၃၀-၁၂-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

လမ့်ပ်တေး ။     ။ အာဆင်နယ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပွဲစဉ်မှာ လူစားဝင်ကစားခဲ့တဲ့ နောက်ခံကစားသမားလေး လမ့်ပ်တေး ကို စာချုပ်သစ် ဆွေးနွေးဖို့ စကားပြောနေပြီ ဖြစ်တဲ့အကြောင်း နည်းပြ လမ်းပတ် က အတည်ပြုလိုက်ပါတယ်။ အသက် (၁၉)နှစ်အရွယ် နောက်ခံ ကစားသမားလေးဟာ ချယ်လ်ဆီး ယူ(၂၃)အသင်းမှာ ကစားနေသူဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကမှ အသင်းကြီးဆီ ခေါ်ယူခြင်းခံထားရသူပါ။

 

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ရှုံးပွဲကြုံခဲ့ပြီးတဲ့နောက် နှစ်ပေါင်း(၆၀)အတွင်း အဆိုးရွားဆုံး အိမ်ကွင်းရလဒ်နဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။ နည်းပြသစ် အာတီတာရဲ့အသင်းဟာ (၁၉၅၉)ခုနှစ်နောက်ပိုင်း အိမ်ကွင်း(၄)ပွဲဆက် ရှုံးနိမ့်ဖူးခြင်းမရှိခဲ့ပဲ ဒီဘောလုံးရာသီမှာမှ ဆိုးရွားတဲ့ မှတ်တမ်းတစ်ခုကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

မန်ယူ ။ ။ ဆဲလ်ဘတ်တိုက်စစ်မှူးလေး ဟာလန်း ကို ခေါ်ယူဖို့ လက်လွှတ်လိုက်ရတဲ့ မန်ယူအသင်းဟာ လိုင်ယွန်အသင်းတိုက်စစ်မှူး ဒမ်ဘီလီ ကိုခေါ်ဖို့ ကြိုးစားနေပြီဖြစ်တယ်လို့ Daily Mail က ဖော်ပြပါတယ်။ ဆဲလ်တစ်၊ ဖူလ်ဟမ်အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဒမ်ဘီလီ ဟာ လက်ရှိအချိန်မှာ လိုင်ယွန်အသင်းအတွက် ဒီရာသီ သွင်းဂိုး (၁၀)ဂိုး ရရှိထားခဲ့ပြီး မန်ယူအသင်းအနေနဲ့ ဆွေးနွေးမှုတွေ စတင်မယ်လို့ သတင်းတွေက ဖော်ပြတာပါ။

READ
ကမ္ဘာ့ဖလားမှာ ဒိုင်ဗင်ပစ်တာမျိုး ထပ်မလုပ်တော့ဘူးလို့ ဆိုလိုက်တဲ့ ဒယ်လီအယ်လီ

ဆန်ချို ။                   ။ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဒေါ့တ်မွန်အသင်းနဲ့အတူ နာမည်ကြီးနေတဲ့ တောင်ပံကစားသမား ဆန်ချိုကတော့ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ တယ်လီဂရပ်ဖ်က ဖော်ပြပါတယ်။ အသက် (၁၉)နှစ်အရွယ် တောင်ပံကစားသမားကို မန်ယူအသင်းကလည်း အလိုရှိနေကြောင်း သတင်းတွေထွက်နေပေမယ့် ကစားသမား ကိုယ်တိုင်ကတော့ ချယ်လ်ဆီးအသင်းဆီကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

ဘန်ဇီမာ ။       ။ ရီးယဲလ်အသင်းနဲ့ (၂၀၂၁)ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် တိုက်စစ်မှူး ဘန်ဇီမာ ကို စာချုပ်သက်တမ်းတိုးဖို့ ရီးယဲလ်က ဆွေးနွေးနေပြီလို့ Marca က ဖော်ပြပါတယ်။ ရော်နယ်ဒို မရှိတော့တဲ့နောက် ရီးယဲလ်ရဲ့ တိုက်စစ်မှာ အဓိက ကျလာခဲ့တဲ့ ဘန်ဇီမာ ကို (၂၀၂၃)ခုနှစ်အထိ စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေပေမယ့် ဘန်ဇီမာရဲ့ လက်ရှိအသက်ကတော့ (၃၂)နှစ်ရှိလို့ နေပါပြီ။

READ
၂၀-၁၁-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

အင်တာမိုင်ယာမီ ။       ။ ဒေးဗစ်ဘက်ခမ်ရဲ့ အင်တာမိုင်ယာမီ အသင်းကတော့ ပနားမားနိုင်ငံလက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင် ရိုမန် တောရက်စ်ကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ မေဂျာလိဂ်ကလပ် ဆီယက်တယ် အသင်းမှာ (၅)ရာသီကြာ ကစားခဲ့တဲ့ တောရက်စ် ဟာ လက်ရှိအချိန်မှာတော့ မိုင်ယာမီ အသင်းဆီရောက်လာခဲ့ပြီဖြစ်ပြီး နောက်ထပ် ကစားသမားသစ်တွေ ခေါ်ယူသွားဖို့ရှိနေသေးတယ်လို့ အသင်းအားကစားဒါရိုက်တာ မက်ဒိုနော့ က ဆိုပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE