၂၄-၁၂-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

ပေါ့ဂ်ဘာ ။       ။ မန်ယူအသင်းတိုက်စစ်မှူးဟောင်း အိုဝင် က အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ ဟာ သူ့ရဲ့ မန်ယူအသင်းဖော်တွေထက် ပိုမြင့်တဲ့အဆင့်တစ်ခုမှာ ရှိနေတယ်လို့ သုံးသပ်လိုက်ပါတယ်။ အိုဝင် က သူ့ရဲ့ ကစားသမားဘ၀မှာ တွေ့ဆုံခဲ့ဖူးတဲ့ စခိုးလ် ၊ ဂစ် ၊ ဂျရတ် ၊ ဇီဒန်း တို့လို ကစားသမားမျိုးတွေနဲ့ ပေါ့ဂ်ဘာကို နှိုင်းယှဉ်သွားခဲ့ပြီး ဒီလို တခြားကစားသမားတွေက ဒီလိုလုပ်ရမယ်လို့ တွေးနေတဲ့အချိန်မှာ ပေါ့ဂ်ဘာတို့လို ကစားသမားတွေက အဲဒါကို လုပ်ပြီးသွားပြီဖြစ်တဲ့ကြောင်း ပြောပြသွားခဲ့တာပါ။

အလန်ပါဂျူး ။   ။ ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ နယူးကာဆယ်၊ ပဲလေ့စ် ၊ ၀က်စ်ဘရွန်း၊ ဆောက်သမ်တန် တို့ကို နည်းပြခဲ့ဖူးတဲ့ အလန်ပါဂျူး တစ်ယောက် နည်းပြ လောက ထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပါပြီ။ (၂၀၁၇-၁၈)ဘောလုံးရာသီက ၀က်စ်ဘရွန်းအသင်းကို နည်းပြခဲ့ပြီးနောက် နည်းပြ လောကနဲ့ ဝေးကွာသွားခဲ့တဲ့ အလန်ပါဂျူးဟာ နယ်သာလန်ကလပ် ADO Den Haag အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ် ခံလိုက်ရပြီပဲ ဖြစ်ပါတယ်။

 

အင်တာ ။        ။ အင်တာမီလန်အသင်းဟာ ဘာစီလိုနာကွင်းလယ်လူ ဗီဒယ် အတွက် ပေါင်(၁၂)သန်းနဲ့ ကမ်းလှမ်းလိုက်တယ်လို့ Marca သတင်းစာက ဖော်ပြပါတယ်။ ဘာစီလိုနာအသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းထွက်နေခဲ့တဲ့ ဗီဒယ်ဟာ အင်တာမီလန်ဆီ ရောက်ဖို့ အခြေအနေကောင်းနေခဲ့ပြီး နည်းပြ ကွန်တီ ရဲ့ အလိုချင်ဆုံး ကစားသမားစာရင်းမှာ ရှိနေခဲ့တာပါ။ အင်တာမီလန်ဟာ ချယ်လ်ဆီးနောက်ခံလူ မားကို့စ်အလွန်ဆို ကိုလည်း ခေါ်ယူဖို့ ကြိုးစားနေပါသေးတယ်။

ကိုလာဆီနက် ။ ။ အာဆင်နယ်အသင်းရဲ့ နည်းပြ အပြောင်းအလဲမှာ အသင်းကနေ ထွက်ခွာရဖို့ရှိနေတဲ့ နောက်ခံလူ ကိုလာဆီနက် ကို နာပိုလီနဲ့ ရိုးမားအသင်းတို့က ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ Sky Sports ရဲ့ ဖော်ပြချက်အရ အသက် (၂၆)နှစ်အရွယ် နောက်ခံလူဟာ ဒီရာသီမှာ အာဆင်နယ်အတွက် (၁၄)ပွဲ ကစားပေးထားခဲ့ပေမယ့်လည်း နည်းပြ အာတီတာရဲ့ အရောင်းစာရင်းထဲမှာ ရှိနေတယ်လို့ သိရတာပါ။

ဒီဘရိုင်း  ။       ။ လက်ရှိ ကမ္ဘာ့အဆင့်ကွင်းလယ်ကစားသမားတွေထဲမှာ တန်ဖိုးအမြင့်ဆုံးအဖြစ် မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်း က ဦးဆောင်နေပါတယ်။ တန်ကြေးတွက်ချက်မှုတွေအရ မန်စီးတီးအသင်း ကွင်းလယ်လူရဲ့ ဈေးနှုန်းက ယူရို သန်း(၁၅၀) တန်ကြေးရှိနေပြီး သူ့ရဲ့နောက်မှာ ကန်တီနဲ့ ပေါ့ဂ်ဘာ တို့က ယူရိုသန်း(၁၀၀)စီနဲ့ ရပ်တည်နေကြတာပါ။

READ
၃၀-၁၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
TheSun

Linn

Source : TheSun , Goal , Mirror

 

SHARE