၁၁-၉-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Goal "Twitter"

ဆန်ချို ။                   ။ မနေ့ညက ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် ခြေစွမ်းပြပြီး ဂိုးတွေ သွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ ဆန်ချို ကို ခေါ်ယူဖို့ ချိတ်ဆက်နေကြောင်း မန်ယူအသင်း တာဝန်ရှိသူတွေက အတည်ပြုလိုက်ပါတယ်။ မန်ယူအသင်းတာဝန်ရှိသူတွေဟာ ဒေါ့တ်မွန်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ Mirror က ဖော်ပြခဲ့ပြီး လာမယ့်အပြောင်းအရွှေ့ကာလမှာ ဆန်ချိုတစ်ယောက် မန်ယူရောက်လာဖို့က အရမ်းကို နီးစပ်တဲ့အခြေအနေတွေမှာ ရှိနေပါတယ်။

မီခီတာရန် ။     ။ အာဆင်နယ်အသင်းကနေ ရိုးမားအသင်းဆီကို တစ်ရာသီအငှားနဲ့ပြောင်းရွှေ့သွားခဲ့တဲ့ ကွင်းလယ်လူ မီခီတာရန် က အာဆင်နယ်မှာမပျော်ရတဲ့အဓိက အကြောင်းရင်းဟာ ဘောလုံးကစားခွင့်မရတာကြောင့်ပဲဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။ (၂၀၁၈) ဇန်န၀ါရီမှာ မန်ယူအသင်းကနေ အာဆင်နယ်အသင်းဆီပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားဟာ အာဆင်နယ်မှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး ဒီအပြောင်းအရွှေ့မှာ ရိုးမားအသင်းဆီရောက်ရှိသွားခဲ့တာပါ။

 

ကော်စတာ ။    ။ အက်သလက်တီကိုအသင်းရဲ့တိုက်စစ်မှူး ကော်စတာ က ဘာစီလိုနာကိုပြောင်းရွှေ့သွားတဲ့ အသင်းဖော်ဟောင်း ဂရစ်ဇ်မန်းဟာ အရင်ကတည်းက မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့ တွဲဖက်ကစားဖို့ ဆန္ဒရှိသူဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ကော်စတာ က ဂရစ်ဇ်မန်းဟာ သူ့ရဲ့ဘောလုံးအရည်အသွေးကို အစမ်းသပ်ခံဖို့အတွက် ဘာစီလိုနာကို ရောက်ရှိသွားခဲ့တာဖြစ်ပြီး သူ့ရဲ့လုပ်ရပ်အပေါ် အပြစ်တင်နေတာမျိုးတွေ မလုပ်ကြဖို့ ပရိသတ်တွေကို တိုက်တွန်းလိုက်ပါတယ်။

လူကာကူ ။      ။ အင်တာမီလန်အသင်းတိုက်စစ်မှူးဟောင်း ဗန်ဒါမေဒီ က ဒီရာသီမှာ အင်တာမီလန်ကို ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူး လူကာကူ ဟာ ရော်နယ်ဒို ကိုကျော်ပြီး စီးရီးအေ ဂိုးသွင်းဘုရင်ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ လက်ရှိမှာတော့ လူကာကူဟာ အင်တာမီလန်အသင်းနဲ့အတူ စီးရီးအေအဖွင့်ပွဲစဉ် (၂)ပွဲမှာ (၂)ဂိုးသွင်းထားနိုင်ခဲ့ပြီး၊ ရော်နယ်ဒိုကတော့ စီးရီးအေ သွင်းဂိုး (၁)ဂိုးသာ ရရှိထားပါသေးတယ်။

ပေါ့ဂ်ဘာ ။       ။ ရီးယဲလ်အသင်းဥက္ကဌ ပီရက်ဇ်က လာမယ့်အပြောင်းအရွှေ့ကာလမှာ ကမ္ဘာ့အဆင့်ကစားသမားတွေကို ခေါ်ယူဖို့ အစီအစဉ်ရှိသေးကြောင်း ပြောဆိုလိုက်ပြီး ပေါ့ဂ်ဘာတစ်ယောက် ရီးယဲလ်ကိုရောက်မယ့်သတင်းတွေ ပြန်လည်ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ရာသီတုန်းက နေမာ၊ ပေါ့ဂ်ဘာတို့ကို ခေါ်ယူဖို့ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့တဲ့ ရီးယဲလ်အနေနဲ့ လာမယ့်အပြောင်းအရွှေ့ကာလမှာ ပိုက်ဆံတွေ ထပ်သုံးသွားလိမ့်ဦးမယ်အကြောင်း ပီရက်ဇ်က ပရိသတ်တွေဆီ အသိပေးလိုက်တာပါ။

READ
ပေါလ်စခိုး၏ အလှပဆုံးအဝေးပေးချက်/ကန်သွင်းချက်များစုစည်းမှု

ရော်နယ်ဒို ။     ။ မနေ့ညက ပွဲစဉ်မှာ ပေါ်တူဂီအသင်းအတွက် သွင်းဂိုး(၄)ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ရော်နယ်ဒို က သူ့အနေနဲ့ တစ်ကိုယ်တော်စံချိန်မှတ်တမ်းတွေရယူဖို့ထက် ပေါ်တူဂီအသင်းကို ယူရို(၂၀၂၀)ပြိုင်ပွဲဆီ ပို့ဆောင်ပေးနိုင်ဖို့သာ အာရုံစိုက်ထားတယ်လို့ ပြောဆိုလိုက်ပါတယ်။ ယူရိုပြိုင်ပွဲရဲ့ ခြေစစ်ပွဲစဉ်အဆင့်မှာ ဂိုးအများဆုံးသွင်းနိုင်သူအဖြစ် သွင်းဂိုး (၂၅)ဂိုးနဲ့ ရပ်တည်နိုင်ခဲ့တဲ့ ရော်နယ်ဒို က နိုင်ငံအသင်းအတွက် ကူညီပေးဖို့ကသာ သူ့ရဲ့အဓိက ရည်ရွယ်ချက်ဖြစ်တယ်လို့ ပွဲပြီးအင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။

Linn

Source : TheSun , Goal , Twitter

SHARE