အင်တာ ။ ။ အင်တာမီလန်အသင်းဟာ အာဆင်နယ်အသင်းတိုက်စစ်မှူး အူဘာမီယန်းကိုခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးအခြေအနေကိုရောက်နေပြီလို့ Mirror က ဖော်ပြပါတယ်။ အာဆင်နယ်အသင်းဟာ နည်းပြ အပြောင်းအလဲတွေရဲ့အောက်မှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး အူဘာမီယန်း ကို လက်လွှတ်ရဖွယ်ရှိနေပြီး လူကာကူ၊ အူဘာမီယန်းနဲ့ မာတီနက်ဇ်တို့ရဲ့ (၃)ယောက်တွဲ တိုက်စစ်ကို အသုံးပြုဖို့ အင်တာနည်းပြ ကွန်တီ က အလိုရှိနေတာပါ။ အသက် (၃၀)အရွယ် ဂါဘွန်တိုက်စစ်မှူးဟာ လာမယ့် ဇန်န၀ါရီမှာ အာဆင်နယ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး ဘာစီလိုနာနဲ့ ရီးယဲလ်အသင်းတို့ကလည်း စောင့်ကြည့်နေကြပါတယ်။
ပီပီ ။ ။ မနေ့ညက ကစားခဲ့တဲ့ နော်ဝှစ်ခ်ျနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းတောင်ပံကစားသမား ပီပီ ကို ပွဲမထုတ်ခဲ့ခြင်းဟာ သူ့ရဲ့လေ့ကျင့်ရေးကွင်း စွမ်းဆောင်ရည်ကြောင့်ဖြစ်တယ်လို့ အာဆင်နယ်အသင်းနည်းပြ ယွန်းဘတ် က ထုတ်ပြောလိုက်ပါတယ်။ နောဝှစ်ခ်ျအသင်းရဲ့ အိမ်ကွင်းမှာ သရေသာ ကစားနိုင်ခဲ့တဲ့ ပွဲစဉ်အတွက် ပီပီ ကို ပွဲမထုတ်ခဲ့လို့ ယွန်းဘတ်ရဲ့ နည်းစနစ်တွေအပေါ် ဝေဖန်မှုတွေ ရှိနေကြပြီး ယွန်းဘတ်က အဲဒီဝေဖန်မှုတွေအပေါ် ပြန်လည်တုန့်ပြန်သွားခဲ့ပါတယ်။
“Nicolas Pepe is a very good player, but I looked at what we did in training and what I see every day and that is how I judge it.”
– Freddie Ljungberg on Nicolas Pepe pic.twitter.com/tjnJtdAakq
— DailyAFC™ (@DailyAFC) December 1, 2019
ရှယ်လ်ဗေး ။ ။ နယူးကာဆယ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကွင်းလယ်လူ ရှယ်လ်ဗေး က သူ့အနေနဲ့ စာချုပ်အသစ် လက်မှတ်ထိုးနိုင်ဖို့ မျှော်လင့်နေကြောင်းနဲ့ နယူးကာဆယ်အသင်းမှာသာ ဆက်လက် ကစားပေးချင်မိကြောင်း ပြောဆိုလိုက်ပါတယ်။ နယူးကာဆယ်အသင်းရဲ့ အဓိက ကစားသမားအဖြစ် ရှိနေပေမယ့် ဒီရာသီကုန်ဆုံးရင် အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ရှယ်လ်ဗေးကို နယူးကာဆယ်က လက်လွှတ်မယ့်အခြေအနေမှာ ရှိနေပြီး ကစားသမားကတော့ စာချုပ်သက်တမ်းတိုးနိုင်ဖို့ မျှော်လင့်နေတာပါ။
#NUFC midfielder Jonjo Shelvey: “At the end of the day, I’m playing for a new contract now. I want to stay here, and hopefully a contract will be sorted. The kids love it up here – they’ve got their friends here.” pic.twitter.com/LI7X27hp3Q
— Newcastle Fans TV (@NewcastleFansTV) December 1, 2019
ဘာစီလိုနာ ။ ။ ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီ ဟာ ဒေါ့တ်မွန်ကြယ်ပွင့်ကစားသမား ၀စ်ဂယ် ကို လာမယ့် နွေရာသီမှာခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ Dailymail က ဖော်ပြပါတယ်။ အသက် (၂၄)နှစ်အရွယ် ကွင်းလယ်ကစားသမားရဲ့ တန်ကြေးဟာ ပေါင်(၂၁)သန်းလောက် ရှိနေပြီး တိုက်စစ်အားသန်တဲ့ ကစားပုံကြောင့် ဘာစီလိုနာအသင်းက ခေါ်ယူချင်နေတာဖြစ်တယ်လို့ Dailymail က ဖော်ပြပါတယ်။
#Barcelona linked with a move for #BVB midfielder Julian Weigl https://t.co/Qt19R3lhPa pic.twitter.com/Ik8P0feDdu
— footballespana (@footballespana_) December 1, 2019
လိုဆယ်ဆို ။ ။ ဘက်တစ်အသင်းကနေ စပါးအသင်းကို အငှားနဲ့ ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်လူ လိုဆယ်ဆို ဟာ ပွဲထွက်ကစားခွင့်မရတာကြောင့် ရာသီကုန်ဆုံးချိန်မှာ ဘက်တစ်အသင်းဆီ ပြန်သွားဖို့ရှိတယ်လို့ Marca က ဖော်ပြပါတယ်။ အသက် (၂၃)နှစ်အရွယ် ကွင်းလယ်လူဟာ ဒီရာသီ ကုန်ဆုံးချိန်အထိ စပါးအသင်းဆီ အငှားနဲ့ ရောက်လာခဲ့တာဖြစ်ပြီး ပွဲထွက်ကစားခွင့်မရတာကြောင့် အာဂျင်တီးနားအသင်းအတွက် ရွေးချယ်မခံရမှာကိုပါ ကစားသမားက စိုးရိမ်နေတာပါ။
PSG ။ ။ PSG အသင်းဟာ အသက်ရလာပြီဖြစ်တဲ့ နောက်ခံလူ သီယာဂိုဆေးလ်ဗားရဲ့နေရာမှာ အစားထိုးဖို့ အင်တာမီလန်နောက်ခံလူ ခရီနီယာ ကိုစောင့်ကြည့်နေပါတယ်။ အင်တာမီလန်အသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ နောက်ခံလူကို မန်ယူအသင်းကလည်း စောင့်ကြည့်နေပြီး ကစားသမား ကိုယ်တိုင်ကတော့ အသင်းပြောင်းမယ့်သတင်းတွေကို ငြင်းဆိုထားခဲ့ပါတယ်။
Linn
Source : TheSun , Goal , Mirror