၁၂-၁၀-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / TheSun

မန်ယူ ။ ။ ကမ္ဘာ့ဘောလုံးကလပ်တွေအတွက် အဆင့်သတ်မှတ်ချက်တွေမှာတော့ မန်ယူအသင်းက အဆင့်(၄၆)နေရာကို ရောက်သွားခဲ့တယ်လို့ TheSun က ဖော်ပြခဲ့ပြီး ဘာစီလိုနာက နံပတ်(၁)နေရာ၊ လီဗာပူးလ်က နံပတ်(၂)နဲ့ အာဂျင်တီးနားကလပ် ရေးဗားပလိတ်က နံပတ်(၃)၊ မန်စီးတီးက နံပတ်(၄) နေရာတွေမှာ အသီးသီးဦးဆောင်ခဲ့ကြပါတယ်။ ရီးယဲလ်အသင်းက နံပတ်(၆)နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး ချယ်လ်ဆီးက နံပတ်(၁၀)နဲ့ အာဆင်နယ်က နံပတ်(၁၁)နေရာတွေမှာ ရပ်တည်နိုင်ခဲ့တာပါ။ မန်ယူရဲ့အထက်မှာ တရုတ်ကလပ် ဂွမ်ဇူးအသင်းက အဆင့်(၃၆)၊ ဆော်ဒီကလပ် အယ်လ်ဟိုင်လယ် က အဆင့်(၁၄) စသဖြင့် အသီးသီးရပ်တည်ခဲ့ကြပါတယ်။ ဒါဟာ ကမ္ဘာ့ဘောလုံးကလပ်အသင်းတွေရဲ့အဆင့်သတ်မှတ်ချက်ကို တွက်ချက်တဲ့ အမှတ်ပေးပုံတွေ၊ သွင်းဂိုး၊ပေးဂိုးတွေ၊ ကစားသမားတန်ကြေးတွေနဲ့ ရလဒ်ပိုင်းတွေအပေါ် အခြေခံထားတာဖြစ်ပြီး အချိန်မရွေး ပြန်လည်ပြောင်းလဲသွားနိုင်တယ်လို့ သိရပါတယ်။

ဘက်ခမ် ။       ။ ဘောလုံးသမားတွေရဲ့ အေးဂျင့်အဖြစ် ကုမ္ပဏီထောင်တော့မယ့် ဒေးဗစ်ဘက်ခမ် ဟာ PSG တိုက်စစ်မှူးလေး ဘက်ပီ ရဲ့ အေးဂျင့်အဖြစ် ပထမဆုံးဆောင်ရွက်ပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ ESPN က ဖော်ပြပါတယ်။ မေဂျာလိဂ်ကလပ်အသင်းဖြစ်တဲ့ အင်တာမိုင်ယာမီ အသင်းကို တည်ထောင်ခဲ့ပြီးနောက် ဘောလုံးစီးပွားရေးထဲ ၀င်ရောက်လာခဲ့တဲ့ ဘက်ခမ်ဟာ လက်ရှိအချိန်မှာ ဘောလုံးအေးဂျင့်အေဂျင်စီ တစ်ခုကို စတင်တည်ထောင်ဖို့ စီစဉ်နေပြီဖြစ်ပြီး ဘက်ပီ က သူ့ရဲ့ပထမဆုံးဖောက်သည် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေတာပါ။

READ
၂၁-၂-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

 

ပေါ့ဂ်ဘာ ။       ။ ခြေချောင်းအရိုးအက်သွားတဲ့ ဒဏ်ရာရနေတဲ့ မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာတစ်ယောက် လီဗာပူးလ်နဲ့ပွဲအမီ ပြန်လည်ကောင်းမွန်လာမယ်လို့ နည်းပြ ဆိုးလ်ရှားက ယုံကြည်နေပါတယ်။ ပေါ့ဂ်ဘာက သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေ တစ်ကိုယ်တော် လေ့ကျင့်ခန်းတွေ ပြုလုပ်နေတဲ့ ဗီဒီယိုတွေကို တင်ခဲ့ပြီး သူ့ရဲ့ ကြံ့ခိုင်ရည် ပြန်လည်ပြည့်ဝလာပြီဆိုတဲ့အကြောင်း ပရိသတ်တွေကို အသိပေးလိုက်တာပါ။ ပေါ့ဂ်ဘာ ဟာ လက်ရှိအချိန်မှာ ဒူဘိုင်းကိုသွားရောက်ပြီး တစ်ကိုယ်တော်လေ့ကျင့်ခန်းအစီအစဉ်တွေကို လုပ်ဆောင်နေခဲ့တာပါ။

မက်ဆီ ။         ။ ဘာစီလိုနာအသင်းဟာ မက်ဆီ ကို အသင်းမှာ တစ်သက်တာလုံးရှိနေစေမယ့် စာချုပ်မျိုး ချုပ်ဆိုဖို့ စီစဉ်နေတယ်လို့ marca က ဖော်ပြပါတယ်။ မက်ဆီရဲ့ လက်ရှိစာချုပ်ဟာ (၂၀၂၂)ခုနှစ်အထိ ရှိနေပေမယ့် မက်ဆီအနေနဲ့ အသင်းကနေ အချိန်မရွေး ထွက်ခွာသွားခွင့်ရှိတယ်ဆိုတဲ့ အချက်ကြောင်း ဘာစီလိုနာအသင်း တာဝန်ရှိသူတွေက စာချုပ်ကို ပြင်ဆင်ချင်နေကြတာပါ။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ မက်ဆီတစ်ယောက်ဘောလုံးသမားဘ၀က အနားယူပြီးနောက်မှာလည်း ဘာစီလိုနာအသင်းနဲ့အတူ အုပ်ချုပ်မှုတာဝန်တွေမှာ ဆက်လက်လုပ်ကိုင်စေဖို့ဖြစ်တယ်လို့ Marca က ဖော်ပြပါတယ်။

မန်ဇူကစ် ။       ။ ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး မန်ဇူကစ်တစ်ယောက် လာမယ့် အပြောင်းအရွှေ့မှာ မန်ယူအသင်းဆီရောက်ရှိဖို့က သေချာသလောက်ဖြစ်နေပြီလို့ ESPN က သုံးသပ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ တိုက်စစ်မှာ ရော်နယ်ဒိုနဲ့ ဟီဂူအင်၊ ဒိုင်ဘာလာ တို့ရှိနေတာကြောင့် အသက် (၃၃)နှစ်အရွယ် တိုက်စစ်မှူးကိုရောင်းချဖို့ ဆန္ဒရှိနေခဲ့ပြီး မန်ယူအသင်းကလည်း အားနည်းနေတဲ့ တိုက်စစ်ပိုင်းအတွက် ခေါ်ဖို့အတွက် စတင်ဆွေးနွေးနေပြီလို့ သိရပါတယ်။

READ
လက်ရှိရာသီကုန်မှာ အာဆင်နယ်အသင်းကို စွန့်ခွာတော့မယ် အာဆင်ဝင်းဂါး

Linn

Source : TheSun , Goal , Mirror

SHARE