၁၂-၄-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဆိုးလ်ရှား။       ။ မန်ယူအသင်းရဲ့ နည်းပြ ဆိုးလ်ရှားက ဒဏ်ရာပြဿနာကြောင့် မကြာခဏအနားယူရလေ့ ရှိတဲ့ ကွင်းလယ်လူ ဟာရဲရားဟာ အနာဂတ်အကြောင်း တွေးရင်း ပူပန်ရလွန်းတာကြောင့် ဒဏ်ရာပြဿနာတွေ နဲ့ လုံးပန်း နေရတာဖြစ်တယ်လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်နေတဲ့ အသက်(၂၉)နှစ်အရွယ် ကွင်းလယ်လူ ဟာရဲရားဟာ ရာသီကုန်မှာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေသူပါ။

ဟာရဲရားဟာ ဒဏ်ရာပြဿနာကြောင့် ဒီတစ်ပတ်ကစားမယ့် မန်ယူ-၀က်စ်ဟမ်းပွဲကို လွဲချော်သွားမှာဖြစ်ပြီး ဆိုးလ်ရှားက “ ချယ်လ်ဆီး၊ မန်စီးတီး တို့နဲ့ ကစားရမယ့် ပွဲတွေ မှာတော့ သူ ဒဏ်ရာကနေ ပြန်သက်သာရင် သက်သာလာမှာပေါ့။ သေချာပေါက်တော့ ပြောလို့မရသေးပါဘူး။ ကြွက်သားဒဏ်ရာ ထပ်ရပြီး နားနေရလို့ အဲ့ပွဲတွေ လွဲရင်လည်း လွဲမှာပါ” လို့ ဒီတစ်ပတ် ပရီးမီယားလိဂ်ပွဲစဉ်ရဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ဟာဇက်။         ။ ချယ်လ်ဆီးအသင်းရဲ့ တောင်ပံကစားသမား ဟာဇက်က ရီးရဲလ်အသင်းကို နည်းပြ ဇီဒန်း တစ်ကျော့ပြန် ကိုင်တွယ်ခဲ့တဲ့အတွက် အလွန်ဝမ်းသာမိကြောင်း ပြောခဲ့တာကြောင့် ချယ်လ်ဆီးပရိသတ်တွေ အတွက် ရတက်မအေးဖွယ် ဖြစ်ခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ ဟာဇက်ကို ခေါ်ယူဖို့ ကြိုးပမ်းနေသလို ရီးရဲလ် နည်းပြ ဇီဒန်းကလည်း ဟာဇက်ကို အလိုရှိတယ်လို့ ၀န်ခံထားသူပါ။ ဟာဇက်က “ ကျွန်တော် ရီးရဲလ်ကစားသ မား မဟုတ်ပေမယ့် ဇီဒန်းရဲ့ ပရိသတ်ပါ။ သူရီးရဲလ်ကို တစ်ကျော့ပြန်ရောက်လာလို့ ပျော်ရွှင်မိပါတယ်။ ရီးရဲလ် အသင်းနဲ့ ပရိသတ်တွေအတွက် ဇီဒန်းတစ်ကျော့ပြန် ရောက်လာခဲ့တာဟာ ၀မ်းသာကျေနပ်စရာပါလို့” Goal.com ကိုပြောကြားခဲ့တာပါ။

READ
မုသားဖော်စက်ကြောင့် အရှက်ဗြန်းဗြန်း ကွဲခဲ့ရတဲ့ ဝေါ်လ်ကာ
YouTube

စမောလင်း။      ။ မန်ယူနောက်ခံလူ စမောလင်းက သူနဲ့ ဘာစီလိုနာကြယ်ပွင့် မက်ဆီတို့ကြားမှာ ဘာအငြှိုး အတေးမှ မရှိကြောင်း၊ သူ့ကြောင့် မက်ဆီရဲ့ မျက်နှာမှာ သွေးထွက်သွားတဲ့အထိ ဖြစ်ခဲ့လို့ တောင်းပန်ခဲ့တဲ့သလို မက်ဆီကလည်း ခွင့်လွှတ်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ စမောလင်းက “ ပွဲအပြီးမှာ ကျွန်တော်တို့ စကားပြောဖြစ် ခဲ့ပါတယ်။ ကျွန်တော်ကြောင့် သူဒီလောက်ထိခိုက်သွားမယ်လို့ လုံးဝမထင်ခဲ့ပါဘူး။ ပွဲအပြီးမှာ ကျွန်တော်က တောင်းပန်တော့ မက်ဆီက မတော်တဖြစ်တာ ကိစ္စမရှိဘူး ပြောပြီး လက်ဆွဲနှုတ်ခဲ့ပါတယ်” လို့ BBC Radio 5 မှာ ပြောခဲ့တာပါ။

ဆာရီ။            ။ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဆာရီက ဆလာဗီးယား ပရပ်ကို (၀-၁)နဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါ လိဂ်ပွဲမှာ တောင်ပံကစားသမား ဟာဇက်ကို အနားပေးဖို့ ဆန္ဒရှိခဲ့ပေမယ့် နိုင်ပွဲရဖို့ ရုန်းကန်နေရတာကြောင့် ဒု တိယပိုင်းမှာ ဟာဇက်ကို လူစားလဲ ၀င်ရောက်ကစားခိုင်းခဲ့တာဖြစ်ကြောင်း ဖွင့်ဟခဲပါတယ်။ ချယ်လ်ဆီးအသင်း ဟာ ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ လီဗာပူးလ်အသင်းနဲ့ အန်ဖီးလ်ကွင်းမှာ ရင်ဆိုင်ရကြောင့် ဟာဇက်၊ ကန်တေ၊ လူးဝစ်ဇ် တို့လို့ အဓိက ကစားသမားတွေကို အနားပေးခဲ့ပါတယ်။ “ ဒီပွဲမှာ ရုန်းကန်ခဲ့ရရင် ဟာဇက်ကို အသုံး ပြုလို့ ရအောင်လို့ အရန်လူစာရင်းမှာ ထည့်သွင်းထားခဲ့တာပါ။ ပထမပိုင်းအပြီးမှာသာ တစ်ဂိုးအသာလောက်နဲ့ နိုင်နေခဲ့ရင် သူ့ကို အသုံးပြုမှာ မဟုတ်ပါဘူး။ အသင်းက ရုန်းကန်နေခဲ့ရသလို့သာ ဒုတိယပိုင်းမှာ သူ့ကို အသုံး ပြုခဲ့တာပါ” လို့ ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

READ
(၂၄-၅-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
AP Photo/Kirsty Wigglesworth

မာတင်ကီယွန်။  ။ အာဆင်နယ်အသင်းရဲ့ နောက်ခံလူဟောင်း မာတင်ကီယွန်က ဒီနှစ်ဘောလုံးရာသီအကုန် မှာ အာဆင်နယ်အသင်းကို စွန့်ခွာသွားရမယ့်သူဟာ ရမ်ဆေး မဖြစ်သင့်ပဲ အိုဇေးလ်သာ ဖြစ်သင့်ကြောင်း အာ ဆင်နယ် တာဝန်ရှိသူတွေကို ဝေဖန်ပြစ်တင်သွားခဲ့ပါတယ်။ (၂၀၀၈)ခုနှစ်တည်းက အာဆင်နယ်အသင်းအ တွက် ပွဲထွက်ကစားလာခဲ့သူ ရမ်ဆေးဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့ အကြိုသဘောတူစာချုပ် ချုပ်ဆိုထားသူပါ။ “ (၂၀၁၈)ခုနှစ်မှာ အာဆင်နယ်အသင်းဟာ အိုဇေးလ်နဲ့ ရမ်ဆေး တို့ထဲက တစ်ဦး ကို စာချုပ်သက်တမ်းတိုးဖို့ ရွေးချယ်ရာမှာ အိုဇေးလ်ကို ရွေးချယ်ခဲ့ပါတယ်။ ကျွန်တော်သာ ဆို ရင်တော့ ရမ်ဆေးကိုပဲ ရွေးချယ်မှာပါ။ ရမ်ဆေးဟာ အာဆင်နယ်အသင်း သူ့ကို သစ္စာဖောက်ခဲ့တယ်လို့ ခံစားခဲ့ ရမှာပါ” ဆိုပြီး BT Sport ကို ပြောကြားခဲ့ပါတယ်။

ဂျူဗင်တပ်။       ။ နက်ဖြန် မြန်မာစံတော်ချိန် (၇း၃၀)မှာ ယှဉ်ပြိုင်ကစားမယ့် ဂျူဗင်တပ်နဲ့ SPAL တို့ပွဲမှာ အရန် ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကို ပွဲထွက်အသုံးပြုသွားမယ်လို့ အသိပေး ပြောကြားသွားခဲ့ပါ တယ်။ အိမ်ကွင်းမှာ ကစားရမယ့် အဆိုပါ ပွဲစဉ်မှာ ဂျူဗင်တပ်အသင်းဟာ သရေတစ်မှတ်ရရုံနဲ့ (၈)ကြိမ်ဆက် စကူဒက်တိုချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မှာပါ။ အယ်လီဂရီက ရော်နယ်ဒို၊ ဘိုနူချီတို့ကို အနားပေးသွားမှာ ဖြစ် သလို ဂိုးသမား ပါရင်၊ တောင်ပံကစားသမား ကွာဒရာဒိုနဲ့ လူငယ်တိုက်စစ်မှူး မွိုက်ကိန်းတို့ကို ပွဲထွက်လူစာရင်း မှာ အသုံးပြုမှာဖြစ်ကြောင်း ဂျူဗင်တပ်အသင်းရဲ့ ၀က်ဘ်ဆိုဒ်မှာ အသိပေးခဲ့ပါတယ်။

Ref: Goal.com , BBC Sports

SHARE