၆-၁၂-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

ပီပီ ။    ။ အာဆင်နယ်အသင်း တောင်ပံကစားသမား ပီပီ က အာဆင်နယ်အသင်းရဲ့ ကစားသမားအဖြစ် ခြေစွမ်းမပြနိုင်ခြင်းအပေါ် စိတ်ပျက်နေမိကြောင်း ဖွင့်ဟလိုက်ပါတယ်။ အာဆင်နယ်အသင်းဆီကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ တောင်ပံကစားသမားဟာ လေ့ကျင့်ရေးကွင်းက စွမ်းဆောင်ရည်တွေကြောင့် အရန်ခုံမှာသာ အချိန်ကုန်နေခဲ့ရပြီး လူစားဝင်ကစားခွင့်ရတဲ့အချိန်မှာလည်း ခြေစွမ်းမပြနိုင်တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရသူပါ။

 

ပေါ့ဂ်ဘာ ။       ။ မန်ယူအသင်းကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ ကိုရောင်းချပြီး ကစားသမားသစ် ခေါ်ယူဖို့အတွက် ဆိုးလ်ရှားတစ်ယောက် စဉ်းစားနေပြီလို့ Independent သတင်းစာက ဖော်ပြပါတယ်။ ပေါ့ဂ်ဘာ ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာကတည်းက မန်ယူအသင်းကနေ ထွက်ခွာဖို့ ကြိုးစားခဲ့ပေမယ့် ဆိုးလ်ရှားက အသင်းမှာ ဆက်လက်ထိန်းသိမ်းထားခဲ့ပြီး လက်ရှိအချိန်မှာတော့ ပေါ့ဂ်ဘာအပေါ် သည်းခံစိတ်ကုန်ဆုံးနေပြီဖြစ်ကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။

အာတီတာ ။     ။ အဲဗာတန်အသင်းရဲ့ နည်းပြသစ် ဖြစ်လာမယ်လို့ သတင်းတွေ ထွက်နေခဲ့ပေမယ့်လည်း မန်စီးတီးလက်ထောက်နည်းပြ အာတီတာ ကတော့ ဂွာဒီယိုလာရဲ့ လက်အောက်မှာပဲ ဆက်လက် လုပ်ကိုင်ဖို့ ဆန္ဒရှိနေသေးတယ်လို့ သိရပါတယ်။ Mirror သတင်းစာရဲ့ ဖော်ပြချက်အရ အသက် (၃၇)နှစ်အရွယ် နည်းပြ ဟာ မာကိုဆေးလ်ဗား ထွက်ခွာသွားတဲ့နေရာအတွက် လူစားဝင်ဖို့ နီးစပ်နေပြီလို့ သိရပြီး အဲဗာတန်အနေနဲ့ ဆက်သွယ်မှုတွေ ပြုလုပ်နေကြောင်း ရေးသားဖော်ပြထားခဲ့တာပါ။

အွန်နရီ ။         ။ အာဆင်နယ်အသင်းတိုက်စစ်မှူးဟောင်း အွန်နရီ က အသင်းရဲ့ ရလဒ်ပိုင်းဆိုးရွားနေမှုကြောင့် တိုက်စစ်မှူး အူဘာမီယန်း ကို လက်လွှတ်လိုက်ရမှာ စိုးရိမ်မိကြောင်း ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် ရာထူးကို ရယူထားပြီး (၈၃)ပွဲကစား၊ သွင်းဂိုး (၅၃)ဂိုးအထိ သွင်းယူထားတဲ့ တိုက်စစ်မှူးဟာ လာမယ့်အပြောင်းအရွှေ့မှာ အာဆင်နယ်ကနေ ထွက်ခွာတော့မယ်လို့ သတင်းထွက်နေပြီး အူဘာမီယန်းသာ မရှိရင် အာဆင်နယ်ရဲ့ တိုက်စစ်လည်း အခြေအနေ ဆိုးရွားသွားလိမ့်မယ်လို့ အွန်နရီ က သုံးသပ်လိုက်ပါတယ်။

ဒမ္ဘီလီ ။       ။ ဘာစီလိုနာအသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ တောင်ပံကစားသမား ဒမ်ဘီလီ ကို ခေါ်ယူနိုင်ဖို့ မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့ ကြိုးစားနေကြပြီလို့ Marca က ဖော်ပြပါတယ်။ မန်စီးတီးအသင်းဟာ ဒမ်ဘီလီ အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀)လောက် အသုံးပြုဖို့ ဆန္ဒရှိနေပြီး ချယ်လ်ဆီးအသင်းကလည်း အပြောင်းအရွှေ့ပိတ်ပင်ခံရတဲ့ ပြစ်ဒဏ်ပြည့်မြောက်သွားရင် ခေါ်ယူဖို့ စီစဉ်နေတာပါ။

READ
ကမ္ဘာ့ဖလားရဲ့မှတ်သားထားရမယ့် အချက်အလက်တွေ

Linn

Source : TheSun , Mirror , Marca

SHARE