၁၁-၁၂-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

အဲဗာတန် ။      ။ အဲဗာတန်အသင်းဟာ ဆွီဒင်တိုက်စစ်မှူး အေဗရာဟီမိုဗစ် ကို တစ်ရာသီအတွက် ပေါင်(၄)သန်း ပေးမယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။ လက်ရှိအချိန်အထိ ကလပ်အသင်း ရှာဖွေနေဆဲဖြစ်တဲ့ တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်ကို ရောက်လာမယ့်လို့ သတင်းတွေ ထွက်နေခဲ့သလို စီးရီးအေမှာ ကစားမယ်ဆိုတဲ့အသံတွေလည်း ထွက်နေခဲ့တာပါ။

 

အန်ဆယ်လော့တီ ။      ။ လီဗာပူးလ်အသင်းကွင်းလယ်ကစားသမားဟောင်း ဂရေမီဆောင်းနက်စ်က အန်ဆယ်လော့တီ လို အရှိန်အ၀ါရှိတဲ့ နည်းပြမျိုးဟာ အာဆင်နယ်အသင်းဆီ နည်းပြဖို့အတွက် ရောက်လာမှာ မဟုတ်ဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။ နာပိုလီအသင်းက ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြကြီးကို အာဆင်နယ်အသင်းက ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်နေတဲ့အပေါ် ဆောင်းနက်စ်က မှတ်ချက်ပေးလိုက်တာဖြစ်ပြီး အန်ဆယ်လော့တီ လိုနည်းပြမျိုးတွေဟာ အာဆင်နယ်လိုအသင်းမျိုးကို တာဝန်ယူမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်တာပါ။

အင်တာ ။        ။ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ အင်တာမီလန်အသင်းဟာ ဘာစီလိုနာ ကွင်းလယ်အတွဲဖြစ်တဲ့ ဗီဒယ်နဲ့ ရာကီတစ် တို့ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ Marca သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။ အင်တာမီလန်ဟာ ဗီဒယ်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အတည်ပြုထားခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ရာကီတစ် ကိုပါ ထပ်မံခေါ်ယူဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်လာခဲ့တာပါ။

မန်စီးတီး ။       ။ မန်စီးတီးဟာ လက်စတာအသင်းရဲ့ ခံစစ်မှာ ခြေစွမ်းပြနေတဲ့ တူရကီနောက်ခံလူ ဆိုယန်ကူ ကို ခေါ်ယူဖို့ ကြိုးစားနေပြီး လက်စတာ ကတော့ ကစားသမားကိုစာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေပါတယ်။ နောက်ခံလူ မက်ဂွိုင်းယားကို ရောင်းချခဲ့တုန်းက ငွေကြေးအမြောက်အများ ရရှိခဲ့တဲ့ လက်စတာ ဟာ လက်ရှိအချိန်မှာလည်း နောက်ခံလူ တစ်ဦးကို ဈေးကြီးကြီးနဲ့ ရောင်းချခွင့်ရသွားဖွယ်ရှိနေပြီး ပေါင်သန်း(၈၀)ထက် မနည်းတဲ့ ပမာဏကို ပေးရဖွယ်ရှိတယ်လို့ Dailymail က သုံးသပ်ပါတယ်။

READ
(၂၃-၂-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

စပါး ။   ။ စပါးအသင်းဟာ ရိုးမားတိုက်စစ်မှူး ဒီဇီကို ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပြီး ရိုးမားအသင်းက ဒီကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ ESPN က ဖော်ပြပါတယ်။ စပါးအသင်းဟာ တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ နေရာကို ဒီဇီကို နဲ့ အားဖြည့်ထားချင်တာဖြစ်ပြီး ရိုးမားကတော့ သူတို့ရဲ့ တိုက်စစ်မှူးကို ရောင်းချဖို့ ဆန္ဒမရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE