(၁၂-၅-၂၀၁၉)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

အာဆင်နယ် – အာဆင်နယ်ဟာ အသင်းမှာခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးနှစ်ဦးစလုံးကို နောက်ထပ် စာချုပ်သစ်တွေနဲ့ ကမ်းလှမ်းဖို့ ကြိုးစားနေကြောင်း သိရပါတယ်။ အူဘာမီယန်ဟာ ယခုနှစ် ပရီးမီယားလိဂ်ဂိုးအများဆုံး သွင်းသူစာရင်းမှာ ပါဝင်နေပြီး၊

လာကာဇက်ကိုလည်း ဘာစီလိုနာက ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။ ဒါကြောင့် သူတို့ကို အသင်းမှာ ဆက်ထိန်းဖို့ အာဆင်နယ်က ကြံစည်နေတာပါ။ သူတို့နှစ်ဦးစလုံးကို တစ်ပတ်လုပ်က ပေါင် (၂၅၀၀၀၀)ဝန်းကျင်စီနဲ့ ကမ်းလှမ်းဖို့ ရှိနေပါတယ်။

လီဗာပူး – လီဗာပူးအသင်းဟာ ယခုနှစ်မှာ ပရီးမီယားလိဂ်ချန်ပီယံဖြစ်သည်ဖြစ်စေ၊ မဖြစ်စေ မန်စီးတီးထက် ဝင်ငွေပိုရဖွယ်ရှိကြောင်း အင်္ဂလန်အခြေစိုက် သတင်းစာတွေအရ သိရပါတယ်။ လီဗာပူးဟာ ယခုနှစ်မှာ လူထုကြား စိတ်ဝင်စားမှု ပိုများခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာကျော်အားကစားလိုင်းတွေရဲ့ တိုက်ရိုက်ထုတ်လွှင့်ပြသခံရမှုမှာ မန်စီးတီး၊ မန်ယူတို့ထက် ပိုခဲ့ကြောင်း သိရပါတယ်။ Sky Sports နဲ့ BT ရုပ်သံလိုင်းနှစ်ခုတည်းပင် လီဗာပူးအသင်းပါဝင်တဲ့ ပွဲရေ (၂၉)ပွဲအထိ ထုတ်လွှင့်ပြသခဲ့ကြောင်း သိရပါတယ်။

Yahoo

မန်ယူ – မန်ယူအသင်းဟာ အဲဗာတန်ကစားသမား Idrissa Gueye ကို ခေါ်ယူဖို့ PSG အသင်းနဲ့အပြိုင် ကြိုးစားနေကြောင်း သိရပါတယ်။ Gueye ရဲ့ ပြောင်းရွှေ့ကြေးကတော့ ပေါင်သန်း(၄၀)ဝန်းကျင်လို့ သိရပါတယ်။ သူဟာ ကွင်းလယ်ခံစစ်ပိုင်းမှာ ခြေစွမ်းပြနေသူဖြစ်ပြီး အသက်က (၂၉)နှစ်မို့ မန်ယူအနေနဲ့ နှစ်ရှည်စာချုပ်မျိုးတော့ ချုပ်ဆိုဖို့ မရှိပါဘူး။

READ
ဘောလုံးသမိုင်းမှာ အပိုင်အခွင့်အရေးကိုအဆိုးဆုံးလွဲချော်ခဲ့သူများ

 

စပါးနဲ့အဲဗာတန် – ပရီးမီယားလိဂ်ထိပ်သီးကလပ်တွေဖြစ်တဲ့ စပါးနဲ့ အဲဗာတန်တို့ဟာ ၎င်းတို့ရဲ့ကစားသမားတွေဖြစ်တဲ့ ဒန်နီရိုးစ်နဲ့၊ လူးကပ်ဒစ်ဂနီတို့ကို အလဲအလှယ်ပြုလုပ်ဖို့အတွက် ဆွေးနွေးမှုတွေ ရှိနေကြောင်း သိရပါတယ်။ ဘယ်သူက အလိုက်ပေးရမယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

(AP Photo/Alastair Grant)

ဗီအဲရာ – နိုက်စ်အသင်းရဲ့ မန်နေဂျာအဖြစ် ဆောင်ရွက်နေတဲ့ ဗီအဲရာက ချယ်လ်ဆီးအသင်းကနေ စာချုပ်သက်တမ်းကုန်ဆုံးလို့ ထွက်ခွာတော့မယ့် ပြင်သစ်တိုက်စစ်မှူး ဂီရော့ဒ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေကြောင်း သိရပါတယ်။ ဂီရော့ဒ်ကလည်း ပြင်သစ်မြေကို ပြန်လည်ချေချဖို့ ရှိနေကြောင်း သိရပါတယ်။

မန်ယူမတည်ငြိမ်မှု – ဆန်းချက်ဇ်နဲ့ ပေါ့ဂ်ဘာတို့ အားပြိုင်မှု၊ အဝတ်လဲခန်းအတွင်း ကတောက်ကဆဖြစ်မှုတွေဟာ မန်ယူအသင်း မတည်ငြိမ်မှုမှာ အဓိကအချက်တွေလို့ ဆိုပါတယ်။ ဆန်းချက်ဇ်ဟာ စာချုပ်ပါ အချက်အလက်တွေအရ တစ်ဂိုးသွင်းရင် ပေါင်(၇၅၀၀၀)နဲ့ ဖန်တီးမှုတစ်ကြိမ်အတွက် ပေါင် (၂၅၀၀၀)ရပါတယ်။

ဒီအချက်ဟာ ပေါ့ဂ်ဘာအတွက် မနှစ်မြို့စရာဖြစ်ပြီး၊ သူကတော့ တစ်ဂိုးသွင်းရင် ပေါင်(၅)သောင်းနဲ့ တစ်ဂိုးဖန်တီးတိုင်း ပေါင်(၂)သောင်းပဲ ဝင်ပါတယ်။ ဒီတော့ ပင်နယ်တီနဲ့ ပြစ်ဒဏ်ဘောတွေ ကန်တဲ့အခါ သူကန်မယ်ငါကန်မယ် ငြင်းခုန်ရာကနေ စိတ်ဝမ်းကွဲကုန်ကြတယ်လို့ အတွင်းသတင်းတွေအရ သိရပါတယ်။

အာဆင်နယ် – ဘာစီလိုနာအသင်းဟာ ဆွာရက်ဇ်နေရာမှာ အစားထိုးနိုင်ဖို့အတွက် အာဆင်နယ်မှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးလာကာဇက်ကို ခေါ်ယူလိုနေပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းက လာကာဇက်အပါအဝင် အူဘာမီယန်ကိုပါ စာချုပ်သစ်၊ လုပ်ခလစာအသစ်နဲ့ ကမ်းလှမ်းဖို့ ရှိနေပါတယ်။ ဒီကမ်းလှမ်းမှုတွေ အောင်မြင်ဖို့ကတော့ ယူရိုပါလိဂ်ဖလားရရေးက အရေးကြီးပြီး၊ ချန်ပီယံလိဂ်ဝင်ခွင့်က သူတို့ကို ဆက်ထိန်းနိုင်မယ့် မျှော်လင့်ချက် ဖြစ်ပါတယ်။

လင်းဇော်ကို (Shwemom)

READ
အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့ စိတ်ဝင်စားနေတဲ့ လိုင်ယွန်တိုက်စစ်မှူးလာကာဇက်

Source : thesun.co.uk/ mirror.co.uk/ skysports.com/ goal.com

SHARE