၁၁-၈-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "TalkSports"

ဘေးလ် ။        ။ ရီးယဲလ်အသင်းမှာပဲ ဆက်ရှိနေရတော့မယ့် ဂါရက်ဘေးလ်တစ်ယောက် ရိုးမားအသင်းနဲ့ ရီးယဲလ်တို့ရဲ့ခြေစမ်းပွဲလူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။ တရုတ်ကိုပြောင်းဖို့ ပျက်ပြယ်သွားခဲ့တဲ့ ဂါရက်ဘေးလ်ဟာ လာမယ့်ရာသီသစ်မှာ ရီးယဲလ်အသင်းနဲ့အတူ ပွဲထွက်ခွင့်ရဖို့အတွက် အကောင်းဆုံးခြေစွမ်းပြသဖို့ လိုအပ်နေခဲ့တာပါ။ နည်းပြဇီဒန်းက ရီးယဲလ်မှာ ဘေးလ်ရဲ့အနာဂတ် မရှိတော့ဘူးလို့ ပြောဆိုထားခဲ့ပေမယ့်လည်း အသင်းဥက္ကဌပီရက်ဇ်က ဘေးလ်အပေါ်စိတ်ရှည်ဖို့အတွက် ဇီဒန်းကို တိုက်တွန်းထားခဲ့တယ်လို့ Marca သတင်းစာကဖော်ပြပါတယ်။

မန်ယူ ။ ။ မန်ယူအသင်းအနေနဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာနဲ့ တိုက်စစ်မှူး ဆန်းချက်ဇ်တို့ကို ဒီအပြောင်းအရွှေ့မှာကတည်းက ရောင်းချလိုက်သင့်တယ်လို့ အာဆင်နယ်ကစားသမားဟောင်းကြီး နီကိုလပ်စ်က မှတ်ချက်ပေးလိုက်ပါတယ်။ ပရီးမီးယားလိဂ်အပြောင်းအရွှေ့ရာသီက ပိတ်သိမ်းသွားပြီဆိုပေမယ့်လည်း ပရီးမီးယားလိဂ်အသင်းတွေဟာ ဈေးကွက်မပိတ်သေးတဲ့ လိဂ်တွေဆီ ကစားသမားရောင်းချခွင့်ရှိနေတာကြောင့် နီကိုလပ်စ် က အခုလို ပြောလိုက်တာပါ။

အာဆင်နယ် ။   ။ အာဆင်နယ်ကစားသမားတွေဖြစ်ကြတဲ့ အိုဇေးလ်နဲ့ ကိုလာဆီနက် တို့ဟာ (၂၄)နာရီ ရဲအစောင့်အရှောက်အောက်မှာ နေ နေရပြီး သူတို့ရဲ့အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံနေရတဲ့ အဖြစ်နဲ့ရင်ဆိုင်နေရပါပြီ။ ပြီးခဲ့တဲ့လအတွင်းမှာဖြစ်ပွားခဲ့တဲ့ ဓားကိုင်တိုက်ခိုက်ခံရမှုရဲ့နောက်ဆက်တွဲအဖြစ် လူနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားခဲ့ပြီး အိုဇေးလ်တို့နှစ်ယောက်မှာ အသက်အန္တရာယ်ရှိနေတယ်လို့ ရဲတပ်ဖွဲ့က စုံစမ်းသိရှိထားခဲ့တာပါ။

 

မက်ဂွိုင်းယား ။  ။ မန်ယူအသင်းနောက်ခံကစားသမားဟောင်း ဖာဒီနန်က မက်ဂွိုင်းယားအနေနဲ့ မန်ယူအသင်းမှာ ခြေစွမ်းပြနိုင်ဖို့ဆိုရင် သူ့ရဲ့ပြောင်းရွှေ့ကြေးကြောင့် ကျရောက်နေတဲ့ ဖိအားတွေကို ဖယ်ရှားနိုင်မှဖြစ်မယ်လို့ တိုက်တွန်းလိုက်ပါတယ်။ ဖာဒီနန်က သူ့အနေနဲ့ မန်ယူအသင်းကိုရောက်ရှိတဲ့အချိန်မှာ သူ့ရဲ့ပြောင်းရွှေ့ကြေးအကြောင်းကို စဉ်းစားနေမိပြီး အဲဒါက ဖိအားဖြစ်ခဲ့ဖူးကြောင်း ပြန်လည်ပြောဆိုသွားခဲ့ပြီးနောက် မက်ဂွိုင်းယားကိုလည်း သူ့လိုမျိုးမဖြစ်စေဖို့ အကြံပေးလိုက်တာပါ။

READ
၂၁-၁၁-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

 

ဘာလော့တယ်လီ ။      ။ အီတလီတိုက်စစ်မှူး ဘာလော့တယ်လီကတော့ ဘရာဇီးကလပ် ဖလာမင်ဂိုအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းဖို့ အနီးစပ်ဆုံးဖြစ်နေပါပြီ။ ဖလာမင်ဂိုအသင်းဟာ ဘာလော့တယ်လီ ကို (၂)နှစ်ခွဲ စာချုပ် ချုပ်ဆိုသွားဖို့ ပြင်ဆင်နေပြီး တစ်နှစ်ကို ပေါင်(၅)သန်းကျော် လစာပေးချေသွားဖို့ သဘောတူခဲ့တယ်လို့ Mirror သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။

READ
၁၆-၈-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းဟာ ဒဏ်ရာရရှိသွားတဲ့ ဂိုးသမား အလစ်ဆန် ရဲ့နေရာမှာ အစားထိုးဖို့အတွက် လိဒ်၊ဖူလ်ဟမ်အသင်းတို့မှာ ကစားဖူးတဲ့ ဂိုးသမားဟောင်း လိုနာဂန် ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူတော့မှာဖြစ်ပါတယ်။ လီဗာပူးလ်ဂိုးသမား အလစ်ဆန် ဟာ ဒဏ်ရာကြောင့် (၆)ပတ်လောက်အနားယူရတော့မှာဖြစ်ပြီး လီဗာပူးလ်ရဲ့ ပွဲထွက်ဂိုးသမားအဖြစ် ဒုတိယဂိုးသမား အက်ဒရီယန် က အစားဝင်ရမှာဖြစ်ပါတယ်။

 

Linn

Source : Goal , Mirror , TheSun

SHARE