၁၂-၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဟယ်ရီကိန်း ။   ။ စပါးအသင်းဟာ သူတို့ရဲ့တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူချင်တယ်ဆိုရင် ပေါင်သန်း(၃၀၀)ပေးရမယ်လို့ ရီးယဲလ်အသင်းကို အသိပေးလိုက်ပါတယ်။ ဟယ်ရီကိန်းဟာ လက်ရှိ အပြောင်းအရွှေ့မှာ ရီးယဲလ်အသင်းရဲ့ ပစ်မှတ်ဖြစ်နေခဲ့ပြီး စပါးက သန်း(၃၀၀)အနည်းဆုံးရမှ ရောင်းနိုင်မယ်လို့ တုန့်ပြန်လိုက်တာပါ။ ရီးယဲလ်အသင်းဟာ အသင်းရဲ့အားနည်းနေတဲ့ တိုက်စစ်ပိုင်းကို ကြယ်ပွင့်ကစားသမား တစ်ယောက်နဲ့ အားဖြည့်ဖို့ ကြိုးစားနေတာဖြစ်ပြီး ရီးယဲလ်ဥက္ကဌ ပီရက်ဇ်က စီရော်နယ်ဒိုရဲ့ လစ်လပ်သွားတဲ့နေရာကို ပြန်လည်ဖြည့်တင်းဖို့ စီစဉ်နေတာပါ။

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အသင်းရဲ့တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ဟာ စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ ခြေစွမ်းကို အမှီလိုက်နိုင်စွမ်းရှိသူတစ်ယောက်ဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ အသက် (၂၁)နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီရာသီမှာ မန်ယူအသင်းအတွက် (၇) ဂိုးအထိ သွင်းယူပေးထားခဲ့ပြီး မန်ယူရဲ့ နိုင်ပွဲတွေမှာ အဓိက ကျတဲ့ ကစားသမားအဖြစ် ရပ်တည်နေတာပါ။ ဆိုးလ်ရှားက ရှက်ရှ်ဖို့ဒ်ဟာ မြန်နှုန်းမြင့်ကစားသမားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ကြံ့ခိုင်မှုဟာလည်း တနေ့ထက်တစ်နေ့ မြင့်မားလာနေတယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

မူနီယာ ။         ။ ဘာစီလိုနာအသင်းတိုက်စစ်မှူး မူနီယာ ကိုခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ ဆီးဗီးလားအသင်းက တရားဝင်ကြေညာလိုက်ပါတယ်။ မူနီယာဟာ (၂၀၁၄-၁၅) ဘောလုံးရာသီကစလို့ ဘာစီလိုနာအသင်းနဲ့အတူ ပွဲထွက်ခဲ့သူဖြစ်ပြီး အဲဒီနောက်မှာတော့ ဗလင်စီယာ ၊ အလာဗက်စ် အသင်းတွေဆီကို အငှားချထားခြင်းခံခဲ့ရတာပါ။ အသက် (၂၃)နှစ်အရွယ် တိုက်စစ်ကစားသမားအတွက် ဆီးဗီးလားဟာ ယူရို (၁)သန်းသာ ပေးခဲ့ရပြီး ရာသီကုန်ရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရတော့မယ့် မူနီယာ ကို ဘာစီလိုနာက ရတဲ့ဈေးနဲ့ရောင်းပစ်ခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
မက်ဆီရဲ့သွင်းဂိုးတွေနဲ့ ရီးရဲယ်ကို အနိုင်ရခဲ့တဲ့ ဘာစီလိုနာ
Twitter

အယ်လီဂရီ ။    ။ ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက အသင်းရဲ့တိုက်စစ်မှူး ရော်နယ်ဒို ဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆင်မပြေမှုတွေ ရှိနေပေမယ့်လည်း သူ့ရဲ့အလုပ်ကိုတော့ ပရော်ဖက်ရှင်နယ်တစ်ယောက် ပီသစွာ လုပ်ကိုင်နေတယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ အဓမ္မမှုဟာ လက်ရှိအချိန်မှာ ပြန်လည်အသက်ဝင်လာခဲ့ပြီး DNA စစ်ဆေးမှုတွေ ပြုလုပ်ဖို့အထိ အမေရိကန်ရဲတွေက ကြိုးစားလာခဲ့တာပါ။ အယ်လီဂရီကတော့ ရော်နယ်ဒိုဟာ လေ့ကျင့်ရေးကွင်းမှာ ပုံမှန်အတိုင်းကြိုးစားနေပြီး သူ့ရဲ့ပုံမှန်အလုပ်တွေကို ပြုလုပ်နေပါတယ်လို့ မီဒီယာတွေကို အသိပေးသွားခဲ့ပါတယ်။

EPA

ဆာရီ ။ ။ ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက အသင်းရဲ့ကွင်းလယ်လူ ၀ီလီယံအတွက် ကမ်းလှမ်းမှုတွေ ရှိနေခဲ့ပေမယ့်လည်း ဒီ ဇန်န၀ါရီဈေးကွက်မှာတော့ လက်လွှတ်ဖို့ မဖြစ်နိုင်သေးဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ ၀ီလီယံအတွက် ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိထားခဲ့ပြီး ဘာစီလိုနာဟာ တောင်ပံကစားသမားမယ်လ်ကွန်နဲ့ ငွေသားအလိုက်ပေးပြီး ၀ီလီယံကိုခေါ်ဖို့ ကြိုးစားနေတာပါ။ ဆာရီက ချယ်လ်ဆီးအသင်းရဲ့ လက်ရှိအနေအထားအရ အသင်းရဲ့ကွင်းလယ်လူတွေကို လက်လွှတ်ဖို့ မဖြစ်နိုင်သေးဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

READ
၁၀-၁၁-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
Twitter

နေမာ ။ ။ PSG အသင်းတိုက်စစ်မှူး နေမာရဲ့ ဖခင်ဖြစ်သူက ဘာစီလိုနာအသင်းကို နေမာ ပြန်လည်ပြောင်းရွှေ့မယ်ဆိုတဲ့သတင်းတွေဟာ သတင်းမှားတွေသာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ စပိန်သတင်းစာတွေက ဖော်ပြနေတဲ့ သတင်းတွေအရ နေမာဟာ ဘာစီလိုနာအသင်းကို ပြန်လည်ပြောင်းရွှေ့နိုင်ဖို့ ဖခင်ဖြစ်သူကို ဘာစီလိုနာ တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်ခိုင်းခဲ့တယ်လို့ သိရတာပါ။ ဒါပေမယ့် နေမာရဲ့ဖခင်ကတော့ ဒီသတင်းတွေဟာ ကောလာဟလတွေသာ ဖြစ်ကြောင်းနဲ့ နေမာဟာ ပြင်သစ်မြေမှာ ပျော်ရွှင်နေကြောင်း တုန့်ပြန်ပြောဆိုသွားခဲ့ပါတယ်။

Linn

Source : TheSun , Goal , Marca

 

SHARE