့ပြီး ပယ်ချခံခဲ့ရတယ်လို့ Mirror က ဖော်ပြပါတယ်။ အင်္ဂလန်ဘောလုံးလောကမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ဖူးတဲ့ နည်းပြ ဆမ်အလာဒွိုက်စ်ကို နယူးကာဆယ်က ကမ်းလှမ်းခဲ့တာဖြစ်ပြီး အလာဒွိုက်စ်က ငြင်းပယ်လိုက်တာပါ။ နယူးကာဆယ်အသင်းက ဆမ်အလာဒွိုက်စ်ရဲ့အေးဂျင့်ဖြစ်သူကို ဆက်သွယ်ပြီး ကမ်းလှမ်းမှု စတင်ပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်း သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
၃-၈-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ရီဗယ်လ်ဒို ။     ။ ဘရာဇီးအသင်းကစားသမားဟောင်းကြီး ရီဗယ်လ်ဒို က သူ့အနေနဲ့ နေမာတစ်ယောက် ဘာစီလိုနာအသင်းဆီ ပြန်လည်ပြောင်းရွှေ့ပြီး ကစားမှာကို မြင်တွေ့ချင်မိကြောင်း ပြောဆိုလိုက်ပါတယ်။ အသက် (၂၇)နှစ်အရွယ် တိုက်စစ်မှူး နေမာ ဟာ PSG ကနေ ဘာစီလိုနာအသင်းဆီ ပြန်လည်ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်နေခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ အပြောင်းအရွှေ့က ဖြစ်ပေါ်လာခြင်းမရှိသေးပါဘူး။ နေမာ ဟာ PSG အသင်းရဲ့ ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်ကိုလည်း လွဲချော်နေခဲ့ပြီး ကိုပါအမေရိကမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ရာသီကြိုခြေစမ်းပွဲတွေကိုလည်း လွဲချော်ရဖွယ်ရှိနေပါသေးတယ်။

Linn

Source : Goal . Mirror , TheSun

SHARE