၂၃-၁၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

အာတီတာ ။     ။ အာဆင်နယ်အသင်းကစားသမားဟောင်း အီယန်ရိုက် က အသင်းရဲ့ နည်းပြသစ် အာတီတာ ဟာ အာဆင်နယ်ကနေ ဘယ်ကစားသမားတွေ ထွက်ခွာသွားရမလဲဆိုတာကို ဆုံးဖြတ်တော့မှာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ အီယန်ရိုက် က အာဆင်နယ်အသင်းဟာ နည်းစနစ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေတယ်လို့ အာတီတာ က ယုံကြည်နေပြီး သူ့ရဲ့နည်းစနစ်နဲ့ အံမ၀င်တဲ့ ကစားသမားတွေကို ရောင်းချသွားမှာဖြစ်တယ်လို့ ပြောဆိုသွားခဲ့တာပါ။

 

ကလော့ပ် ။      ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်က သူ့ရဲ့အသင်းမှာ ပြင်သစ်ကစားသမားတွေကို မခေါ်ရခြင်းဟာ ပြင်သစ်ကစားသမားတွေရဲ့ ဈေးကြီးမှုကြောင့် ဖြစ်ကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။ ကလော့ပ်က သူ့ရဲ့အသင်းမှာ ဘက်ပီ၊ ဂရစ်ဇ်မန်းတို့လို ပြင်သစ်တိုက်စစ်မှူးတွေ ရှိစေချင်ပေမယ့်လည်း ဒီကစားသမားတွေကိုခေါ်ယူဖို့က ဈေးကြီးလွန်းတာကြောင့် အသင်းမှာ ပြင်သစ်ကစားသမားတွေ ရှိမနေတာဖြစ်တယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။

ရိုးမား  ။          ။ ရိုးမားအသင်းဟာ သူတို့ရဲ့နောက်ခံလူ ကိုလာရော့ဗ် ကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ နီးစပ်နေပြီလို့ Goal က ဖော်ပြပါတယ်။ ကိုလာရော့ဗ် ဟာ ဒီဘောလုံးရာသီကုန်ဆုံးရင် ရိုးမားနဲ့ စာချုပ်သက်တမ်းကုန်ပြီဖြစ်ပြီး အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မှာပါ။

အေစီ ။ ။ လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ ကစားသမားအပြောင်းအလဲတွေ လုပ်မယ်လို့ ကြေညာထားခဲ့တဲ့ အေစီမီလန်အသင်းကတော့ သူတို့ရဲ့ ကွင်းလယ်လူ ကက်ဆီ ကို ပေါင်(၂၆)သန်း လို့ ဈေးနှုန်းသတ်မှတ်ပေးလိုက်ပါတယ်။ အသက် (၂၃)နှစ်အရွယ် ကစားသမားဟာ အေစီမီလန်အသင်းအတွက် ဒီရာသီမှာ (၁၅)ပွဲ ကစားပေးထားပေမယ့်လည်း အသင်းကတော့ သူ့ကို ရောင်းချဖို့ ဆန္ဒရှိနေခဲ့တာပါ။

READ
၁၀-၁၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဟာလန်း ။       ။ ဟာလန်းကိုခေါ်ယူဖို့ အနီးစပ်ဆုံးဖြစ်နေပြီဆိုပေမယ့်လည်း မန်ယူအသင်းကတော့ ဒီကစားသမားအတွက် ဒေါ့တ်မွန်နဲ့အပြိုင်လုရဖွယ်ရှိတယ်လို့ Bild က ဖော်ပြပါတယ်။ အသက် (၁၉)နှစ်အရွယ် တိုက်စစ်မှူးအတွက် ဒေါ့တ်မွန်အသင်းကပါ ဆွေးနွေးမှုတွေ လုပ်ဆောင်နေခဲ့ပြီး ဒီရာသီ ဆဲလ်ဘတ်အတွက် (၂၂)ပွဲကစားပြီး (၂၈)ဂိုးသွင်းခဲ့တဲ့ ဟာလန်း ဟာ အသင်းကြီးတွေရဲ့ မျက်စိကျစရာ ဖြစ်လာနေခဲ့တာပါ။

ဇီဒန်း ။ ။ ရီးယဲလ်အသင်းနည်းပြ ဇီဒန်းက ရီးယဲလ်ဟာ လာမယ့် ဇန်န၀ါရီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူးသစ်တွေ ခေါ်ယူဖို့ အစီအစဉ်လုံးဝမရှိဘူးလို့ အသိပေးလိုက်ပါတယ်။ နောက်ပိုင်းပွဲတွေမှာ ဂိုးရဖို့ ရုန်းကန်နေခဲ့ရတဲ့ ရီးယဲလ်တိုက်စစ်အတွက် ဇီဒန်းက စိုးရိမ်မှု မရှိဘူးလို့ ပြောဆိုသွားခဲ့ပြီး အသင်းမှာ အကောင်းဆုံး တိုက်စစ်မှူးတွေ ရှိနေတယ်ဆိုတဲ့အကြောင်း အသိပေးသွားခဲ့တာပါ။

READ
လီယွန်နယ်မက်ဆီရဲ့ အကြောင်း လူသိနည်းတဲ့ အချက်(၅)ချက်

Linn

Source : TheSun , Goal , Mirror

SHARE